သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွား-ယူကရိန္း စစ္ေရး ေရွ႕အလားအလာ (သံုးသပ္ခ်က္)


Russia Ukraine Map

[[ ZAWGYI ]]

႐ုရွား-ယူကရိန္း စစ္ေရး ေရွ႕အလားအလာ (သံုးသပ္ခ်က္)

ရုရွားအေနနဲ႔ ယူကရိန္းကို ဝင္တိုက္တာမွာ အစပိုင္း တြက္ခ်က္ခဲ့တာထက္ ပိုခက္ခက္ခဲခဲ တိုက္ေနရၿပီး၊ ေနာက္ပိုင္းမွာ ပိုျပင္းျပင္းထန္ထန္ တိုက္လာႏိုင္ေျခ ရွိတယ္လို႔ စစ္ေရး လံုျခံဳေရးသံုးသပ္သူေတြက ဆိုပါတယ္။

ရုရွားအတြက္ စိန္ေခၚခ်က္ကေတာ့ ေနာက္က တပ္ေတြကို ခ်ိတ္ဆက္ ပို႔လႊတ္တဲ့ ဆက္သြယ္ပို႔ေဆာင္ေရးစနစ္ ျဖစ္ၿပီး၊ ႏိုင္ငံတကာက ဘက္ေပါင္းစံု ကန္႔ကြက္ဆန္႔က်င္လာမွာကိုလည္း ေမွ်ာ္လင့္ထားခဲ့ပံု မရဘူးလို႔ သံုးသပ္သူေတြက ေထာက္ျပပါတယ္။ ေရွ႕ဆက္ျဖစ္လာႏိုင္တဲ့ အလားအလာေတြနဲ႔ ပတ္သက္လုိ႔ ႏိုင္ငံတကာလံုၿခံဳေရး စစ္ေရး ေလ့လာထားတဲ့ ျမန္မာသံုးသပ္သူေတြကို ကိုဝင္းမင္းက ေမးျမန္း တင္ျပထားပါတယ္။

MIPS ေခၚ ျငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးဆိုင္ရာ ျမန္မာအင္စတီက်ဳ အမႈေဆာင္ဒါရုိက္တာ ေဒါက္တာ မင္းေဇာ္ဦးက ရုရွားက်ဴးေက်ာ္မႈရဲ႕ ထူးျခားပုံကို ေျပာျပပါတယ္။

" အဓိကေတာ့ ရုရွားဖက္က သမရုိးက်တိုက္တဲ့ စစ္ပြဲပုံစံမ်ဳိး ေမွ်ာ္လင့္ခဲ့တာေပါ့။ အခုျဖစ္လာတာက အသြင္သ႑န္ အင္အား မတူတဲ့ စစ္ပြဲပုံစံမ်ဳိး ပိုျဖစ္လာတယ္။ ရုရွားက ကနဦးမွာ ေမွ်ာ္လင့္ထားတာက သူတို႔က အင္နဲ႔အားနဲ႔တိုက္လိုက္ရင္ ယူကရိန္းဖက္က ေဆြးေႏြးပဲြစကားဝုိင္းကို အျမန္ေရာက္လာၿပီးေတာ့ ၊ ရုရွားလိုခ်င္တဲ့ အာမခံခ်က္ေတြ ေပးမွာပဲလို႔ သုံးသပ္ထားပုံရတယ္။ ဒါေၾကာင့္မို႔ ရုရွားကလည္း ယူကရိန္းစစ္ဖက္ဆိုင္ရာကုိပဲ အဓိကပစ္မွတ္ထားၿပီး၊ အျခား အေျခခံ အေဆာက္ဦပိုင္းကို မထိရေအာင္ သတိထားတိုက္ခဲ့တယ္။ တဖက္က အေလ်ာ့မေပးပဲ ခုခံတာမ်ဳိး ျဖစ္လာေတာ့ ရုရွားက သူ႔ရဲ႕ဒုုတိယဗ်ဴဟာအေနနဲ႔ အင္အားသုံး ပစ္အားသုံးၿပီး ေခ်မႈန္းမယ္ဆိုတဲ့ အဆင့္ကို စဥ္းစားလာပုံရတယ္။ "

ဒါ့အျပင္ ေသနဂၤမဟာဗ်ဴဟာ ေလ့လာေရးအဖြဲ႔ အမႈေဆာင္ဒါရုိက္တာ ေဒါက္တာ ႏိုင္ေဆြဦးကလည္း ရုရွားဗ်ဴဟာကို ခုလိုသုံးသပ္ပါတယ္။
" ပထမ ထိုးစစ္ဆင္တဲ့ အေနနဲ႔ ယူကရိန္း-ရုရွားနယ္စပ္မွာ စုရုံးေနတဲ့တပ္ေတြ၊ ခရိုင္းမီးယားမွာရွိတဲ့ တပ္ေတြ၊ ဘဲလ္လာရုစ္ဖက္မွာ ဝိုင္းပတ္ထားတဲ့ တပ္ေတြက ယူကရိန္းရဲ႕ အဓိကၿမဳိ႕ႀကီးေတြကို စတင္တိုက္ခိုက္လာခဲ့တယ္။ ပထမဆုံးေန႔မွာပဲ ယူကရိန္းရဲ႕ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ကို ရုရွားက ဖ်က္ဆီးႏိုင္ခဲ့တယ္။ ယူကရိန္းက ေလေၾကာင္းကေန မတိုက္ႏိုင္ေတာ့ပဲ ရုရွားကေန ေရွ႕ကိုတိုးလာတဲ့ အေနအထားကို ျမင္ရတယ္။ ရုရွားက ပထမဝင္လာတဲ့ တပ္ေတြဟာ သိပ္အႀကီးႀကီး ဝင္လာတာ မဟုတ္ေပမယ့္ ေနာက္ပိုင္း ျပင္းထန္တဲ့ခုခံမႈ ႀကဳံလာခ်ိန္မွာ တပ္ေတြ ထပ္ျဖည့္ၿပီး ေရွ႕ကတပ္ေတြနဲ႔ ခ်ိတ္ဆက္ႏိုင္ဖို႔ လုပ္လာတယ္။ သူတို႔က ၿမဳိ႕ေတာ္ ကိယက္ဗ္ကို အလ်င္စလို သိမ္းဖို႔ေတာ့ လုပ္မေနဘူး။ အျခားအဓိကက်တဲ့ ၿမဳိ႕ႀကီးေတြကိုေတာ့ တုိက္ခုိက္တယ္။ ေလေၾကာင္းစုိးမုိးမႈ ရယူတယ္။ ဆက္သြယ္ေရးလမ္းေၾကာင္းေတြ ျဖတ္ေတာက္တယ္။ "

ခုလို ယူကရိန္းကို ဝင္တုိက္တာ တပတ္ေက်ာ္လာခ်ိန္ ဆက္ျဖစ္လာႏိုင္တဲ့ ရုရွားနဲ႔ ယူကရိန္းတို႔ရဲ႕ ဗ်ဴဟာေတြ ေပၚမွာလည္း ေဒါက္တာမင္းေဇာ္ဦးက -
"စစခ်င္းမွာ ရုရွားက ယူကရိန္းေလေၾကာင္းရန္ ကာကြယ္ေရးကို ဖ်က္လိုက္ေပမဲ့ သူက ဂ်က္ေလယာဥ္ေတြ ဗုံးႀကဲေလယာဥ္ေတြနဲ႔ ေလေၾကာင္းက အျပင္းထန္ တိုက္တာမ်ဳိး မလုပ္ေသးဘူး။ ေျမျပင္တပ္ေတြကို ပိုခ်ဲ႕ စုလာၿပီး ၊ ခုခံမႈႀကီးတဲ့ ေနရာေတြကို အင္အားသုံးတိုက္မယ့္ သေဘာမွာရွိတယ္။ တဖက္မွာ စစ္တိုက္ရင္းနဲ႔ ေဆြးေႏြးဝုိင္း တက္လာေအာင္ လုပ္မယ့္ ဗ်ဴဟာမ်ဳိး ရုရွားဖက္က ပိုသုံးပုံရတယ္။ ယူကရိန္းကက်ေတာ့ ဒီစစ္ပြဲကို ဆဲြဆန္႔ႏိုင္သေလာက္ ဆဲြဆန္႔ၿပီး ၾကာေလ ရုရွားဖက္က ပိုနာေလျဖစ္ေအာင္ လုပ္ခ်င္တယ္။ ရုရွားလိုခ်င္တာကို ျမန္ျမန္ မေပးပဲ ဆြဲဆန္႔ထားျခင္းအားျဖင့္ အေပးယူလုပ္တဲ့အခါ ပိုသာႏိုင္တယ္ဆိုတဲ့ သေဘာမ်ဳိး ယူကရိန္းက စဥ္းစားပုံရတယ္။"

ရုရွားဖက္မွာ စိန္ေခၚမႈ ရွိေနပုံကိုလည္း ျမန္မာစစ္တပ္ အရာရွိေဟာင္းလည္းျဖစ္ ၊ ရုရွားမွာ ဘဲြ႔လြန္ ပညာသင္ခဲ့တဲ့ ေဒါက္တာ ႏိုင္ေဆြဦးက -
" အဲဒီမွာ ရုရွားစစ္သည္ေတြလည္း အမ်ားႀကီး က်ဆုံးတယ္။ ရုရွားတပ္ေတြမွာ ေထာက္ပို႔အပိုင္း တပ္ခ်င္း ခ်ိတ္ဆက္ဖို႔ လုပ္ေဆာင္ရတဲ့ အခက္အခဲေတြေတာ့ ရွိေနႏိုင္ပါတယ္။ "

ဒီလို တပ္ေတြ ေထာက္ပုိ႔စနစ္ အားနည္းတဲ့အေပၚ ႏိုင္ငံတကာလုံၿခဳံေရး ေလ့လာထားတဲ့ ေဒါက္တာ မင္းေဇာ္ဦးကလည္း သေဘာတူပါတယ္။
"သူတို႔မွာ Logistic (ေထာက္ပုိ႔) ျပႆနာေတြ ရွိႏုိင္တယ္။ အေမရိကန္တပ္ေတြဆိုရင္ ဒီ Logistic ကို အဖန္တလဲလဲ ေလ့က်င့္ထားေတာ့ ပိုေကာင္းတယ္။ အခုဆိုရင္ ရုရွားက သူတို႔ရဲ႕ အရံတပ္ေတြ ဆဲြထုတ္ၿပီး ထုနဲ႔ထည္နဲ႔ တိုက္တဲ့ပုံကိုၾကည့္မယ္ဆိုရင္ သူ႔ဗ်ဴဟာနဲ႔သူ ေရႊ႕ေနတယ္လို႔ ေျပာလို႔ရတယ္။ ဒါေပမဲ့ ႏိုင္ငံတကာ တုန္႔ျပန္မႈက ႏုိင္ငံေရးတင္မကပဲ ယူကရိန္းကို စစ္ေရးအရပါ အကူအညီေပးမယ္ထိ ျဖစ္လာတယ္ေပ့ါ။ ဒါမ်ဳိးကုိ ရုရွားက စဥ္းစားခဲ့ဟန္မတူဘူး။"

အဲဒီေတာ့ ေရွ႕ဆက္အလားအလာကို ေဒါက္တာႏိုင္ေဆြဦးက -
" အလားအလာက ၂ ခ်က္ေပါ့။ တခုက Donetsk နဲ႔ Luhansk ေဒသေတြက ရုရွားနဲ႔ အၿပီး ပူးေပါင္းသြားမယ့္ အေနအထားမ်ဳိးရွိတယ္။ ေနာက္ၿပီး ရုရွားက ယူကရိန္းႏိုင္ငံရဲ႕ Dnipro ျမစ္ရဲ႕ အေရွ႕ဖက္ကမ္းေပါ့ အဲဒီနယ္ေျမေတြ အကုန္လုံးက ရုရွားေအာက္ ေရာက္သြားႏိုင္တဲ့ အေနအထားမ်ဳိးရွိတယ္။ ကိယက္ဗ္ၿမဳိ႕ကိုေတာ့ သိမ္းတဲ့အထိ လုပ္လိမ့္မယ္ ဒါေပမဲ့ သိမ္းၿပီးေတာ့မွ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ လုပ္ၿပီးေတာ့မွ လက္နက္ခ်အညံ့ခံခိုင္းတာမ်ဳိး လုပ္လိမ့္မယ္။ တႏိုင္ငံလုံးကို သိမ္းမယ္လို႔ေတာ့ က်ေနာ့္အေနနဲ႔ မေတြ႔ရဘူး။ ဒါေပမဲ့ ရုရွားလိုလားတဲ့ အစိုးရတရပ္ကို တင္ေကာင္းတင္ႏိုင္တယ္။ "

တကယ္ေတာ့ ရုရွားအေနနဲ႔ ယူကရိန္းကို သိမ္းႏိုင္ခဲ့ရင္ေတာင္ ဆက္လက္ထိမ္းထားႏိုင္ဖို႔မွာေတာ့ ျပည္သူေတြနဲ႔ ႏိုင္ငံတကာ ဆန္႔က်င္မႈေတြကို ပိုရင္ဆိုင္ရဖြယ္ရွိၿပီး ၊ တရုတ္နဲ႔ ေျပလည္မႈကလည္း အကန္႔သတ္ရွိႏိုင္ကာ ၊ ျမန္မာအတြက္လည္း အာဏာသိမ္းႏိုင္ေပမဲ့ ထိန္းရခက္တဲ့သင္ခန္းစာ ယူႏုိင္စရာပါလို႔ သုံးသပ္မႈေတြလည္း ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=======================

{{ UNICODE }}

ရုရှား-ယူကရိန်း စစ်ရေး ရှေ့အလားအလာ (သုံးသပ်ချက်)

ရုရှားအနေနဲ့ ယူကရိန်းကို ဝင်တိုက်တာမှာ အစပိုင်း တွက်ချက်ခဲ့တာထက် ပိုခက်ခက်ခဲခဲ တိုက်နေရပြီး၊ နောက်ပိုင်းမှာ ပိုပြင်းပြင်းထန်ထန် တိုက်လာနိုင်ခြေ ရှိတယ်လို့ စစ်ရေး လုံခြုံရေးသုံးသပ်သူတွေက ဆိုပါတယ်။

ရုရှားအတွက် စိန်ခေါ်ချက်ကတော့ နောက်က တပ်တွေကို ချိတ်ဆက် ပို့လွှတ်တဲ့ ဆက်သွယ်ပို့ဆောင်ရေးစနစ် ဖြစ်ပြီး၊ နိုင်ငံတကာက ဘက်ပေါင်းစုံ ကန့်ကွက်ဆန့်ကျင်လာမှာကိုလည်း မျှော်လင့်ထားခဲ့ပုံ မရဘူးလို့ သုံးသပ်သူတွေက ထောက်ပြပါတယ်။ ရှေ့ဆက်ဖြစ်လာနိုင်တဲ့ အလားအလာတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာလုံခြုံရေး စစ်ရေး လေ့လာထားတဲ့ မြန်မာသုံးသပ်သူတွေကို ကိုဝင်းမင်းက မေးမြန်း တင်ပြထားပါတယ်။

MIPS ခေါ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ရုရှားကျူးကျော်မှုရဲ့ ထူးခြားပုံကို ပြောပြပါတယ်။

" အဓိကတော့ ရုရှားဖက်က သမရိုးကျတိုက်တဲ့ စစ်ပွဲပုံစံမျိုး မျှော်လင့်ခဲ့တာပေါ့။ အခုဖြစ်လာတာက အသွင်သဏ္ဍန် အင်အား မတူတဲ့ စစ်ပွဲပုံစံမျိုး ပိုဖြစ်လာတယ်။ ရုရှားက ကနဦးမှာ မျှော်လင့်ထားတာက သူတို့က အင်နဲ့အားနဲ့တိုက်လိုက်ရင် ယူကရိန်းဖက်က ဆွေးနွေးပွဲစကားဝိုင်းကို အမြန်ရောက်လာပြီးတော့ ၊ ရုရှားလိုချင်တဲ့ အာမခံချက်တွေ ပေးမှာပဲလို့ သုံးသပ်ထားပုံရတယ်။ ဒါကြောင့်မို့ ရုရှားကလည်း ယူကရိန်းစစ်ဖက်ဆိုင်ရာကိုပဲ အဓိကပစ်မှတ်ထားပြီး၊ အခြား အခြေခံ အဆောက်ဦပိုင်းကို မထိရအောင် သတိထားတိုက်ခဲ့တယ်။ တဖက်က အလျော့မပေးပဲ ခုခံတာမျိုး ဖြစ်လာတော့ ရုရှားက သူ့ရဲ့ဒုတိယဗျူဟာအနေနဲ့ အင်အားသုံး ပစ်အားသုံးပြီး ချေမှုန်းမယ်ဆိုတဲ့ အဆင့်ကို စဉ်းစားလာပုံရတယ်။ "

ဒါ့အပြင် သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ နိုင်ဆွေဦးကလည်း ရုရှားဗျူဟာကို ခုလိုသုံးသပ်ပါတယ်။
" ပထမ ထိုးစစ်ဆင်တဲ့ အနေနဲ့ ယူကရိန်း-ရုရှားနယ်စပ်မှာ စုရုံးနေတဲ့တပ်တွေ၊ ခရိုင်းမီးယားမှာရှိတဲ့ တပ်တွေ၊ ဘဲလ်လာရုစ်ဖက်မှာ ဝိုင်းပတ်ထားတဲ့ တပ်တွေက ယူကရိန်းရဲ့ အဓိကမြို့ကြီးတွေကို စတင်တိုက်ခိုက်လာခဲ့တယ်။ ပထမဆုံးနေ့မှာပဲ ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ရုရှားက ဖျက်ဆီးနိုင်ခဲ့တယ်။ ယူကရိန်းက လေကြောင်းကနေ မတိုက်နိုင်တော့ပဲ ရုရှားကနေ ရှေ့ကိုတိုးလာတဲ့ အနေအထားကို မြင်ရတယ်။ ရုရှားက ပထမဝင်လာတဲ့ တပ်တွေဟာ သိပ်အကြီးကြီး ဝင်လာတာ မဟုတ်ပေမယ့် နောက်ပိုင်း ပြင်းထန်တဲ့ခုခံမှု ကြုံလာချိန်မှာ တပ်တွေ ထပ်ဖြည့်ပြီး ရှေ့ကတပ်တွေနဲ့ ချိတ်ဆက်နိုင်ဖို့ လုပ်လာတယ်။ သူတို့က မြို့တော် ကိယက်ဗ်ကို အလျင်စလို သိမ်းဖို့တော့ လုပ်မနေဘူး။ အခြားအဓိကကျတဲ့ မြို့ကြီးတွေကိုတော့ တိုက်ခိုက်တယ်။ လေကြောင်းစိုးမိုးမှု ရယူတယ်။ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်တယ်။ "

ခုလို ယူကရိန်းကို ဝင်တိုက်တာ တပတ်ကျော်လာချိန် ဆက်ဖြစ်လာနိုင်တဲ့ ရုရှားနဲ့ ယူကရိန်းတို့ရဲ့ ဗျူဟာတွေ ပေါ်မှာလည်း ဒေါက်တာမင်းဇော်ဦးက -
"စစချင်းမှာ ရုရှားက ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးကို ဖျက်လိုက်ပေမဲ့ သူက ဂျက်လေယာဉ်တွေ ဗုံးကြဲလေယာဉ်တွေနဲ့ လေကြောင်းက အပြင်းထန် တိုက်တာမျိုး မလုပ်သေးဘူး။ မြေပြင်တပ်တွေကို ပိုချဲ့ စုလာပြီး ၊ ခုခံမှုကြီးတဲ့ နေရာတွေကို အင်အားသုံးတိုက်မယ့် သဘောမှာရှိတယ်။ တဖက်မှာ စစ်တိုက်ရင်းနဲ့ ဆွေးနွေးဝိုင်း တက်လာအောင် လုပ်မယ့် ဗျူဟာမျိုး ရုရှားဖက်က ပိုသုံးပုံရတယ်။ ယူကရိန်းကကျတော့ ဒီစစ်ပွဲကို ဆွဲဆန့်နိုင်သလောက် ဆွဲဆန့်ပြီး ကြာလေ ရုရှားဖက်က ပိုနာလေဖြစ်အောင် လုပ်ချင်တယ်။ ရုရှားလိုချင်တာကို မြန်မြန် မပေးပဲ ဆွဲဆန့်ထားခြင်းအားဖြင့် အပေးယူလုပ်တဲ့အခါ ပိုသာနိုင်တယ်ဆိုတဲ့ သဘောမျိုး ယူကရိန်းက စဉ်းစားပုံရတယ်။"

ရုရှားဖက်မှာ စိန်ခေါ်မှု ရှိနေပုံကိုလည်း မြန်မာစစ်တပ် အရာရှိဟောင်းလည်းဖြစ် ၊ ရုရှားမှာ ဘွဲ့လွန် ပညာသင်ခဲ့တဲ့ ဒေါက်တာ နိုင်ဆွေဦးက -
" အဲဒီမှာ ရုရှားစစ်သည်တွေလည်း အများကြီး ကျဆုံးတယ်။ ရုရှားတပ်တွေမှာ ထောက်ပို့အပိုင်း တပ်ချင်း ချိတ်ဆက်ဖို့ လုပ်ဆောင်ရတဲ့ အခက်အခဲတွေတော့ ရှိနေနိုင်ပါတယ်။ "

ဒီလို တပ်တွေ ထောက်ပို့စနစ် အားနည်းတဲ့အပေါ် နိုင်ငံတကာလုံခြုံရေး လေ့လာထားတဲ့ ဒေါက်တာ မင်းဇော်ဦးကလည်း သဘောတူပါတယ်။
"သူတို့မှာ Logistic (ထောက်ပို့) ပြဿနာတွေ ရှိနိုင်တယ်။ အမေရိကန်တပ်တွေဆိုရင် ဒီ Logistic ကို အဖန်တလဲလဲ လေ့ကျင့်ထားတော့ ပိုကောင်းတယ်။ အခုဆိုရင် ရုရှားက သူတို့ရဲ့ အရံတပ်တွေ ဆွဲထုတ်ပြီး ထုနဲ့ထည်နဲ့ တိုက်တဲ့ပုံကိုကြည့်မယ်ဆိုရင် သူ့ဗျူဟာနဲ့သူ ရွှေ့နေတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ နိုင်ငံတကာ တုန့်ပြန်မှုက နိုင်ငံရေးတင်မကပဲ ယူကရိန်းကို စစ်ရေးအရပါ အကူအညီပေးမယ်ထိ ဖြစ်လာတယ်ပေ့ါ။ ဒါမျိုးကို ရုရှားက စဉ်းစားခဲ့ဟန်မတူဘူး။"

အဲဒီတော့ ရှေ့ဆက်အလားအလာကို ဒေါက်တာနိုင်ဆွေဦးက -
" အလားအလာက ၂ ချက်ပေါ့။ တခုက Donetsk နဲ့ Luhansk ဒေသတွေက ရုရှားနဲ့ အပြီး ပူးပေါင်းသွားမယ့် အနေအထားမျိုးရှိတယ်။ နောက်ပြီး ရုရှားက ယူကရိန်းနိုင်ငံရဲ့ Dnipro မြစ်ရဲ့ အရှေ့ဖက်ကမ်းပေါ့ အဲဒီနယ်မြေတွေ အကုန်လုံးက ရုရှားအောက် ရောက်သွားနိုင်တဲ့ အနေအထားမျိုးရှိတယ်။ ကိယက်ဗ်မြို့ကိုတော့ သိမ်းတဲ့အထိ လုပ်လိမ့်မယ် ဒါပေမဲ့ သိမ်းပြီးတော့မှ ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ပြီးတော့မှ လက်နက်ချအညံ့ခံခိုင်းတာမျိုး လုပ်လိမ့်မယ်။ တနိုင်ငံလုံးကို သိမ်းမယ်လို့တော့ ကျနော့်အနေနဲ့ မတွေ့ရဘူး။ ဒါပေမဲ့ ရုရှားလိုလားတဲ့ အစိုးရတရပ်ကို တင်ကောင်းတင်နိုင်တယ်။ "

တကယ်တော့ ရုရှားအနေနဲ့ ယူကရိန်းကို သိမ်းနိုင်ခဲ့ရင်တောင် ဆက်လက်ထိမ်းထားနိုင်ဖို့မှာတော့ ပြည်သူတွေနဲ့ နိုင်ငံတကာ ဆန့်ကျင်မှုတွေကို ပိုရင်ဆိုင်ရဖွယ်ရှိပြီး ၊ တရုတ်နဲ့ ပြေလည်မှုကလည်း အကန့်သတ်ရှိနိုင်ကာ ၊ မြန်မာအတွက်လည်း အာဏာသိမ်းနိုင်ပေမဲ့ ထိန်းရခက်တဲ့သင်ခန်းစာ ယူနိုင်စရာပါလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG