ရွားပါးတိရိစၦာန္ အြန္လိုင္းကေရာင္းခ်မႈ စစ္အာဏာသိမ္းၿပီး ပိုမိုဆိုးရြား
{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ ကြန္ျပဴတာအြန္လိုင္းကေန သဘာဝေတာရိုင္း အပင္၊ သတၱဝါေတြ တရားမဝင္ေရာင္းဝယ္မႈ တိုးလာေနၿပီး ဒါဟာ လူထုက်န္းမာေရး အတြက္ေရာ မ်ိဳးတုန္းမဲ့အႏၱရာယ္ ရင္ဆိုင္ေနရတဲ့ မ်ိဳးစိတ္ေတြ အတြက္ပါ ၿခိမ္းေျခာက္မႈႀကံဳေနရတာ ျဖစ္ေၾကာင္း WWF ကမာၻ႔ေတာရိုင္းတိရိစာၦန္ ထိန္းသိမ္းေစာင့္ေရွာက္ေရးရံပံုေငြအဖြဲ႔က မတ္လ ၃၁ ရက္ေန႔မွာ အစီရင္ခံစာ ထုတ္ျပန္ေျပာဆိုပါတယ္။
ျမန္မာႏုိ္င္ငံမွာ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ေနာက္ပိုင္း ရွားပါးေတာရိုင္း တိရိစာၦန္ေတြ အပင္ေတြ ေရာင္းခ် ဝယ္ယူမႈဆိုင္ရာ တားဆီးမႈေတြကို ေသေသခ်ာခ်ာ မလုပ္ႏုိင္တဲ့အတြက္ တိရိစာၦန္အရွင္ေရာင္းဝယ္မႈဟာ တႏွစ္အတြင္း အႀကိမ္ေရ တေသာင္းေက်ာ္ရွိခဲ့ၿပီး ဒါဟာ မႏွစ္ကထက္ ၇၄ % တိုးလာတာျဖစ္ေၾကာင္း အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။ အေရာင္းအဝယ္ လုပ္ခဲ့တဲ့ မ်ိဳးစိတ္ေပါင္း ၁၇၃ မ်ိဳးေတြ႔ရၿပီး ဒီအထဲမွာ မ်ိဳးတုန္းကြယ္ေပ်ာက္မယ့္အႏၱရာယ္ ရင္ဆိုင္ေနတဲ့မ်ိဳးစိတ္က ၅၄ ခု ပါဝင္တယ္လုိ႔ ဆိုပါတယ္။
ဒီေရာင္းဝယ္မႈေတြလုပ္ေနတဲ့ ကုန္သည္ေတြရဲ့ ေဖ့ဘုတ္အေကာင့္က ၆၃၉ ခုရွိေနေၾကာင္းနဲ႔ အြန္လိုင္းအေရာင္းအဝယ္လုပ္ေနတဲ့ အႀကီးဆံုး အဖြဲ႔မွာဆို အဖြဲ႔ဝင္ ၁၉၀၀၀ ေက်ာ္ ရွိေနၿပီး သီတင္းတပတ္မွာ ပို႔စ္ေပါင္း ဒါဇင္နဲ႔ခ်ီတင္ေနတာလုိ႔ေျပာပါတယ္။
အေရာင္းအဝယ္လုပ္တဲ့ အေကာင္ေတြထဲမွာ ဆင္၊ ဝက္ဝံ၊ ေမ်ာက္လႊဲေက်ာ္၊ တိဘက္ေတာဆိတ္၊ မ်ိဳးတုန္းေတာ့မယ့္ သင္းေခြခ်ပ္ေတြနဲ႔ အာရွကမာၻလိပ္ေတြ ပါဝင္ေနသလို အမ်ားဆံုးအေရာင္းဝယ္လုပ္တဲ့ ေမ်ာက္မ်ိဳးစိတ္အမ်ားအျပားကိုေတာ့ အိမ္ေမြးတိရိစာၦန္ အေနနဲ႔ဝယ္ယူ ေနၾကတာ ျဖစ္ပါတယ္။
ဒီေတာရိုင္းတိရိစာၦန္ အမ်ားစုကို ေတာေတာင္ေတြထဲက ဖမ္းဆီးခဲ့တာျဖစ္ၿပီး ဒီအထဲမွာ ေၾကာင္ကတိုးတို႔၊ သင္းေခြခ်ပ္တို႔လို ေတာေကာင္ေတြမွာ SARS နဲ႔ COVID-19 ေရာဂါျဖစ္ပြါး ျပန္႔ႏွံ႔ေစႏိုင္တဲ့ အႏၱရာယ္ ရွိေနတာ ျဖစ္ပါတယ္။ ဒီလုိ အႏၱရာယ္ႀကီးတဲ့ ေတာေကာင္ေတြကို တျခားေရာင္းဝယ္မယ့္ ေတာတိရိစာၦန္ေတြနဲ႔ အတူထားတာ ေတြ႔ရတဲ့ အတြက္အထူး စိုးရိမ္ရေၾကာင္း WWF ရဲံ အာရွ-ပစိဖိတ္ေဒသ ဆိုင္ဘာရာဇဝတ္မႈခင္း ဆိုင္ရာ စီမံကိန္းအႀကီးအကဲ Shaun Martin က ေျပာပါတယ္။
တခ်ိဳ႕အေရာင္းအဝယ္ေတြမွာ တိရိစာၦန္ေတြရဲ့ သူတို႔ရဲ့ အစိတ္အပိုင္းေတြကို တရုတ္ျပည္ကို တင္ပို႔တာ ေတြ႔ရတယ္လုိ႔လည္း WWF အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။
......................................................
ရှားပါးတိရိစ္ဆာန် အွန်လိုင်းကရောင်းချမှု စစ်အာဏာသိမ်းပြီး ပိုမိုဆိုးရွား
{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ ကွန်ပြူတာအွန်လိုင်းကနေ သဘာဝတောရိုင်း အပင်၊ သတ္တဝါတွေ တရားမဝင်ရောင်းဝယ်မှု တိုးလာနေပြီး ဒါဟာ လူထုကျန်းမာရေး အတွက်ရော မျိုးတုန်းမဲ့အန္တရာယ် ရင်ဆိုင်နေရတဲ့ မျိုးစိတ်တွေ အတွက်ပါ ခြိမ်းခြောက်မှုကြုံနေရတာ ဖြစ်ကြောင်း WWF ကမ္ဘာ့တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ရံပုံငွေအဖွဲ့က မတ်လ ၃၁ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ နောက်ပိုင်း ရှားပါးတောရိုင်း တိရိစ္ဆာန်တွေ အပင်တွေ ရောင်းချ ဝယ်ယူမှုဆိုင်ရာ တားဆီးမှုတွေကို သေသေချာချာ မလုပ်နိုင်တဲ့အတွက် တိရိစ္ဆာန်အရှင်ရောင်းဝယ်မှုဟာ တနှစ်အတွင်း အကြိမ်ရေ တသောင်းကျော်ရှိခဲ့ပြီး ဒါဟာ မနှစ်ကထက် ၇၄ % တိုးလာတာဖြစ်ကြောင်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ အရောင်းအဝယ် လုပ်ခဲ့တဲ့ မျိုးစိတ်ပေါင်း ၁၇၃ မျိုးတွေ့ရပြီး ဒီအထဲမှာ မျိုးတုန်းကွယ်ပျောက်မယ့်အန္တရာယ် ရင်ဆိုင်နေတဲ့မျိုးစိတ်က ၅၄ ခု ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီရောင်းဝယ်မှုတွေလုပ်နေတဲ့ ကုန်သည်တွေရဲ့ ဖေ့ဘုတ်အကောင့်က ၆၃၉ ခုရှိနေကြောင်းနဲ့ အွန်လိုင်းအရောင်းအဝယ်လုပ်နေတဲ့ အကြီးဆုံး အဖွဲ့မှာဆို အဖွဲ့ဝင် ၁၉၀၀၀ ကျော် ရှိနေပြီး သီတင်းတပတ်မှာ ပို့စ်ပေါင်း ဒါဇင်နဲ့ချီတင်နေတာလို့ပြောပါတယ်။
အရောင်းအဝယ်လုပ်တဲ့ အကောင်တွေထဲမှာ ဆင်၊ ဝက်ဝံ၊ မျောက်လွှဲကျော်၊ တိဘက်တောဆိတ်၊ မျိုးတုန်းတော့မယ့် သင်းခွေချပ်တွေနဲ့ အာရှကမ္ဘာလိပ်တွေ ပါဝင်နေသလို အများဆုံးအရောင်းဝယ်လုပ်တဲ့ မျောက်မျိုးစိတ်အများအပြားကိုတော့ အိမ်မွေးတိရိစ္ဆာန် အနေနဲ့ဝယ်ယူ နေကြတာ ဖြစ်ပါတယ်။
ဒီတောရိုင်းတိရိစ္ဆာန် အများစုကို တောတောင်တွေထဲက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီအထဲမှာ ကြောင်ကတိုးတို့၊ သင်းခွေချပ်တို့လို တောကောင်တွေမှာ SARS နဲ့ COVID-19 ရောဂါဖြစ်ပွါး ပြန့်နှံ့စေနိုင်တဲ့ အန္တရာယ် ရှိနေတာ ဖြစ်ပါတယ်။ ဒီလို အန္တရာယ်ကြီးတဲ့ တောကောင်တွေကို တခြားရောင်းဝယ်မယ့် တောတိရိစ္ဆာန်တွေနဲ့ အတူထားတာ တွေ့ရတဲ့ အတွက်အထူး စိုးရိမ်ရကြောင်း WWF ရဲံ အာရှ-ပစိဖိတ်ဒေသ ဆိုင်ဘာရာဇဝတ်မှုခင်း ဆိုင်ရာ စီမံကိန်းအကြီးအကဲ Shaun Martin က ပြောပါတယ်။
တချို့အရောင်းအဝယ်တွေမှာ တိရိစ္ဆာန်တွေရဲ့ သူတို့ရဲ့ အစိတ်အပိုင်းတွေကို တရုတ်ပြည်ကို တင်ပို့တာ တွေ့ရတယ်လို့လည်း WWF အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။