သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေထာက္အထားမဲ့ ျမန္မာ ၁ဝဝ ေက်ာ္ ထိုင္းအာဏာပိုင္ေတြဖမ္းဆီး


အေထာက္အထားမဲ့ ျမန္မာ ၁၀၀ ေက်ာ္ ထိုင္းအာဏာပိုင္ေတြဖမ္းဆီး

ထိုင္းႏိုင္ငံ ကို တရားမ၀င္ ၀င္ေရာက္လာၾကတဲ့ ျမန္မာႏို္င္ငံသား ၄၅ေယာက္ကို ေအာက္တိုဘာလ၂၃ ရက္ေန႔ က ထိုင္းအာဏာပုိင္ေတြ ဖမ္းမိခဲ့ျပီး ၃ ရက္အတြင္း ကမ္ခ်နဘူရီ နဲ႔ ခ်င္းမိုင္နယ္စပ္ကေန ၀င္လာၾကတဲ့ ျမန္မာ ၁၀၀ ေက်ာ္ကုိ ဖမ္းမိခဲ့ပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပို႔ ထားပါတယ္ ။

အေထာက္အထားမဲ့ ျမန္မာ ၁ဝဝ ေက်ာ္ ထိုင္းအာဏာပိုင္ေတြဖမ္းဆီး

{{Zawgyi/Unicode}}
ထိုင္းႏိုင္ငံ၊ ကန္ခ်နဘူရီျပည္နယ္ ထဲကို တရားမဝင္ ဝင္ေရာက္လာၾကတဲ့ ျမန္မာႏို္င္ငံသား ၄၅ေယာက္ကို ေအာက္တိုဘာလ၂၃ ရက္ေန႔ က ထိုင္းအာဏာပုိင္ေတြ ဖမ္းမိခဲ့ျပီး ၃ ရက္အတြင္း ကမ္ခ်နဘူရီ နဲ႔ ခ်င္းမိုင္နယ္စပ္ကေန ဝင္လာၾကတဲ့ ျမန္မာ ၁ဝဝ ေက်ာ္ကုိ ဖမ္းမိခဲ့ပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပို႔ ထားပါတယ္ ။

ထိုင္း ျမန္မာနယ္စပ္၊ ကမ္ခ်နဘူရီ ျပည္နယ္က နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္လာၾကတဲ့ ျမန္မာအလုပ္သမား ၄၅ ေယာက္ကို အစုလိုက္ အျပံဳလိုက္ဖမ္းမိခဲ့သလို ၃ရက္အတြင္း ကမ္ခ်ဘူရီနယ္စပ္မွာ ဖမ္းမိသူ ၉၀ေက်ာ္ရွိတယ္လို႔ ျမန္မာျပည္သားမ်ားအေရး ပူးတဲြလႈပ္ရွားမႈေကာ္မတီရဲ႕ ဥကၠဌ ဦးမိုးႀကိဳး က အခုလိုေျပာပါတယ္။

၂၃ ရက္ေန႔မွာ ၄၅ ေယာက္မိတယ္။ ၂၄ရက္ေန႔ကေတာ့ ၁၃ေယာက္မိတယ္ ။ အဲဒီ ကမ္ခ်နဘူရီျပည္နယ္ထဲမွာ တရားမ၀င္ ျမန္မာ ၅၈ေယာက္ လမ္းျပပဲြစား ၁ေယာက္ ဖမ္းမိတယ္ ။ ေအာက္တုိဘာ၂၂ ရက္ ၂၃ရက္ ၂၄ရက္ေန႔ အဲဒီ ၃ရက္အတြင္း ကမ္ခ်နဘူရီျပည္နယ္ ထဲမွာပဲ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္တဲ့ ျမန္မာ၉၆ေယာက္ကုိ ထိုင္းတပ္မေတာ္က လက္ရဖမ္းမိခဲ့ျပီး လူပဲြစား၂ေယာက္ကုိ ဖမ္းဆီးရမိပါတယ္။

ဖမ္းဆီးခံရတဲ့ ျမန္မာေတြကေတာ့ တနသၤာရီတိုင္း ထီးခီးနယ္စပ္က၀င္လာႀကတဲ့ ထားဝယ္ေဒသခံေတြ အပါအဝင္ ေနျပည္ေတာ္၊ ပဲခူး၊ ရန္ကုန္၊ မေကြး နဲ႔ ေမာ္လၿမိဳင္တို႔က လာႀကသူေတြျဖစ္ႀကပါတယ္။

သူတို႔ေတြဟာ စမြတ္ပရာကန္ ၊ ပထုံဌာနီ၊ ခြ်န္ဘူရီနဲ႔ စရာဘူရီျပည္နယ္ေတြမွာ အလုပ္လုပ္ကိုင္ႀကဖို႔ လာႀကသူေတြျဖစ္ပါတယ္။

အလားတူ ခ်င္းမိုင္ျပည္နယ္ထဲမွာလည္း ေအာက္္တိုဘာလ၂၄ရက္ေန႔က ကေလးသူငယ္ေတြ ပါ၀င္ၾကတဲ့ ျမန္မာနိုင္ငံသားေတြကို အစုလိုက္ အျပံဳလိုက္ ဖမ္းမိခဲ့ပါတယ္။

ထိုင္းႏိုင္ငံေျမာက္ပုိင္း ခ်င္းမိုင္ျပည္နယ္ထဲမွာေတာ့ ၂၆ေယာက္ကို ဖမ္းမိခဲ့တယ္။ အဲဒီမွာ ေယာက္က်ားေလး ၁၆ေယာက္ မိန္းကေလး ၉ေယာက္ ကေလး၆ေယာက္ ပါတယ္။

ထိုင္းအစိုးရက နယ္စပ္လမ္းေတြက၀င္လာၾကတဲ့ ျမန္မာေတြကို အခုလို ဖမ္းဆီးေနသလို ထုိင္းျမန္မာနယ္စပ္ျမိဳ႔ေတြထဲမွာလည္း စစ္ဆင္ေရးေတြလုပ္ျပီး ဖမ္းဆီးေနတာေႀကာင့္ တာခ္ျပည္နယ္ မဲေဆာက္ျမိဳထဲမွာလည္း ဒီရက္ပိုင္းအတြင္း ေန႔စဥ္ အေထာက္အထားမဲ့ ျမန္မာ ရာဂဏန္းေလာက္ ဖမ္းဆီးခံေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

.............................................

အထောက်အထားမဲ့ မြန်မာ ၁၀၀ ကျော် ထိုင်းအာဏာပိုင်တွေဖမ်းဆီး

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ် ထဲကို တရားမဝင် ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသား ၄၅ယောက်ကို အောက်တိုဘာလ၂၃ ရက်နေ့ က ထိုင်းအာဏာပိုင်တွေ ဖမ်းမိခဲ့ပြီး ၃ ရက်အတွင်း ကမ်ချနဘူရီ နဲ့ ချင်းမိုင်နယ်စပ်ကနေ ဝင်လာကြတဲ့ မြန်မာ ၁၀၀ ကျော်ကို ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ် ။

ထိုင်း မြန်မာနယ်စပ်၊ ကမ်ချနဘူရီ ပြည်နယ်က နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြတဲ့ မြန်မာအလုပ်သမား ၄၅ ယောက်ကို အစုလိုက် အပြုံလိုက်ဖမ်းမိခဲ့သလို ၃ရက်အတွင်း ကမ်ချဘူရီနယ်စပ်မှာ ဖမ်းမိသူ ၉၀ကျော်ရှိတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ ဥက္ကဌ ဦးမိုးကြိုး က အခုလိုပြောပါတယ်။

၂၃ ရက်နေ့မှာ ၄၅ ယောက်မိတယ်။ ၂၄ရက်နေ့ကတော့ ၁၃ယောက်မိတယ် ။ အဲဒီ ကမ်ချနဘူရီပြည်နယ်ထဲမှာ တရားမဝင် မြန်မာ ၅၈ယောက် လမ်းပြပွဲစား ၁ယောက် ဖမ်းမိတယ် ။ အောက်တိုဘာ၂၂ ရက် ၂၃ရက် ၂၄ရက်နေ့ အဲဒီ ၃ရက်အတွင်း ကမ်ချနဘူရီပြည်နယ် ထဲမှာပဲ တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့ မြန်မာ၉၆ယောက်ကို ထိုင်းတပ်မတော်က လက်ရဖမ်းမိခဲ့ပြီး လူပွဲစား၂ယောက်ကို ဖမ်းဆီးရမိပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာတွေကတော့ တနင်္သာရီတိုင်း ထီးခီးနယ်စပ်ကဝင်လာကြတဲ့ ထားဝယ်ဒေသခံတွေ အပါအဝင် နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ မကွေး နဲ့ မော်လမြိုင်တို့က လာကြသူတွေဖြစ်ကြပါတယ်။

သူတို့တွေဟာ စမွတ်ပရာကန် ၊ ပထုံဌာနီ၊ ချွန်ဘူရီနဲ့ စရာဘူရီပြည်နယ်တွေမှာ အလုပ်လုပ်ကိုင်ကြဖို့ လာကြသူတွေဖြစ်ပါတယ်။

အလားတူ ချင်းမိုင်ပြည်နယ်ထဲမှာလည်း အောက်တိုဘာလ၂၄ရက်နေ့က ကလေးသူငယ်တွေ ပါဝင်ကြတဲ့ မြန်မာနိုင်ငံသားတွေကို အစုလိုက် အပြုံလိုက် ဖမ်းမိခဲ့ပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်ထဲမှာတော့ ၂၆ယောက်ကို ဖမ်းမိခဲ့တယ်။ အဲဒီမှာ ယောက်ကျားလေး ၁၆ယောက် မိန်းကလေး ၉ယောက် ကလေး၆ယောက် ပါတယ်။

ထိုင်းအစိုးရက နယ်စပ်လမ်းတွေကဝင်လာကြတဲ့ မြန်မာတွေကို အခုလို ဖမ်းဆီးနေသလို ထိုင်းမြန်မာနယ်စပ်မြို့တွေထဲမှာလည်း စစ်ဆင်ရေးတွေလုပ်ပြီး ဖမ်းဆီးနေတာကြောင့် တာခ်ပြည်နယ် မဲဆောက်မြိုထဲမှာလည်း ဒီရက်ပိုင်းအတွင်း နေ့စဉ် အထောက်အထားမဲ့ မြန်မာ ရာဂဏန်းလောက် ဖမ်းဆီးခံနေကြရပါတယ်။

XS
SM
MD
LG