သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကြယ္လြန္သူ ဂ်ပန္၀န္ႀကီးခ်ဳပ္အေလာင္း တိုက်ဳိၿမိဳ႕ေတာ္ေရာက္ရွိ


[[ ZAWGYI / UNICODE ]]

ကြယ္လြန္သူ ဂ်ပန္၀န္ႀကီးခ်ဳပ္အေလာင္း တိုက်ဳိၿမိဳ႕ေတာ္ေရာက္ရွိ

လုပ္ႀကံသတ္ျဖတ္ခံရတဲ့ ဂ်ပန္ ဝန္ႀကီးခ်ဳပ္ေဟာင္း Shinzo Abe ရဲ႕ ႐ုပ္အေလာင္း သယ္ယူလာတဲ့ ေမာ္ေတာ္ယဥ္တန္းဟာ တိုက်ိဳၿမိဳ႕ေတာ္က ေနအိမ္ကို စေနေန႔မွာ ေရာက္ရွိလာပါတယ္။ တိုက်ဳိၿမိဳ႕ေတာ္က ေနအိမ္နဲ႔ Nara ၿမိဳ႕က လုပ္ႀကံသတ္ျဖတ္ခံခဲ့ရတဲ့ေနရာ အနီးတဝိုက္မွာေတာ့ ၀န္ႀကီးခ်ဳပ္ေဟာင္း ေသဆုံးမႈအတြက္ ၀မ္းနည္းပူေဆြးသူေတြ စေနေန႔က စုေ၀းခဲ့ၾကတာပါ။

ဝန္ႀကီးခ်ဳပ္ေဟာင္းရဲ႕ စ်ာပနအခမ္းအနားကို အဂၤါေန႔မွာ စီစဥ္ထားၿပီး ရင္းႏွီးတဲ့ မိတ္ေဆြေတြ တက္ေရာက္ၾကမွာျဖစ္တယ္လို႔ မီဒီယာေတြကို ေျပာပါတယ္။ တိုက်ဳိၿမိဳ႕ေတာ္ အေနာက္ေတာင္ဖက္ ကီလိုမီတာ ၄၅၀ ေလာက္အကြာမွာရွိတဲ့ Nara ၿမိဳ႕မွာေတာ့ ၀န္ႀကီးခ်ဳပ္ေဟာင္း ဓာတ္ပုံေထာင္ထားတဲ့ စားပဲြမွာ အမွတ္တရ ပန္းေတြခ်ဖို႔ လူေတြ တန္းစီေစာင့္ဆိုင္းခဲ့ၾကတာပါ။

၀န္ႀကီးခ်ဳပ္ေဟာင္းကို အနီးကပ္ ပစ္ခတ္ခဲ့တယ္လို႔ သံသယရွိတဲ့ အသက္ ၄၁ ႏွစ္အရြယ္ အမ်ဳိးသားကိုေတာ့ ရဲတပ္ဖဲြ႕က ခ်က္ျခင္းဆိုသလို ဖမ္းဆီးမိခဲ့ၿပီး၊ အိမ္တြင္းျဖစ္ ေသနတ္နဲ႔ ပစ္ခတ္ခဲ့တာ ျဖစ္ႏိုင္တယ္လို႔ အာဏာပိုင္ေတြက ယူဆထားပါတယ္။

ဝန္ႀကီးခ်ဳပ္ေဟာင္းရဲ႕ မဲဆြယ္စည္း႐ုံးပြဲကို ေစာင့္ၾကပ္ေပးရတဲ့ ေဒသခံရဲတပ္ဖြဲ႔ကေတာ့ လုံၿခဳံေရး အစီအမံေတြ အားနည္းခဲ့ေၾကာင္း စေနေန႔မွာပဲ ေျပာဆိုခဲ့ပါတယ္။ ၀န္ႀကီးခ်ဳပ္ေဟာင္း ပစ္ခတ္ခံရမႈေၾကာင့္ ေသာၾကာေန႔က တိုက်ဳိၿမိဳ႕ေတာ္ကို အေရးေပၚ ျပန္သြားခဲ့တဲ့ လက္ရွိ၀န္ႀကီးခ်ဳပ္ Fumio Kishida ကေတာ့ စေနေန႔မွာ စည္း႐ုံးေရး ခရီးစဥ္ေတြ ျပန္စခဲ့ပါတယ္။

ပုံမွန္အားျဖင့္ ဂ်ပန္ႏိုင္ငံမွာ ရာဇ၀တ္မႈကင္းရွင္းၿပီး ေရြးေကာက္ပဲြေတြမွာ ေတြ႕ရေလ့မရွိတဲ့ လက္နက္စစ္ေဆး ရွာေဖြတဲ့ ကရိယာေတြလည္း တပ္ဆင္လာၾကပါတယ္။ Fujiyoshida ၿမိဳ႕က ၀န္ႀကီးခ်ဳပ္ Kishida မိန္႔ခြန္းေျပာမယ့္ ေနရာမွာ ဆိုရင္လည္း လက္နက္ရွာေဖြ စစ္ေဆးတဲ့ ကရိယာေတြ တပ္ဆင္ထားၿပီး လုံျခံဳေရးလည္း တိုးျမႇင့္ခ်ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

{{ UNICODE }}

ကွယ်လွန်သူ ဂျပန်ဝန်ကြီးချုပ်အလောင်း တိုကျိုမြို့တော်ရောက်ရှိ

လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဂျပန် ဝန်ကြီးချုပ်ဟောင်း Shinzo Abe ရဲ့ ရုပ်အလောင်း သယ်ယူလာတဲ့ မော်တော်ယဉ်တန်းဟာ တိုကျိုမြို့တော်က နေအိမ်ကို စနေနေ့မှာ ရောက်ရှိလာပါတယ်။ တိုကျိုမြို့တော်က နေအိမ်နဲ့ Nara မြို့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့နေရာ အနီးတဝိုက်မှာတော့ ဝန်ကြီးချုပ်ဟောင်း သေဆုံးမှုအတွက် ဝမ်းနည်းပူဆွေးသူတွေ စနေနေ့က စုဝေးခဲ့ကြတာပါ။

ဝန်ကြီးချုပ်ဟောင်းရဲ့ ဈာပနအခမ်းအနားကို အင်္ဂါနေ့မှာ စီစဉ်ထားပြီး ရင်းနှီးတဲ့ မိတ်ဆွေတွေ တက်ရောက်ကြမှာဖြစ်တယ်လို့ မီဒီယာတွေကို ပြောပါတယ်။ တိုကျိုမြို့တော် အနောက်တောင်ဖက် ကီလိုမီတာ ၄၅၀ လောက်အကွာမှာရှိတဲ့ Nara မြို့မှာတော့ ဝန်ကြီးချုပ်ဟောင်း ဓာတ်ပုံထောင်ထားတဲ့ စားပွဲမှာ အမှတ်တရ ပန်းတွေချဖို့ လူတွေ တန်းစီစောင့်ဆိုင်းခဲ့ကြတာပါ။

ဝန်ကြီးချုပ်ဟောင်းကို အနီးကပ် ပစ်ခတ်ခဲ့တယ်လို့ သံသယရှိတဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသားကိုတော့ ရဲတပ်ဖွဲ့က ချက်ခြင်းဆိုသလို ဖမ်းဆီးမိခဲ့ပြီး၊ အိမ်တွင်းဖြစ် သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ယူဆထားပါတယ်။

ဝန်ကြီးချုပ်ဟောင်းရဲ့ မဲဆွယ်စည်းရုံးပွဲကို စောင့်ကြပ်ပေးရတဲ့ ဒေသခံရဲတပ်ဖွဲ့ကတော့ လုံခြုံရေး အစီအမံတွေ အားနည်းခဲ့ကြောင်း စနေနေ့မှာပဲ ပြောဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ပစ်ခတ်ခံရမှုကြောင့် သောကြာနေ့က တိုကျိုမြို့တော်ကို အရေးပေါ် ပြန်သွားခဲ့တဲ့ လက်ရှိဝန်ကြီးချုပ် Fumio Kishida ကတော့ စနေနေ့မှာ စည်းရုံးရေး ခရီးစဉ်တွေ ပြန်စခဲ့ပါတယ်။

ပုံမှန်အားဖြင့် ဂျပန်နိုင်ငံမှာ ရာဇဝတ်မှုကင်းရှင်းပြီး ရွေးကောက်ပွဲတွေမှာ တွေ့ရလေ့မရှိတဲ့ လက်နက်စစ်ဆေး ရှာဖွေတဲ့ ကရိယာတွေလည်း တပ်ဆင်လာကြပါတယ်။ Fujiyoshida မြို့က ဝန်ကြီးချုပ် Kishida မိန့်ခွန်းပြောမယ့် နေရာမှာ ဆိုရင်လည်း လက်နက်ရှာဖွေ စစ်ဆေးတဲ့ ကရိယာတွေ တပ်ဆင်ထားပြီး လုံခြုံရေးလည်း တိုးမြှင့်ချထားပါတယ်။

XS
SM
MD
LG