[[ ZAWGYI/ UNICODE ]]
လြတ္လပ္စြာ ထုတ္ေဖာ္ခြင့္ အဆင့္အတန္းက်ဆင္းတဲ့ ႏိုင္ငံေတြထဲ ျမန္မာပါ၀င္
ကမာၻတလႊား လြတ္လပ္စြာ ထုတ္ေဖာ္ခြင့္ အဆင့္အတန္း သိသိသာသာ က်ဆင္းသြားတဲ့ ႏိုင္ငံေတြထဲ ျမန္မာႏိုင္ငံလည္း ပါ၀င္ေၾကာင္း ၿဗိတိန္အေျခစိုက္ ႏိုင္ငံတကာ လူ႔အခြင့္အေရး လႈပ္ရွားမႈအဖဲြ႕ Article-19 အစီရင္ခံစာသစ္က ေဖာ္ျပလိုက္ပါတယ္။
စစ္အာဏာသိမ္းမႈကို ဆန္႔က်င္သူေတြအေပၚ အၾကမ္းဖက္ ဖိႏွိပ္မႈေတြေၾကာင့္ တႏွစ္အတြင္းမွာပဲ လြတ္လပ္ခြင့္ေတြ ထိုးက်သြားတဲ့ ျမန္မာႏိုင္ငံဟာ အစီရင္ခံစာ ျပဳစုခဲ့တဲ့ ႏိုင္ငံေပါင္း ၁၆၁ ႏိုင္ငံအနက္ အဆင့္ ၁၄၀ မွာ ရွိေနေၾကာင္းလည္း ေဖာ္ျပခဲ့တာပါ။
ၿပီးခဲ့တဲ့ႏွစ္ထဲ စစ္အာဏာသိမ္းမႈနဲ႔ ၾကံဳခဲ့ရတဲ့ ျမန္မာႏိုင္ငံမွာ လြတ္လပ္စြာ ေဆြးေႏြးေျပာဆိုခြင့္ ဖိႏွိပ္ခံရမႈ၊ အစိုးရရဲ႕ ဆင္ဆာျဖတ္ေတာက္မႈ၊ ႏိုင္ငံေရး အတိုက္အခံေတြကို ဖိႏွိပ္မႈေတြအျပင္ ႏိုင္ငံေရးအရ သတ္ျဖတ္မႈေတြ၊ သတင္းသမားေတြ ၿခိမ္းေျခာက္ခံရမႈေတြ၊ လြတ္လပ္စြာ စုေ၀းခြင့္နဲ႔ NGOs အစိုးရမဟုတ္တဲ့ အဖဲြ႕အစည္းေတြအေပၚ ဖိႏွိပ္မႈေတြ ရွိခဲ့ေၾကာင္းလည္း ေထာက္ျပထားပါတယ္။
ျမန္မာ၊ တ႐ုတ္နဲ႔ ႐ုရွားတို႔လို အာဏာရွင္ႏိုင္ငံေတြ သာမက အိႏိၵယ၊ ဘရာဇီး တို႔လို ဒီမိုကေရစီႏိုင္ငံေတြက ျပည္သူေတြအပါအဝင္ ကမၻာ့လူဦးေရ ရဲ႕ ၈ဝ ရာခိုင္ႏႈန္းဟာ လြန္ခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္ ကတည္းက လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ မရွိၾကတဲ့ အေျခအေနေတြ ေအာက္မွာ ေနထိုင္ေနၾကရတယ္လို႔လည္း ေျပာပါတယ္။
ကမၻာတလႊားႏိုင္ငံေပါင္း ၁၆၁ ႏိုင္ငံကို လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ တိုင္းတာခ်က္အညႊန္း ၂၅ ခ်က္နဲ႔ ဆန္းစစ္ထားၿပီး၊ ႏိုင္ငံတခုခ်င္းစီကို သုညအမွတ္ကေန ၁ဝဝ အထိ အမွတ္ေပးတိုင္းတာ ထားပါတယ္။ ဒီႏွစ္မွာ ဒိန္းမတ္၊ ဆြစ္ဇာလန္ တို႔က ၉ ၆မွတ္နဲ႔ ထိပ္ဆုံးမွာရွိၾကၿပီး၊ ေနာ္ေဝး နဲ႔ ဆြီဒင္ တို႔က ၉ ၄မွတ္ ၊အက္စတိုးနီးယား နဲ႔ ဖင္လန္တို႔က ၉ ၃ မွတ္နဲ႔ ကပ္လုိက္ပါတယ္။
==============
{{ UNICODE }}
လွတ်လပ်စွာ ထုတ်ဖော်ခွင့် အဆင့်အတန်းကျဆင်းတဲ့ နိုင်ငံတွေထဲ မြန်မာပါဝင်
ကမ္ဘာတလွှား လွတ်လပ်စွာ ထုတ်ဖော်ခွင့် အဆင့်အတန်း သိသိသာသာ ကျဆင်းသွားတဲ့ နိုင်ငံတွေထဲ မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း ဗြိတိန်အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Article-19 အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေကြောင့် တနှစ်အတွင်းမှာပဲ လွတ်လပ်ခွင့်တွေ ထိုးကျသွားတဲ့ မြန်မာနိုင်ငံဟာ အစီရင်ခံစာ ပြုစုခဲ့တဲ့ နိုင်ငံပေါင်း ၁၆၁ နိုင်ငံအနက် အဆင့် ၁၄၀ မှာ ရှိနေကြောင်းလည်း ဖော်ပြခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်ထဲ စစ်အာဏာသိမ်းမှုနဲ့ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဆွေးနွေးပြောဆိုခွင့် ဖိနှိပ်ခံရမှု၊ အစိုးရရဲ့ ဆင်ဆာဖြတ်တောက်မှု၊ နိုင်ငံရေး အတိုက်အခံတွေကို ဖိနှိပ်မှုတွေအပြင် နိုင်ငံရေးအရ သတ်ဖြတ်မှုတွေ၊ သတင်းသမားတွေ ခြိမ်းခြောက်ခံရမှုတွေ၊ လွတ်လပ်စွာ စုဝေးခွင့်နဲ့ NGOs အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအပေါ် ဖိနှိပ်မှုတွေ ရှိခဲ့ကြောင်းလည်း ထောက်ပြထားပါတယ်။
မြန်မာ၊ တရုတ်နဲ့ ရုရှားတို့လို အာဏာရှင်နိုင်ငံတွေ သာမက အိန္ဒိယ၊ ဘရာဇီး တို့လို ဒီမိုကရေစီနိုင်ငံတွေက ပြည်သူတွေအပါအဝင် ကမ္ဘာ့လူဦးရေ ရဲ့ ၈ဝ ရာခိုင်နှုန်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကတည်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိကြတဲ့ အခြေအနေတွေ အောက်မှာ နေထိုင်နေကြရတယ်လို့လည်း ပြောပါတယ်။
ကမ္ဘာတလွှားနိုင်ငံပေါင်း ၁၆၁ နိုင်ငံကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် တိုင်းတာချက်အညွှန်း ၂၅ ချက်နဲ့ ဆန်းစစ်ထားပြီး၊ နိုင်ငံတခုချင်းစီကို သုညအမှတ်ကနေ ၁ဝဝ အထိ အမှတ်ပေးတိုင်းတာ ထားပါတယ်။ ဒီနှစ်မှာ ဒိန်းမတ်၊ ဆွစ်ဇာလန် တို့က ၉ ၆မှတ်နဲ့ ထိပ်ဆုံးမှာရှိကြပြီး၊ နော်ဝေး နဲ့ ဆွီဒင် တို့က ၉ ၄မှတ် ၊အက်စတိုးနီးယား နဲ့ ဖင်လန်တို့က ၉ ၃ မှတ်နဲ့ ကပ်လိုက်ပါတယ်။