သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေက်ာက္ေတာ္ၿမိဳ႕နယ္ ေက်းရြာတခ်ဳိ႕မွာ လုံျခံဳေရးစစ္ေဆးမႈေၾကာင့္ ေဒသခံေတြစိုးရိမ္ 


rakhine refugees (မွတ္တမ္းဓါတ္ပုံ)

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္က ေတာင္ေပါက္ေက်းရြာနဲ႔ ဘုရားေပါင္းေက်းရြာေတြမွာ ဒီကေန႔ မနက္ပိုင္းက စစ္ေကာင္စီတပ္သားေတြ ဝင္ေရာက္စစ္ေဆးေနတာေၾကာင့္ ေဒသခံေတြ ေၾကာက္လန္႔ထြက္ေျပးေနၾကရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကိုေတာ့ ရန္ကုန္ကလာတဲ့သတင္း ကိုခင္ေမာင္စိုးမင္း က တင္ျပေပးပါမယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ ေက်းရြာတခ်ဳိ႕မွာ လုံျခံဳေရးစစ္ေဆးမႈေၾကာင့္ ေဒသခံေတြစိုးရိမ္

{{Zawgyi/Unicode}}

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္က ေတာင္ေပါက္ေက်းရြာနဲ႔ ဘုရားေပါင္းေက်းရြာေတြမွာ ဒီကေန႔ မနက္ပိုင္းက စစ္ေကာင္စီတပ္သားေတြ ဝင္ေရာက္စစ္ေဆးေနတာေၾကာင့္ ေဒသခံေတြ ေၾကာက္လန္႔ထြက္ေျပးေနၾကရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ လက္ရွိမွာေတာ့ စစ္ေကာင္စီတပ္သားေတြဟာ ဘုရားေပါင္းေက်းရြာ ဘုန္းႀကီးေက်ာင္းမွာ စခန္းခ်ေနထိုင္ေနတယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကိုေတာ့ ရန္ကုန္ကလာတဲ့သတင္း ကိုခင္ေမာင္စိုးမင္း က တင္ျပေပးပါမယ္။

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္က ေတာင္ေပါက္ေက်းရြာနဲ႔ ဘုရားေပါင္းေက်းရြာေတြမွာ အဂၤါေန႔မနက္က စစ္ေကာင္စီတပ္သားေတြ ဝင္ေရာက္စစ္ေဆးေနတာေၾကာင့္ ေဒသခံေတြ ေၾကာက္လန္႔ထြက္ေျပးခဲ့ရတဲ့အေၾကာင္း ေက်ာက္ေတာ္ၿမိဳ႕ခံတဦးက VOA ကို ေျပာပါတယ္။

“ အဲဒီရြာေတြက ၂၀၂၀က မီးရွို႕ခံရတဲ့ ရြာဆိုေတာ့ အကုန္လံုး စစ္တပ္ကို ျမင္တာနဲ႔ ထြက္ေျပးတယ္။ အဲဒီမွာ စစ္တပ္ေရာက္သြားေတာ့ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးကိုရွာတယ္။ စစ္ေဆးေမးျမန္းတာရွိတယ္။ ၿပီးေတာ့ ေမာင္ဝင္းလွုိင္ဆိုတဲ့ ေကာင္ေလးနဲ႔ ေနာက္ေကာင္ေလးတေကာင္ကို ဖမ္းဆီးၿပီးေတာ့ စစ္တယ္။ ၿပီးေတာ့ ျပန္လြတ္ေပးလိုက္တယ္ဗ်ာ။ အခုေတာ့ ဘုရားေပါင္း ေက်းရြာဖက္ကိုထြက္သြားတယ္။ အဲဒီရြာက ဘုန္းႀကီးေက်ာင္းမွာ စခန္းခ်ၿပီးေတာ့ ေနတယ္။ ဘုရားေပါင္း ေက်းရြာသားေတြလည္း ေၾကာက္ၿပီးေတာ့ ထြက္ေျပးသြားတာကိုေတြ႔ရတယ္ဗ်။”

လူအင္အား တရာေလာက္ရွိတဲ့ စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္ၿပီးေတာ့ ရြာမွာ စစ္ေဆးေနတာေၾကာင့္ ေၾကာက္လန္႔ၿပီးေတာ့ ရြာလံုးက်ြတ္နီးပါး ထြက္ေျပးေနရတယ္လို႔ ထြက္ေျပးတိမ္းေရွာင္လာတဲ့ ေတာင္ေပါက္ေက်းရြာသားတဦးကေျပာပါတယ္။

“ သူတို႔က ရြာကလူေတြကို ဖမ္းတယ္ေလ။ မိန္းမ ေယာက်ာ္းအကုန္ဖမ္းၿပီးေတာ့ စစ္တယ္ေလ။ အခုဆိုရင္ ရြာကေနၿပီးေတာ့ ထြက္လို႔ေျပးေနရတာေပါ့။ တရြာလံုးလို႔ ေျပာလို႔ရတာေပါ့။ အဘိုးေတြ အဘြားေတြ ၁၀ေယာက္ေလာက္ပဲက်န္ခဲ့တာ။ က်န္တဲ့သူေတြကေတာ့ အကုန္လံုးေျပး ရတာပါပဲ။”

လက္ရွိစစ္ေကာင္စီတပ္သားေတြ ဝင္ေရာက္စစ္ေဆးေနတဲ့ ေတာင္ေပါက္ေက်းရြာနဲ႔ ဘုရားေပါင္းေက်းရြာဟာ ရြာခ်င္းကပ္ေက်းရြာေတြ ျဖစ္သလို ၿပီးခဲ့တဲ့ ၂၀၂၀ခုနွစ္ စက္တင္ဘာလက စစ္ေကာင္စီတပ္ေတြရဲ႕ မီးရွုိ႕ဖ်က္စီးတာကို ခံရတဲ့ ေက်းရြာေတြ လည္းျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ ေဒသခံေတြဟာ စစ္ေကာင္စီတပ္ေတြကို ျမင္တာနဲ႔ ေၾကာက္လန္႔ေနရသလို ဖမ္းဆီးစစ္ေဆးလို႔ မေျဖႏိုင္ရင္ အသတ္ခံရမွာကို စိုးရိမ္တာေၾကာင့္ အခုလို ထြက္ေျပးလာတာရျဖစ္တယ္လို႔လည္း ေတာင္ေပါက္ေဒသခံတဦးက ေျပာပါတယ္။

“ ဖမ္းၿပီးေတာ့ စစ္ရင္ ကိုယ္ကမေျဖႏို္င္ရင္ ရိုက္မွာ သတ္မွာကို ေၾကာက္တာပဲ။ မိန္းမ ေယာက်ာ္းအကုန္လံုးက အဲဒါေၾကာင့္ ေၾကာက္ၿပီးေတာ့ ကုိယ့္နည္းကိုယ့္ဟန္နဲ႔ ထြက္ေျပးေနရတာပါပဲ။”

အခုအခ်ိန္အထိေတာ့ ေက်းရြာေတြကို ၀င္ေရာက္စစ္ေဆးေပမဲ့ ဖမ္းဆီးခံရတဲ့ သတင္းေတြ၊ သတ္ျဖတ္ခံရတဲ့ သတင္းေတြ မရရွိေသးပါဘူး။ ေတာင္ေပါက္ေက်းရြာနဲ႔ ဘုရားေပါင္းေက်းရြာေတြကို ဝင္ေရာက္စစ္ေဆးေနတာနဲ႔ ပတ္သတ္ၿပီးေမးျမန္းဖို႔ ရခိုင္ျပည္နယ္ လံုျခံဳေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီး ေက်ာ္သူရနဲ႔ စစ္ေကာင္စီေျပာခြင့္ရသူကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမယ့္လည္း ဆက္သြယ္လုို႔မရရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

...................................................

ကျောက်တော်မြို့နယ် ကျေးရွာတချို့မှာ လုံခြုံရေးစစ်ဆေးမှုကြောင့် ဒေသခံတွေစိုးရိမ်

{{Unicode}}

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က တောင်ပေါက်ကျေးရွာနဲ့ ဘုရားပေါင်းကျေးရွာတွေမှာ ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စစ်ဆေးနေတာကြောင့် ဒေသခံတွေ ကြောက်လန့်ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေဟာ ဘုရားပေါင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ စခန်းချနေထိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့သတင်း ကိုခင်မောင်စိုးမင်း က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က တောင်ပေါက်ကျေးရွာနဲ့ ဘုရားပေါင်းကျေးရွာတွေမှာ အင်္ဂါနေ့မနက်က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စစ်ဆေးနေတာကြောင့် ဒေသခံတွေ ကြောက်လန့်ထွက်ပြေးခဲ့ရတဲ့အကြောင်း ကျောက်တော်မြို့ခံတဦးက VOA ကို ပြောပါတယ်။

“ အဲဒီရွာတွေက ၂၀၂၀က မီးရှို့ခံရတဲ့ ရွာဆိုတော့ အကုန်လုံး စစ်တပ်ကို မြင်တာနဲ့ ထွက်ပြေးတယ်။ အဲဒီမှာ စစ်တပ်ရောက်သွားတော့ ကျေးရွာအုပ်ချုပ်ရေးမှူးကိုရှာတယ်။ စစ်ဆေးမေးမြန်းတာရှိတယ်။ ပြီးတော့ မောင်ဝင်းလှိုင်ဆိုတဲ့ ကောင်လေးနဲ့ နောက်ကောင်လေးတကောင်ကို ဖမ်းဆီးပြီးတော့ စစ်တယ်။ ပြီးတော့ ပြန်လွတ်ပေးလိုက်တယ်ဗျာ။ အခုတော့ ဘုရားပေါင်း ကျေးရွာဖက်ကိုထွက်သွားတယ်။ အဲဒီရွာက ဘုန်းကြီးကျောင်းမှာ စခန်းချပြီးတော့ နေတယ်။ ဘုရားပေါင်း ကျေးရွာသားတွေလည်း ကြောက်ပြီးတော့ ထွက်ပြေးသွားတာကိုတွေ့ရတယ်ဗျ။”

လူအင်အား တရာလောက်ရှိတဲ့ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီးတော့ ရွာမှာ စစ်ဆေးနေတာကြောင့် ကြောက်လန့်ပြီးတော့ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရတယ်လို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ တောင်ပေါက်ကျေးရွာသားတဦးကပြောပါတယ်။

“ သူတို့က ရွာကလူတွေကို ဖမ်းတယ်လေ။ မိန်းမ ယောကျာ်းအကုန်ဖမ်းပြီးတော့ စစ်တယ်လေ။ အခုဆိုရင် ရွာကနေပြီးတော့ ထွက်လို့ပြေးနေရတာပေါ့။ တရွာလုံးလို့ ပြောလို့ရတာပေါ့။ အဘိုးတွေ အဘွားတွေ ၁၀ယောက်လောက်ပဲကျန်ခဲ့တာ။ ကျန်တဲ့သူတွေကတော့ အကုန်လုံးပြေး ရတာပါပဲ။”

လက်ရှိစစ်ကောင်စီတပ်သားတွေ ဝင်ရောက်စစ်ဆေးနေတဲ့ တောင်ပေါက်ကျေးရွာနဲ့ ဘုရားပေါင်းကျေးရွာဟာ ရွာချင်းကပ်ကျေးရွာတွေ ဖြစ်သလို ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် စက်တင်ဘာလက စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်စီးတာကို ခံရတဲ့ ကျေးရွာတွေ လည်းဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒေသခံတွေဟာ စစ်ကောင်စီတပ်တွေကို မြင်တာနဲ့ ကြောက်လန့်နေရသလို ဖမ်းဆီးစစ်ဆေးလို့ မဖြေနိုင်ရင် အသတ်ခံရမှာကို စိုးရိမ်တာကြောင့် အခုလို ထွက်ပြေးလာတာရဖြစ်တယ်လို့လည်း တောင်ပေါက်ဒေသခံတဦးက ပြောပါတယ်။

“ ဖမ်းပြီးတော့ စစ်ရင် ကိုယ်ကမဖြေနိုင်ရင် ရိုက်မှာ သတ်မှာကို ကြောက်တာပဲ။ မိန်းမ ယောကျာ်းအကုန်လုံးက အဲဒါကြောင့် ကြောက်ပြီးတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထွက်ပြေးနေရတာပါပဲ။”

အခုအချိန်အထိတော့ ကျေးရွာတွေကို ဝင်ရောက်စစ်ဆေးပေမဲ့ ဖမ်းဆီးခံရတဲ့ သတင်းတွေ၊ သတ်ဖြတ်ခံရတဲ့ သတင်းတွေ မရရှိသေးပါဘူး။ တောင်ပေါက်ကျေးရွာနဲ့ ဘုရားပေါင်းကျေးရွာတွေကို ဝင်ရောက်စစ်ဆေးနေတာနဲ့ ပတ်သတ်ပြီးမေးမြန်းဖို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနဲ့ စစ်ကောင်စီပြောခွင့်ရသူကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရရှိသေးပါဘူး။

XS
SM
MD
LG