သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်အကူအညီပေးဖို့ ယူကရိန်းသမ္မတကတော် အမေရိကန်လွှတ်တော်မှာတောင်းခံ


US Ukraine First Lady
US Ukraine First Lady

ယူကရိန်း သမ္မတကတော် Olena Zelenska က ရုရှားကျူးကျော်စစ်ကြောင့် သေကျေထိခိုက်သူတွေရဲ့ ပုံတွေကို အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ ပြသလိုက်ပြီး၊ ရုရှားရဲ့ မစ်ဇိုင်းဒုံး တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်အောင် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ပိုမိုပေးအပ်ဖို့လည်း စိတ်ခံစားချက်အပြည့်နဲ့ တောင်းခံခဲ့ပါတယ်။  

လက်နက်အကူအညီပေးဖို့ ယူကရိန်းသမ္မတကတော် အမေရိကန်လွှတ်တော်မှာတောင်းခံ

{{Zawgyi/Unicode}}

ယူကရိန်း သမ္မတကတော် Olena Zelenska က ရုရှားကျူးကျော်စစ်ကြောင့် သေကျေထိခိုက်သူတွေရဲ့ ပုံတွေကို အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ ပြသလိုက်ပြီး၊ ရုရှားရဲ့ မစ်ဇိုင်းဒုံး တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်အောင် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ပိုမိုပေးအပ်ဖို့လည်း စိတ်ခံစားချက်အပြည့်နဲ့ တောင်းခံခဲ့ပါတယ်။

“လက်နက်ပေးဖို့ ကျမတောင်းခံနေတာပါ၊ ကျမတောင်းခံတဲ့ လက်နက်ဟာ တခြားတိုင်းပြည်တခုကို စစ်ခင်းဖို့ မဟုတ်ပါဘူး၊ ကိုယ့်တိုင်းပြည်ကို ကာကွယ်ဖို့၊ ကိုယ့်အိမ်ကိုယ့်ယာကို ကာကွယ်ခွင့်အတွက် အသုံးပြုဖို့ ဖြစ်ပါတယ်။” လို့ အမေရိကန် လွှတ်တော်မှာ ပထမဆုံးအကြိမ် ပြည်ပခေါင်းဆောင်တဦးရဲ့ ဇနီးအဖြစ် ဗုဒ္ဓဟူးနေ့က မိန့်ခွန်းပြောကြားရာမှာ သမ္မတကတော် Zelenska ယူကရိန်းဘာသာနဲ့ ပြောဆိုခဲ့တာပါ။

ဒီလဆန်းတုန်းက ယူကရိန်းနိုင်ငံ Vinnytsia မြို့မှာ ရုရှားရဲ့ မစ်ဇိုင်းဒုံးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ Liza ဆိုသူ ကလေးငယ်၊ အဆောက်အဦး အပျက်အစီးပုံကြားက ၅နှစ်အရွယ် Eva အမည်ရှိတဲ့ မိန်းကလေးငယ်နဲ့ ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီတွေရဲ့ လူမျိုးတုံး သတ်ဖြတ်မှုက လွတ်မြောက်လာပြီး၊ Kyiv မြို့တော်မှာ အသတ်ခံခဲ့ရသူတဦးရဲ့ ပုံတွေကိုလည်း အမေရိကန် လွှတ်တော်အမတ်တွေကို ပြသခဲ့ပါတယ်။

နိုင်ငံခေါင်းဆောင်တွေရဲ့ ဇနီးသည်တွေဟာ ပုံမှန်အားဖြင့် ငြိမ်းချမ်းတဲ့ ကိစ္စတွေကို ဆောင်ရွက်လေ့ ရှိကြပေမဲ့၊ ရုရှားရဲ့ တဖက်သတ် ကျုးကျော်စစ်ကြောင့် ဒီလိုလုပ်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့လည်း ပြောပါတယ်။

ဝါရှင်တန်ဒီစီမှာ တတိယနေ့အဖြစ် လွှတ်တော်မှာ မိန့်ခွန်းမပြောခင် အင်္ဂါနေ့မှာတုန်းက ယူကရိန်း သမ္မတ ကတော် Zelenska ဟာ အမေရိကန် သမ္မတ ကတော် Jill Biden နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပြီး၊ တနင်္လာနေ့ကလည်း နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တွေ့ဆုံခဲ့ပါတယ်။

လက်နက်အကူအညီပေးဖို့ ယူကရိန်းသမ္မတကတော် အမေရိကန်လွှတ်တော်မှာတောင်းခံ
please wait

No media source currently available

0:00 0:01:39 0:00
တိုက်ရိုက် လင့်ခ်

.....................................


{{Zawgyi/Unicode}}






XS
SM
MD
LG