Zawgyi/ Unicode
ယူကရိန္းကို ေဒၚလာ ၃၃ ဘီလီယံ ကူညီေရး သမၼတအဆိုျပဳခ်က္ ကန္လႊတ္ေတာ္ေထာက္ခံ
ယူကရိန္းကို အေမရိကန္ေဒၚလာ ၃၃ ဘီလီယံ ကူညီဖို႔ သမၼတ ဂ်ိဳးဘိုင္ဒန္ရဲ႕ ေမတၱာရပ္ခံခ်က္ဟာ ကြန္ဂရက္ လႊတ္ေတာ္မွာ ပါတီ ၂ ရပ္စလံုးရဲ႕ ေထာက္ခံမႈကို အခိုင္အမာ ရရွိေနပါတယ္။ ယူကရိန္းအတြက္ စီးပြါးေရး၊ စာနာမႈနဲ႔ စစ္ေရးအေထာက္အပံ့ အျဖစ္ ေဒၚလာ ၁၃.၆ ဘီလီယံကိုေတာ့ ဒီႏွစ္ အေစာပိုင္းက ေပးပို႔ခဲ့ၿပီး ျဖစ္ပါတယ္။
ေအာက္လႊတ္ေတာ္ ဥကၠဌာ Nancy Pelocy ကလည္း သမၼတဘိုင္ဒန္ရဲ႕ ဒီေမတၱာ ရပ္ခံခ်က္ကို အတည္ျပဳႏိုင္ေအာင္ ကြန္ဂရက္လႊတ္ေတာ္က လွ်င္ျမန္စြာ ေဆာင္ရြက္ေနတယ္လို႔ သူမရဲ႕ ယူကရိန္းနဲ႔ ပိုလန္ခရီးစဥ္ အတြင္း ေျပာခဲ့ပါတယ္။ ဒီအကူအညီဟာ လြန္စြာ မ်ားျပားတဲ့ ေငြေၾကးပမာဏ ျဖစ္ၿပီး ဒီလို ကူညီႏိုင္တဲ့အတြက္ လႊတ္ေတာ္ အမတ္ေတြက သိပ္ကို ဂုဏ္ယူေနၾကတယ္လို႔ ဆိုပါတယ္။
ဒါေပမယ့္ ပါတီ ၂ ရပ္စလံုးရဲ႕ အမတ္လက္တဆုပ္စာေလာက္ကေတာ့ ဒါဟာ ဥေရာပ ပဋိပကၡမွာ သမၼတက ကူညီပံ့ပိုး ႏိုင္တဲ့ အာဏာကို ခ်ဲ႕ထြင္လိုက္ရာ ေရာက္သြားမွာကို စိုးရိမ္ေနၾကပါတယ္။
ယူကရိန္းကို လက္နက္ အေျမာက္အမ်ား ပံ့ပိုးေနရတဲ့ အတြက္ အေမရိကန္မွာ လက္နက္ပစၥည္း စုေဆာင္းထားမႈ ေလ်ာ့နည္းသြားမွာ ကို စိုးရိမ္ေနၾကသလို ျပည္တြင္းမွာ ေငြေၾကးေဖါင္းပြမႈေၾကာင့္ ကုန္ေစ်းႏႈန္း ျမင့္မားေနခ်ိန္ ယူကရိန္းကို ႀကီးမားတဲ့ အေထာက္အပံံံ့ ေတြ ေပးေနတဲ့ ကိစၥကို ပိုၿပီး ဂ႐ုတစိုက္ စဥ္းစားဖို႔ လိုေၾကာင္းလည္း ေျပာၾကပါတယ္။
##
Unicode
ယူကရိန်းကို ဒေါ်လာ ၃၃ ဘီလီယံ ကူညီရေး သမ္မတအဆိုပြုချက် ကန်လွှတ်တော်ထောက်ခံ
ယူကရိန်းကို အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံ ကူညီဖို့ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ မေတ္တာရပ်ခံချက်ဟာ ကွန်ဂရက် လွှတ်တော်မှာ ပါတီ ၂ ရပ်စလုံးရဲ့ ထောက်ခံမှုကို အခိုင်အမာ ရရှိနေပါတယ်။ ယူကရိန်းအတွက် စီးပွါးရေး၊ စာနာမှုနဲ့ စစ်ရေးအထောက်အပံ့ အဖြစ် ဒေါ်လာ ၁၃.၆ ဘီလီယံကိုတော့ ဒီနှစ် အစောပိုင်းက ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။
အောက်လွှတ်တော် ဥက္ကဌာ Nancy Pelocy ကလည်း သမ္မတဘိုင်ဒန်ရဲ့ ဒီမေတ္တာ ရပ်ခံချက်ကို အတည်ပြုနိုင်အောင် ကွန်ဂရက်လွှတ်တော်က လျှင်မြန်စွာ ဆောင်ရွက်နေတယ်လို့ သူမရဲ့ ယူကရိန်းနဲ့ ပိုလန်ခရီးစဉ် အတွင်း ပြောခဲ့ပါတယ်။ ဒီအကူအညီဟာ လွန်စွာ များပြားတဲ့ ငွေကြေးပမာဏ ဖြစ်ပြီး ဒီလို ကူညီနိုင်တဲ့အတွက် လွှတ်တော် အမတ်တွေက သိပ်ကို ဂုဏ်ယူနေကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ပါတီ ၂ ရပ်စလုံးရဲ့ အမတ်လက်တဆုပ်စာလောက်ကတော့ ဒါဟာ ဥရောပ ပဋိပက္ခမှာ သမ္မတက ကူညီပံ့ပိုး နိုင်တဲ့ အာဏာကို ချဲ့ထွင်လိုက်ရာ ရောက်သွားမှာကို စိုးရိမ်နေကြပါတယ်။
ယူကရိန်းကို လက်နက် အမြောက်အများ ပံ့ပိုးနေရတဲ့ အတွက် အမေရိကန်မှာ လက်နက်ပစ္စည်း စုဆောင်းထားမှု လျော့နည်းသွားမှာ ကို စိုးရိမ်နေကြသလို ပြည်တွင်းမှာ ငွေကြေးဖေါင်းပွမှုကြောင့် ကုန်ဈေးနှုန်း မြင့်မားနေချိန် ယူကရိန်းကို ကြီးမားတဲ့ အထောက်အပံံံ့ တွေ ပေးနေတဲ့ ကိစ္စကို ပိုပြီး ဂရုတစိုက် စဉ်းစားဖို့ လိုကြောင်းလည်း ပြောကြပါတယ်။