သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပုဂံၿမိဳ႕ေဟာင္း အနီးတဝိုက္ လုံျခံဳေရးတင္းက်ပ္


(Zawgyi/ Unicode)

မႏၲေလးတိုင္း၊ ေညာင္ဦးၿမိဳ႕နယ္၊ ပုဂံၿမိဳ႕ေဟာင္းမွာ စစ္သားနဲ႔ ရဲအင္အား အေတာ္မ်ားမ်ားခ်ထားၿပီး ၿမိဳ႕အဝင္အထြက္ စစ္ေဆးတာေတြ ရွိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ၿမိဳ႕တြင္းထဲမွာေတာ့ လမ္းျပဳျပင္တာ သန႔္ရွင္းေရးေဆာင္႐ြက္တာေတြ ဒီရက္ထဲလုပ္ေနတယ္လို႔ ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ႔ သတင္းကို မသိဂၤ ီထိုက္ ေျပာျပေပးပါမယ္။

စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဒီရက္ပိုင္းထဲမွာ ပုဂံကို ေရာက္လာမွာျဖစ္လို႔ အရင္ကထက္ပိုၿပီး လုံၿခဳံေရးတိုးခ်ထားတယ္လို႔ ပုဂံေဒသခံေတြက ေျပာပါတယ္။ ပုဂံၿမိဳ႕အနီးတဝိုက္ေနရာေတြကိုပါျဖန႔္ၿပီး လုံၿခဳံေရးယူထားတယ္လို႔ ပုဂံက ခရီးသြားလုပ္ငန္းရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

"အရင္က အစစ္အေဆးအဲေလာက္ႀကီး မထပ္ဘူးဗ်။ ဒီေန႔ကေနစၿပီးေတာ့ အစစ္အေဆး ေတာ္ေတာ္မ်ားတယ္ဗ်။ ၿမိဳ႕အဝင္အထြက္ အကုန္လုံးကအစ အစစ္အေဆးမ်ားတယ္။ ၿပီးေတာ့ ဧရာဝတီျမစ္ထဲမွာလည္း သူတို႔လုံၿခဳံေရး ခ်ထားတာေတြရွိတယ္။ ၿပီးေတာ့ အရပ္ဝတ္ေတြနဲ႔လည္း သြားလာေနတာေတြရွိတယ္။ စစ္တာကေတာ့ ၿမိဳ႕အဝင္အထြက္မွာေတြ စစ္တယ္ဗ်။ ၿမိဳ႕ထဲမွာေတာ့ မစစ္ဘူးဗ်။"

ပုဂံၿမိဳ႕အဝင္အထြက္မွာ စစ္ေဆးတာေတြရွိေပမယ့္ ၿမိဳ႕တြင္းမွာ ဘုရားဖူးဧည့္သည္ေတြကိုေတာ့ တားဆီးစစ္ေဆးတာမ်ိဳး မရွိဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္ေကာင္စီတပ္သားေတြကို ဘုရားေစတီတိုင္းမွာ အေစာင့္သေဘာမ်ိဳး ေတြ႕ေနရတယ္လို႔ ပုဂံဧည့္လမ္းၫႊန္တဦးက ေျပာပါတယ္။

"တပ္စြဲထားတာလား ဘယ္လိုလဲေတာ့ မသိဘူးေပါ့ေနာ္။ ဘုရားေတြမွာ အေစာင့္ေတြ အရင္ကထက္ပိုခ်ထားတာေတာ့ ေတြ႕ရတယ္။ ဒါေပမဲ့ ဧည့္သည္ေတြကို ေမးျမန္းတာ၊ ကားေတြကို စစ္တာေတာ့ တခုမွမလုပ္ဘဲ သူ႔ဟာသူ အေစာင့္အေနနဲ႔ ေစာင့္တာေပါ့ေနာ္။ က်ေနာ္တို႔ကလည္း ကိုယ့္ဧည့္သည္ကိုယ္ေခၚ ဘုရားဖူး၊ သမိုင္းရွင္း ၿပီးတာနဲ႔ ဧည့္သည္ျပန္တင္၊ ၿပီးရင္ ကားျပန္ထြက္ ေနာက္ဘုရားသြား။ ေနာက္ဘုရားမွာလည္း အဲလိုအေစာင့္ေတြေတြ႕ေပမယ့္ ဘာမွေတာ့ မလုပ္ဘူး။ လည္လို႔ပတ္လို႔ကေတာ့ ပုံမွန္ပဲဗ်။ မေန႔ကလည္း ဧည့္သည္လည္ရတယ္ေပါ့ေနာ္။"

ပုဂံၿမိဳ႕တြင္းထဲမွာလည္း လမ္းေတြျပဳျပင္ၿပီး သစ္ပင္ေတြကို ထုံးသုတ္သန႔္ရွင္းတာေတြ ဒီရက္ထဲလုပ္ေနၾကတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

"လမ္းေတြရွင္းတယ္ဆိုတာ ပုံမွန္တိုင္းဆို လမ္းေတြကမညီမညာျဖစ္တာေတြ ဘာေတြေပါ့။ သူတို႔လာမယ္နဲ႔ တူပါတယ္။ အဲဒါနဲ႔ပဲ လမ္းခင္းတာေတြ၊ လမ္းရွင္းတာေတြေပါ့ေနာ္။ ေနာက္တခုက လမ္းျပန္ေခ်ာေအာင္ လုပ္တာေတြ ေဘးပတ္ပတ္လည္ကို သစ္ပင္ေတြသန႔္ရွင္းေရး လုပ္တာေတြေပါ့ေနာ္။ လမ္းေဘးကသစ္ပင္ေတြကို ျပန္ၿပီးေတာ့ ထုံးသုတ္ၿပီး ဝိုင္းတာေတြေပါ့ေနာ္။"

စစ္ေကာင္စီအရာရွိအမ်ားစုက ဇြန္လ ၁၅ ရက္ကတည္းက ပုဂံယဥ္ေက်းမႈနယ္ေျမမွာရွိတဲ့ ဘုန္းႀကီးေက်ာင္းတခ်ိဳ႕မွာ စခန္းခ်လုံၿခဳံေရး ယူထားတာလို႔ ဘုန္းႀကီးေက်ာင္းနဲ႔ နီးစပ္သူတခ်ိဳ႕ကေျပာပါတယ္။ အခုလို အခ်ိန္ၾကာၾကာ တပ္စြဲေနရာယူထားၿပီး ဒီရက္ပိုင္းေတြမွာ လမ္းျပဳျပင္တာေတြအျပင္၊ ေစတီတိုင္းမွာ လုံၿခဳံေရးခ်ထားတာေတြေၾကာင့္ စစ္ေကာင္စီေခါင္းေဆာင္ ပုဂံေဒသကို လာမယ္လို႔ ေဒသခံေတြက ခန႔္မွန္းၾကတာပါ။။ စစ္ေကာင္စီဘက္ကေတာ့ အခုလို ပုဂံယဥ္ေက်းမႈနယ္ေျမမွာ လုံၿခဳံေရးတိုးျမႇင့္ထားတာနဲ႔ ပတ္သက္ၿပီး တစုံတရာ ထုတ္ျပန္တာ မရွိေသးပါဘူး။ ေရွ႕သီတင္းပတ္ အတြင္းမွာဘဲ လန္ခ်န္း- မဲေခါင္း ေဒသတြင္း အစည္းအေ၀းလည္း ပုဂံမွာ က်င္းပဖို႔ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ပုဂံမြို့ဟောင်း အနီးတဝိုက် လုံခြုံရေးတင်းကျပ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းမှာ စစ်သားနဲ့ ရဲအင်အား အတော်များများချထားပြီး မြို့အဝင်အထွက် စစ်ဆေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြို့တွင်းထဲမှာတော့ လမ်းပြုပြင်တာ သန့်ရှင်းရေးဆောင်ရွက်တာတွေ ဒီရက်ထဲလုပ်နေတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီရက်ပိုင်းထဲမှာ ပုဂံကို ရောက်လာမှာဖြစ်လို့ အရင်ကထက်ပိုပြီး လုံခြုံရေးတိုးချထားတယ်လို့ ပုဂံဒေသခံတွေက ပြောပါတယ်။ ပုဂံမြို့အနီးတဝိုက်နေရာတွေကိုပါဖြန့်ပြီး လုံခြုံရေးယူထားတယ်လို့ ပုဂံက ခရီးသွားလုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"အရင်က အစစ်အဆေးအဲလောက်ကြီး မထပ်ဘူးဗျ။ ဒီနေ့ကနေစပြီးတော့ အစစ်အဆေး တော်တော်များတယ်ဗျ။ မြို့အဝင်အထွက် အကုန်လုံးကအစ အစစ်အဆေးများတယ်။ ပြီးတော့ ဧရာဝတီမြစ်ထဲမှာလည်း သူတို့လုံခြုံရေး ချထားတာတွေရှိတယ်။ ပြီးတော့ အရပ်ဝတ်တွေနဲ့လည်း သွားလာနေတာတွေရှိတယ်။ စစ်တာကတော့ မြို့အဝင်အထွက်မှာတွေ စစ်တယ်ဗျ။ မြို့ထဲမှာတော့ မစစ်ဘူးဗျ။"

ပုဂံမြို့အဝင်အထွက်မှာ စစ်ဆေးတာတွေရှိပေမယ့် မြို့တွင်းမှာ ဘုရားဖူးဧည့်သည်တွေကိုတော့ တားဆီးစစ်ဆေးတာမျိုး မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေကို ဘုရားစေတီတိုင်းမှာ အစောင့်သဘောမျိုး တွေ့နေရတယ်လို့ ပုဂံဧည့်လမ်းညွှန်တဦးက ပြောပါတယ်။

"တပ်စွဲထားတာလား ဘယ်လိုလဲတော့ မသိဘူးပေါ့နော်။ ဘုရားတွေမှာ အစောင့်တွေ အရင်ကထက်ပိုချထားတာတော့ တွေ့ရတယ်။ ဒါပေမဲ့ ဧည့်သည်တွေကို မေးမြန်းတာ၊ ကားတွေကို စစ်တာတော့ တခုမှမလုပ်ဘဲ သူ့ဟာသူ အစောင့်အနေနဲ့ စောင့်တာပေါ့နော်။ ကျနော်တို့ကလည်း ကိုယ့်ဧည့်သည်ကိုယ်ခေါ် ဘုရားဖူး၊ သမိုင်းရှင်း ပြီးတာနဲ့ ဧည့်သည်ပြန်တင်၊ ပြီးရင် ကားပြန်ထွက် နောက်ဘုရားသွား။ နောက်ဘုရားမှာလည်း အဲလိုအစောင့်တွေတွေ့ပေမယ့် ဘာမှတော့ မလုပ်ဘူး။ လည်လို့ပတ်လို့ကတော့ ပုံမှန်ပဲဗျ။ မနေ့ကလည်း ဧည့်သည်လည်ရတယ်ပေါ့နော်။"

ပုဂံမြို့တွင်းထဲမှာလည်း လမ်းတွေပြုပြင်ပြီး သစ်ပင်တွေကို ထုံးသုတ်သန့်ရှင်းတာတွေ ဒီရက်ထဲလုပ်နေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"လမ်းတွေရှင်းတယ်ဆိုတာ ပုံမှန်တိုင်းဆို လမ်းတွေကမညီမညာဖြစ်တာတွေ ဘာတွေပေါ့။ သူတို့လာမယ်နဲ့ တူပါတယ်။ အဲဒါနဲ့ပဲ လမ်းခင်းတာတွေ၊ လမ်းရှင်းတာတွေပေါ့နော်။ နောက်တခုက လမ်းပြန်ချောအောင် လုပ်တာတွေ ဘေးပတ်ပတ်လည်ကို သစ်ပင်တွေသန့်ရှင်းရေး လုပ်တာတွေပေါ့နော်။ လမ်းဘေးကသစ်ပင်တွေကို ပြန်ပြီးတော့ ထုံးသုတ်ပြီး ဝိုင်းတာတွေပေါ့နော်။"

စစ်ကောင်စီအရာရှိအများစုက ဇွန်လ ၁၅ ရက်ကတည်းက ပုဂံယဉ်ကျေးမှုနယ်မြေမှာရှိတဲ့ ဘုန်းကြီးကျောင်းတချို့မှာ စခန်းချလုံခြုံရေး ယူထားတာလို့ ဘုန်းကြီးကျောင်းနဲ့ နီးစပ်သူတချို့ကပြောပါတယ်။ အခုလို အချိန်ကြာကြာ တပ်စွဲနေရာယူထားပြီး ဒီရက်ပိုင်းတွေမှာ လမ်းပြုပြင်တာတွေအပြင်၊ စေတီတိုင်းမှာ လုံခြုံရေးချထားတာတွေကြောင့် စစ်ကောင်စီခေါင်းဆောင် ပုဂံဒေသကို လာမယ်လို့ ဒေသခံတွေက ခန့်မှန်းကြတာပါ။။ စစ်ကောင်စီဘက်ကတော့ အခုလို ပုဂံယဉ်ကျေးမှုနယ်မြေမှာ လုံခြုံရေးတိုးမြှင့်ထားတာနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ ရှေ့သီတင်းပတ် အတွင်းမှာဘဲ လန်ချန်း- မဲခေါင်း ဒေသတွင်း အစည်းအဝေးလည်း ပုဂံမှာ ကျင်းပဖို့ ရှိနေပါတယ်။

XS
SM
MD
LG