သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေကာင္စီ လုပ္ရပ္ ရႈတ္ခ်တဲ့အဆို ဥေရာပပါလီမန္ တခဲနက္အတည္ျပဳ


UKRAINE-CRISIS/EU-GOLDEN PASSPORTS

[[ ZAWGYI / UNICODE ]

ျမန္မာစစ္ေကာင္စီ လုပ္ရပ္ ရႈတ္ခ်တဲ႔အဆို ဥေရာပပါလီမန္ တခဲနက္အတည္ျပဳ

ဥေရာပပါလီမန္ EP လႊတ္ေတာ္အမတ္ေတြက မတ္လ ၁၀ ရက္ေန႔မွာ ျမန္မာႏိုင္ငံဆိုင္ရာ ဆံုးျဖတ္ခ်က္မူၾကမ္းကို ေထာက္ခံမဲ ၆၄၆ မဲ၊ ကန္႔ကြက္မဲ ၁ မဲ၊ ၾကားေန မဲ ၂၀ နဲ႔ အတည္ျပဳလိုက္ပါတယ္။

မႏွစ္က ေဖေဖၚဝါရီ ၁ ရက္မွာ အာဏာသိမ္းခဲ့တဲ့ စစ္တပ္ကို ဥေရာပ လႊတ္ေတာ္အမတ္ေတြက ျပင္းျပင္းထန္ ထန္ ရႈတ္ခ်လိုက္ၿပီး ၂၀၂၀ ေရြးေကာက္ပြဲရလဒ္ကို ေလးစားဖုိ႔၊ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ႏိုင္ငံေရးအက်ဥ္းသားအားလံုးကို လႊတ္ေပးၿပီး အရပ္သားအစိုးရကို အာဏာျပန္ေပးဖို႔ အျပင္ အားလံုးပါဝင္တဲ့ ေဆြးေႏြးပြဲေတြ လုပ္ဖို႔ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္တဲ့အာဏာသိမ္းစစ္ေကာင္စီကို ေတာင္းဆိုလိုက္ပါတယ္။

ဒါ့အျပင္ ျမန္မာႏုိင္ငံမွာ စစ္တပ္က လူအစုလိုက္အၿပံဳလိုက္ သတ္ျဖတ္တာနဲ႔ က်ယ္ျပန္႔တဲ့ လူ႔အခြင့္ေရးခ်ိဳးေဖါက္မႈေတြ အပါအဝင္ ကုိယ့္ျပည္သူအေပၚ ရက္ရက္စက္စက္ႏွိပ္ကြပ္မႈေတြ က်ဴးလြန္ေနတာေၾကာင့္ ဲ့ အီးယူ ဥေရာပသမဂၢက ျပင္ျပင္းထန္ထန္ အေရးယူဒဏ္ခတ္တာကို ႀကိဳဆိုေၾကာင္းလည္း ေဖၚျပထားပါတယ္။

အရပ္သားေတြကို ႏွိမ္နင္းရာမွာ ျမန္္မာစစ္တပ္က ခုလပိုင္းေတြ အတြင္း အင္အားအလြန္အကၽြံသံုး ႏွိမ္နင္းသလို ဆိုးဝါးတဲ့ လူ႔အခြင့္ေရးခ်ိဳးေဖါက္မႈေတြ က်ဴးလြန္ေနတာေၾကာင့္ ယူကရိန္းအေရး ႏိုင္ငံတကာက အာရံုစိုက္ေနခ်ိန္္မွာ ျမန္မာကို ေမ့မထားၾကဖုိ႔ ဥေရာပေကာ္မရွင္ အႀကီးအကဲ Joseph Borrell ရဲ့ မွာၾကားခ်က္ကို ဥေရာပပါလီမန္ မွာ EP ရဲ့ စံတန္ဖို႔နဲ႔ ပြင့္လင္းျမင္သာမႈဆိုင္ရာ ဒုတိယအႀကီးအကဲ Věra Jourová က ေျပာၾကားခဲ့ပါတယ္။

အီးယူက ျမန္မာစစ္တပ္ကို ေဖေဖၚဝါရီ ၂၁ ရက္မွာ စတုတၳ အႀကိမ္ေျမာက္ အေရးယူ ဒဏ္ခတ္မႈေတြခ်မွတ္ခဲ့တာ ေၾကာင့္ အခုဆို ျမန္မာစစ္ေကာင္စီနဲ႔ ပတ္သက္ဆက္ႏြယ္ေနသူ ၆၅ ဦးနဲ႔ ကုမၸဏီ ၁၀ ခုတို႕ကို အေရးယူထားၿပီးျဖစ္ေၾကာင္းနဲ႔ ဒီလိုအေရးယူမႈေတြဟာ ျမန္မာျပည္သူေတြကို မထိခိုက္ေအာင္ သတိထားလုပ္ေဆာင္တာ ျဖစ္သလို အခုခ်ိန္အထိဆို ျမန္မာအတြက္ ရံပံုေငြ ယူရို ၆၅ သန္း ခ်ထားေပးၿပီးျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

အီးယူအေနနဲ႔ ျမန္မာ့အေရး ကုလသမဂၢနဲ႔ ASEAN တို႔ရဲ့ႀကိဳးပမ္းမႈကို ေထာက္ခံေၾကာင္းနဲ႔ အာဆီယံဆိုင္ရာ အီးယူသံအမတ္ႀကီး Igor Driesmans ကို အီးယူရဲ့ ျမန္မာႏုိင္ငံဆိုင္ရာအထူးကိုယ္စားလွယ္သစ္ အျဖစ္လည္း တာဝန္ယူဖုိ႔ ခန္႔အပ္ေၾကာင္း ေျပာပါတယ္။

ျမန္မာႏိုင္ငံအတြက္ တရားမ ွ်တမႈနဲ႔ တာဝန္ခံမႈရွိေစဖို႔ရည္ရြယ္ၿပီး ကုလသမဂၢရဲ့ ျမန္မာဆို္င္ရာ လြတ္လပ္တဲ့စံုစမ္းစစ္ေဆးေရးယႏၱရား IIMM ကိုပံ့ပိုးဖို႔ ယူရို ၁ သန္း တိုးျမွင့္ခ်ထားေပးမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ ဒါ့အျပင္ ျမန္မာ့အေရးကို ႏိုင္ငံတကာမွာ အထူးအာရံုစိုက္ရမယ့္ ကိစၥရပ္အျဖစ္ ဆက္လက္တည္ရွိေနေရး အတြက္ ကုလသမဂၢလူ႔အခြင့္ေရးေကာင္စီ ဆံုးျဖတ္ခ်က္မူၾကမ္းကိုု အီးယူက တင္သြင္းဖုိ႔ ရွိေၾကာင္းလည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

= = = = = = = = = =

{{ UNICODE }}

မြန်မာစစ်ကောင်စီ လုပ်ရပ် ရှုတ်ချတဲ့အဆို ဥရောပပါလီမန် တခဲနက်အတည်ပြု

ဥရောပပါလီမန် EP လွှတ်တော်အမတ်တွေက မတ်လ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံမဲ ၆၄၆ မဲ၊ ကန့်ကွက်မဲ ၁ မဲ၊ ကြားနေ မဲ ၂၀ နဲ့ အတည်ပြုလိုက်ပါတယ်။

မနှစ်က ဖေဖေါ်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကို ဥရောပ လွှတ်တော်အမတ်တွေက ပြင်းပြင်းထန် ထန် ရှုတ်ချလိုက်ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး အရပ်သားအစိုးရကို အာဏာပြန်ပေးဖို့ အပြင် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်တပ်က လူအစုလိုက်အပြုံလိုက် သတ်ဖြတ်တာနဲ့ ကျယ်ပြန့်တဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ အပါအဝင် ကိုယ့်ပြည်သူအပေါ် ရက်ရက်စက်စက်နှိပ်ကွပ်မှုတွေ ကျူးလွန်နေတာကြောင့် ဲ့ အီးယူ ဥရောပသမဂ္ဂက ပြင်ပြင်းထန်ထန် အရေးယူဒဏ်ခတ်တာကို ကြိုဆိုကြောင်းလည်း ဖေါ်ပြထားပါတယ်။

အရပ်သားတွေကို နှိမ်နင်းရာမှာ မြန်မာစစ်တပ်က ခုလပိုင်းတွေ အတွင်း အင်အားအလွန်အကျွံသုံး နှိမ်နင်းသလို ဆိုးဝါးတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ကျူးလွန်နေတာကြောင့် ယူကရိန်းအရေး နိုင်ငံတကာက အာရုံစိုက်နေချိန်မှာ မြန်မာကို မေ့မထားကြဖို့ ဥရောပကော်မရှင် အကြီးအကဲ Joseph Borrell ရဲ့ မှာကြားချက်ကို ဥရောပပါလီမန် မှာ EP ရဲ့ စံတန်ဖို့နဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ ဒုတိယအကြီးအကဲ Věra Jourová က ပြောကြားခဲ့ပါတယ်။

အီးယူက မြန်မာစစ်တပ်ကို ဖေဖေါ်ဝါရီ ၂၁ ရက်မှာ စတုတ္ထ အကြိမ်မြောက် အရေးယူ ဒဏ်ခတ်မှုတွေချမှတ်ခဲ့တာ ကြောင့် အခုဆို မြန်မာစစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေသူ ၆၅ ဦးနဲ့ ကုမ္ပဏီ ၁၀ ခုတို့ကို အရေးယူထားပြီးဖြစ်ကြောင်းနဲ့ ဒီလိုအရေးယူမှုတွေဟာ မြန်မာပြည်သူတွေကို မထိခိုက်အောင် သတိထားလုပ်ဆောင်တာ ဖြစ်သလို အခုချိန်အထိဆို မြန်မာအတွက် ရံပုံငွေ ယူရို ၆၅ သန်း ချထားပေးပြီးဖြစ်ကြောင်းလည်း ပြောပါတယ်။

အီးယူအနေနဲ့ မြန်မာ့အရေး ကုလသမဂ္ဂနဲ့ ASEAN တို့ရဲ့ကြိုးပမ်းမှုကို ထောက်ခံကြောင်းနဲ့ အာဆီယံဆိုင်ရာ အီးယူသံအမတ်ကြီး Igor Driesmans ကို အီးယူရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သစ် အဖြစ်လည်း တာဝန်ယူဖို့ ခန့်အပ်ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံအတွက် တရားမ ျှတမှုနဲ့ တာဝန်ခံမှုရှိစေဖို့ရည်ရွယ်ပြီး ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးယန္တရား IIMM ကိုပံ့ပိုးဖို့ ယူရို ၁ သန်း တိုးမြှင့်ချထားပေးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာ့အရေးကို နိုင်ငံတကာမှာ အထူးအာရုံစိုက်ရမယ့် ကိစ္စရပ်အဖြစ် ဆက်လက်တည်ရှိနေရေး အတွက် ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို အီးယူက တင်သွင်းဖို့ ရှိကြောင်းလည်း ပြောပါတယ်။

XS
SM
MD
LG