သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပန္လြတ္လာတဲ့ အမ်ိဳးသမီးသတင္းသမားေတြ ႀကဳံရတဲ့ အခက္အခဲ


အက်ဥ္းေထာင္က ျပန္လြတ္လာေပမဲ့ အခ်ိန္မေ႐ြး ျပန္အဖမ္းခံရႏိုင္တဲ့ စိုးရိမ္မႈေတြနဲ႔ အလုပ္ လုပ္ဖို႔အတြက္ အခက္အခဲေတြ အမ်ားအျပား ရွိေနတယ္လို႔ အက်ဥ္းေထာင္ကေန ျပန္လည္ လြတ္ေျမာက္လာတဲ့ အမ်ိဳးသမီး သတင္းေထာက္တခ်ိဳ႕က ေျပာပါတယ္။

[Unicode]

ပြန်လွတ်လာတဲ့ အမျိုးသမီးသတင်းသမားတွေ ကြုံရတဲ့ အခက်အခဲ (အမျိုးသမီးကဏ္ဍ)

အကျဉ်းထောင်က ပြန်လွတ်လာပေမဲ့ အချိန်မရွေး ပြန်အဖမ်းခံရနိုင်တဲ့ စိုးရိမ်မှုတွေနဲ့ အလုပ် လုပ်ဖို့အတွက် အခက်အခဲတွေ အများအပြား ရှိနေတယ်လို့ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ အမျိုးသမီး သတင်းထောက်တချို့က ပြောပါတယ်။ သတင်းသမားတွေ သတင်းအလုပ် လုပ်လို့ ဖမ်းဆီးခံရတာဟာ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းမှာ သိသိသာသာ ပိုဆိုးလာတယ်လို့လည်း ထောက်ပြကြပါတယ်။ သိပ်မကြာခင် လပိုင်းတွေအတွင်း လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာတဲ့ အမျိုးသမီး သတင်းသမားတချို့ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာ သိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံရတဲ့ သတင်းသမား ၁၄၀ ကျော်ရှိပြီး ပြန်လွတ်လာသူတချို့ ရှိပေမဲ့ အကျဉ်းထောင်တွင်း ဆက်လက် ထိန်းသိမ်းခံနေရသူတွေ၊ အမှု ရင်ဆိုင်နေရသူတွေလည်း ရှိနေပါသေးတယ်။ ဒီအထဲမှာ အမျိုးသမီး သတင်းထောက်တွေလည်း ပါ ပါတယ်။ ဒီနှစ် နှစ်ဆန်းပိုင်းက လွတ်ငြိမ်း သက်သာခွင့်နဲ့ ပြန်လွတ်လာတဲ့ MPA သတင်းဌာန အလွတ်သတင်းထောက် မသူဇာကတော့ ပြန်လွတ်လာပေမဲ့ သတင်းထောက်အလုပ် ပြန်လုပ်ဖို့ မလွယ်ကူသလို၊ လုံခြုံရေးအတွက် အချိန်ပြည့် စိုးရိမ်နေရတယ်လို့ ပြောပြပါတယ်။

“ကျမ အခု ပြန်လွတ်လာပြီ။ ကျမ ဘာမှမလုပ်ဘူး။ အိမ်မှာပဲ ကျမ မိသားစုလေးနဲ့ နေရင်တောင် မလုံခြုံဘူးဆိုတဲ့ အမြင်မျိုးတွေ ရှိနေသေးတယ်ရှင့်။ ငါ လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ရပြီလား။ နေလို့ရပြီလားဆိုတဲ့ အမြင်မျိုးတောင် ကျမကိုယ်ကျမ မမေးရဲလောက်အောင် ဖြစ်နေတယ်။ ငါ ဘာမှမလုပ်ဘဲနဲ့တောင် ငါ့ကို အချိန်မရွေး ခေါ်ပြီးတော့ ထပ်ပြီးတော့ စစ်ဆေးမှာလား။ ထပ်ခေါ်သွားဦးမှာလား ဆိုတာမျိုး။ ပြန်လွတ်လာတဲ့သူတောင် ကျမ လုံခြုံမှုအတွက် စိုးရိမ်နေရသေးတယ် ဆိုတော့ တခြားသူတွေ ဆိုရင်လည်း ကျမတို့ သတင်းထောက်တွေက သူတို့ပြောထားသလို သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံလို့ ပြောထားတဲ့ အထဲမှာကို ပြည်သူတွေကလည်း လွတ်လပ်စွာ သတင်း သိပိုင်ခွင့် ရှိသလို၊ သတင်းမီဒီယာသမားတွေကလည်း ပြည်သူတွေ သိပိုင်ခွင့်ရှိတဲ့ သတင်းကို လွတ်လပ်စွာ တင်ပြပိုင်ခွင့် ရှိတယ်ဆိုပြီးတော့ ကျမတို့တွေ သိထားတယ်။ နောက်ပြီးတော့ မီဒီယာဥပဒေအရ ဆိုရင်လည်း ပြည်သူတွေ သိခွင့်ရှိတဲ့သတင်းတွေကို ဘက်ညီအောင် ရေးသားပိုင်ခွင့်၊ ဖော်ပြပိုင်ခွင့် ရှိတယ်လို့ ဖော်ပြထားပေမဲ့လည်း အခုလက်ရှိ ကျမတို့ သတင်းသမားတွေရဲ့ အန္တရာယ်ကတော့ မြင်တဲ့အတိုင်းပဲ၊ နိုင်ငံတကာက စောင့်ကြည့်နေတဲ့အတိုင်းပဲ ပြည်တွင်းမှာ ဖမ်းဆီးခံနေရတာတွေ။ အခြေအနေက ဆိုးဆိုးရွားရွား ဖြစ်နေတာကတော့ တော်တော် စိတ်မကောင်းစရာပါ။”

ပြန်လွတ်လာပြီးနောက်ပိုင်း လုံခြုံရေးအတွက် စိုးရိမ်နေရတာ ကတော့ မသူဇာတယောက်တည်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာလက လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာတဲ့ သံလွင်သွေးချင်း သတင်းဌာန အယ်ဒီတာ မမြဝန်းရံ ဆိုရင်လည်း ပြန်လွတ်လာပေမဲ့ သတင်းသမားအလုပ် ပြန်လုပ်လို့ မရအောင် ကန့်သတ် စောင့်ကြည့်မှုတွေ ကြုံနေရတုန်းပဲလို့ ပြောပါတယ်။

“ဘယ်လောက်အထိ စိုးရိမ်ရလဲ ဆိုရင် ခုထိလည်း စိုးရိမ်စရာပဲပေါ့နော်။ အစ်မတို့ဆိုရင် အပြစ်ဆိုပြီး ပြစ်ဒဏ်ချလိုက်တယ်။ အစ်မတို့လိုပဲ လွတ်လာတဲ့ သူတွေလည်း ရှိတယ်။ ဒါပေမဲ့ အခုထိလည်း သူတို့က စောင့်ကြည့်နေဆဲ၊ ကန့်သတ်နေဆဲပဲ။ သတင်းတွေ လုပ်လို့မရဘူး။ ဇွတ်လုပ်လို့ရှိရင်လဲ သိတဲ့အတိုင်းပဲ အစ်မတို့က ဖြစ်နေတဲ့အတိုင်း မြေပြင်သတင်းကို တင်ရမှာဖြစ်တဲ့အတွက် သူတို့က ပြန်ဖမ်းမှာပဲ။ သူတို့ရဲ့ ပေါ်လစီနဲ့မကိုက်တာ၊ သူတို့နဲ့ဆန့်ကျင်တယ်လို့ မြင်တဲ့သတင်းဆိုရင် ဘယ်လောက်ပဲမှန်မှန် အစ်မတို့ကို အချိန်မရွေး ပြန်ဖမ်းနိုင်တယ်။ ဒါကြောင့်မိုလို့ SAC တက်လာပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သတင်းသမားတွေအတွက် အခြေအနေကတော့ လက်ရှိမှာ မကောင်းပါဘူး။ အစ်မဆိုရင် လွတ်ငြိမ်းနဲ့ ပြန်လွတ်တယ်ပေါ့နော်။ ရှေ့ကလွတ်တယ်ဆိုရင် သူတို့ရဲ့ ပြစ်ဒဏ်စေ့လို့ လွတ်တာရှိတယ်။ မိန်းခလေးတွေထဲကဆိုရင် ရှမ်းပြည်ဘက်က ကမ္ဘောဇတိုင်းက နှစ်ယောက်လွတ်တယ်။ ဘယ်သူပဲဖြစ်ဖြစ် သူတို့ကတော့ အကုန်လုံးကို စောင့်ကြည့်မယ်။ ရဲစခန်းမှာ လက်မှတ်ထိုးရတာကိုး။ ထောင်ကနေ ထွက်ပြီးတော့ ထောင်မှာလည်း တခါ စကားပြောရတယ်။ ပြီးရင် ရဲစခန်းကို ခေါ်သွားတယ်။ ရဲစခန်းမှာလည်း ပြောရတဲ့အချိန်မှာ စောင့်ကြည့်မယ်ဆိုတဲ့ စကားပဲ။ ပြန်အဖမ်းခံရမယ်ဆိုရင် ပြစ်ဒဏ်ကို ကျန်ခဲ့တဲ့ပြစ်ဒဏ်တွေ ပြန်ပြီးတော့ ထပ်ပြီးတော့ ပူးပေါင်းကျခံရမယ်ဆိုပြီး သတိပေးတယ်။ စောင့်ကြည့်မယ်ဆိုတာ သတိပေးတယ်။”

သတင်းသမားတယောက် အနေနဲ့ ကိုယ့်ရဲ့ သတင်းထောက် အလုပ်ကိုလုပ်ရင်း ဖမ်းဆီးခံရသလို၊ ကိုယ် မကျူးလွန်တဲ့ ပုဒ်မတွေနဲ့ စွဲဆို ထောင်ချ ခံခဲ့ရတာလို့လည်း ပြန်လွတ်လာတဲ့ သတင်းသမားတွေက ပြောပြကြပါတယ်။ လက်ရှိ အကျဉ်းထောင်တွေထဲမှာ ဒီလို ဖမ်းဆီး ထောင်ချခံရတဲ့ အမျိုးသမီး သတင်းသမားတချို့ ရှိနေသေးတာမို့ သူတို့ကိုလည်း ပြန်လည် လွတ်မြောက်စေချင်တယ်လို့ မသူဇာက ပြောပါတယ်။

“အမျိုးသမီး သတင်းထောက်တွေ အထဲမှာ ကျန်နေပါသေးတယ်။ ကျမ အင်းစိန်ထောင်ထဲ ရောက်သွားတဲ့အချိန်မှာ ထောင်ထဲမှာ တွေ့ခဲ့ရတာက အရင် ဘီဘီစီ မီဒီယာအက်ရှင်မှာ လုပ်ခဲ့ဖူးတဲ့ မထက်ထက်ခိုင်၊ ပြီးတော့ သင်္ကန်းကျွန်းပို့စ်မှာလုပ်တဲ့ မထက်ထက်အောင် ကိုတွေ့ရတယ်။ ပြီးတော့ မေဘယ်။ သူက မဇ္ဇျိမ ကလို့ ပြောတယ်။ မမေဘယ်ကိုလည်း တွေ့ရတယ်။ နောက် တခြား အွန်လိုင်းမှာလုပ်တဲ့ အမျိုးသမီး နည်းနည်း အရွယ်ခပ်ကြီးကြီး အဒေါ်တယောက်ကိုလည်း တွေ့ခဲ့ရတယ်။ နောက်ပြီးတော့ MRTV4 ကလား မသိဘူး။ တယောက်ကိုလည်း ကြုံခဲ့ရတယ်။ နောက်ပြီေးတာ့ ဆေးရုံမှာ ပန်းပင်ကြီးလမ်းမှာဖြစ်သွားတဲ့ ကားနဲ့တိုက်မိပြီး ဆေးရုံရောက်နေတဲ့ ညီမလေး မှူးရတနာထက်ထက်ထွန်း လား။ အဲ့ဒီညီမလေးကိုလည်း တွေ့ခဲ့ရတယ်ရှင့်။ အခု အဖမ်းခံထားရတဲ့ အမျိုးသမီးတွေ၊ ကျမနဲ့ဆုံခဲ့ရတဲ့ အမျိုးသမီး သတင်းထောက်တွေတိုင်းက သတင်းရေးသားမှုကို လုပ်ဆောင်နေခဲ့တဲ့ သတင်းထောက်တွေပါ။ သူတို့ဟာ တခြားဟာတွေနဲ့ ချိတ်ဆက်ပြီး လုပ်ခဲ့တာမျိုးတွေ မဟုတ်ဘူး။ သူတို့ဟာ သတင်းကိုပဲ အဓိကထား လုပ်ရင်းနဲ့ အဖမ်းခံရပြီး အဲ့ဒါနဲ့မဆိုင်သော ပုဒ်မတွေနဲ့ ချိတ်ဆက်ပြီး အမှုဖွင့်ခံရတယ်ဆိုတာ ကျမ သိရတယ်။ ကျမ ကိုယ်တိုင်လည်း သတင်းရေးရင်းပဲ ကျမကို သူတို့ခေါ်သွားတယ်။ သတင်းထောက်မှန်း သိတဲ့အချိန်မှာ ကျမကို ၅၀၅ တပ်ပြီးတော့ အမှု ရင်ဆိုင်ခိုင်းတယ်။ ကျမလည်း သတင်းရေးနေရင်းနဲ့ ပါသွားတဲ့သတင်းထောက်ထဲမှာ ပါ ပါတယ်။”

စစ်အုပ်ချုပ်မှုအောက်မှာ သတင်းသမားတွေ လွတ်လွတ်လပ်လပ် သတင်းတင်ပြခွင့် မရတာ၊ ဖိနှိပ်ခံရတာတွေ ပိုဆိုးလာတယ်ဆိုတာကို ပြည်တွင်းပြည်ပ သတင်းမီဒီယာ လွတ်လပ်ခွင့် လှုပ်ရှားတောင်းဆိုတဲ့ အဖွဲ့တွေက ထောက်ပြ ပြောဆိုထားကြပါတယ်။ ဒီအခြေအနေက တိုင်းပြည်အတွက်ပဲ ဆုံးရှုံးနစ်နာစေတာ ဖြစ်တယ်လို့ သံလွင်သွေးချင်း သတင်းဌာနက မမြဝန်းရံ က ပြောပါတယ်။

“နစ်နာတာပေါ့။ ဘာလို့လဲဆိုတော့ local မှာရှိတဲ့သတင်းသမားတွေကို အခုလိုမျိုး ဝရမ်းတွေထုတ်တယ်။ ဖမ်းတယ်။ သတင်းလုပ်ခွင့် မပေးတဲ့အတွက်ကြောင့်မိုလို့ ပြောရလို့ရှိရင် အမြဲတမ်း ပရော်ဖက်ရှင်နယ် အနေနဲ့လုပ်တဲ့လူတွေက သတင်းမီဒီယာ ဥပဒေတွေကိုလည်း သိပြီးသား။ ကျင့်ဝတ်တွေကိုလည်း သိပြီးသား။ အခုကာလမှာ တကယ့် သတင်းသမားတွေ၊ အတွေ့အကြုံရှိတဲ့ သတင်းသမားတွေ အလုပ် မလုပ်ရတော့ဘူး။ တချို့ ဆိုရင်လဲ ကြောက်လို့ ရပ်နေရတယ်။ တချို့ဆိုရင်လည်း ရှောင်နေရ၊ ပုန်းနေရတယ်။ တချို့တွေ ဆိုရင်လည်း ထောင်ထဲမှာ ရှိနေတယ်။ မလုပ်ရတော့တဲ့အတွက် ဘာတွေဖြစ်လာလဲဆိုတော့ ဆိုရှယ်မီဒီယာကို လွယ်လွယ်ကူကူ သုံးပြီးတော့ ပို့စ်တင်တဲ့ဟာက သတင်းဆိုတာမျိုး ဖြစ်လာတယ်။ အဲ့ဒီတော့ မြေပြင်ကသတင်း မှန်လား မမှန်ဘူးလား ဘယ်သူမှ confirm အတည်မပြု နိုင်တော့ဘူး။ confirm မလုပ်နိုင်တဲ့အတွက် ပိုပြီးတော့ ပဋိပက္ခကို ပိုပြီး ဖြစ်စေတယ်။ သတင်းမှားတွေကနေ လူတွေကို စိုးရိမ်ကြောင့်ကြမှုတွေ ပိုဖြစ်စေတယ်။ နှစ်ဘက်စလုံးပေါ့။ လက်ရှိ SAC ကိုရော၊ ဒီဘက်က NUG ၊ CRPH ရော၊ နောက် တောထဲက ERO တွေရော၊ အကုန်လုံး PDF တွေရော ကြားထဲမှာ conflict တွေဖြစ်တယ်။ ဘယ်သတင်းက အမှန်လဲ။ နောက်တခါ ပြင်ပမှာ ထွက်ပြီး လုပ်နေရတဲ့ သတင်းဌာနတွေလည်း ရှိတယ်။ အဲ့ဒီသတင်းဌာနတွေ အတွက်လည်း အခက်အခဲကြီးလို့ မြင်ပါတယ်။ ဘာလို့လဲ ဆိုတော့ information အမှန်ရဖို့ ဆိုတာ အင်မတန် ခက်ခဲတယ်။ ဘယ်သူ့ဆီက သွားယူမလဲ။ အဲ့ဒီတော့ local journalist တွေ၊ local CJ တွေကို ပစ်မှတ်ထားပြီး ဖမ်းတာက တိုင်းပြည်မှာ အရမ်းနစ်နာတယ်။ အဖြေမှန် မပေါ်နိုင်ဘူး။ ပြီးတော့ သတင်းမှားတွေ fake news တွေ၊ false news တွေနဲ့ ပိုပြီးတော့ တိုင်းပြည်ကို နစ်နာအောင် လုပ်နိုင်တဲ့ အခြေအနေကြီး ဖြစ်နေတယ်။ ဆိုးရွားတဲ့ အခြေအနေကို ပိုပြီးတော့ တွန်းပို့သလို ဖြစ်တယ်လို့ မြင်ပါတယ်။”

သတင်းသမားတွေ အနေနဲ့ သတင်းသမားကျင့်ဝတ်နဲ့အညီ သတင်း ရေးသား ဖော်ပြတာကိုပဲ ပိတ်ပင်ကန့်သတ် ခံရပြီဆိုရင်တော့ ဒါဟာ သတင်းလွတ်လွပ်ခွင့် ဆိတ်သုဉ်းတာပဲလို့ မသူဇာကလည်း ပြောပါတယ်။

“သတင်းသမား မီဒီယာတွေရဲ့ ကျင့်ဝတ်မှာကို ဖော်ပြထားပြီးသားပါ။ ဘက်ညီမျှသော အသံတွေ ရယူတယ်ဆိုရင် ဒါဟာ မီဒီယာကျင့်ဝတ်နဲ့ အညီ သတင်းဖော်ပြတာပဲ။ ပြီးတော့ သတင်းက တဘက်က မတရားအသင်းမှ၊ တရားအသင်းမှ မဟုတ်ပါဘူး။ မြေပြင်မှာ ဖြစ်နေတဲ့ အခြေအနေကို နှစ်ဘက်ရှိလား။ သုံးဘက်ရှိလား။ သုံးဘက်အမြင်လား။ observation ပေါ့။ လူတွေ သုံးသပ်မြင်နိုင်တဲ့ အမြင်မျိုး ရှိသလို တဘက်မှာ ခံရတဲ့သူ၊ တဘက်မှာ ပြောတဲ့သူ အမြင်တွေရှိတယ်ဆိုတော့ အဘက်က်ကို ညီအောင်လုပ်ရင် ဒါဟာ သတင်းမီဒီယာ ကျင့်ဝတ်နဲ့အညီ ဖော်ပြတဲ့သတင်းပါ။ အဲ့ဒါကိုမှ တဘက်က မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး အကြောင်းအရာ ပြောပြီးတော့မှ တဘက်က သူတို့တွေ အကြမ်းဖက်အဖွဲ့ ဆိုပြီး သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာနဲ့ သတင်းသမားက တရားမဝင် ဖြစ်သွားတယ်။ ဒီဟာကို သတင်းရယူတာကိုက မဟုတ်ဘူး ဆိုရင်တော့ ဒါဟာ ပုံစံမကျပါဘူး။ အခုလက်ရှိ သူတို့ပြောနေတဲ့ အုပ်ချုပ်ရေး ကောင်စီဘက်ကရော ဘယ်လောက်အတိုင်းအတာအထိ မီဒီယာကဏ္ဍအပေါ်ကို လွတ်လပ်ခွင့် ပေးချင်သလဲ။ ဘာဖြစ်လို့လဲ ဆိုရင် သူ့အပေါ်မှာ မူတည်နေတာကိုး။ သူတို့ပြောတဲ့ ဥပဒေနဲ့ ညှိနေပြီဆိုရင် ချက်ချင်း လာဆွဲ လိုက်တာမျိုး။ စကားလေးတခွန်း စကားလုံးလေး တခုလောက်ကြောင့်လည်း ချက်ချင်း ဖမ်းလိုက်တာမျိုးကတော့ ဒါ လွတ်လပ်မှု လုံးဝ မရှိဘူးလို့ ပြောလို့ရတယ်လေ။ သတင်းသမားတွေ ဆိုတာက မြေပြင်မှာဖြစ်နေတဲ့ အခြေအနေရှိမယ်။ ဒီအုပ်ချုပ်ရေးကောင်စီက ပြောတဲ့အသံရှိမယ်။ တဘက်ကဖြစ်နေတဲ့ အသံရှိမယ်။ ဒါတွေကို ခြုံငုံပြီးတော့ ပြောပြပြီးတော့မှ သတင်းကဖြစ်မှာလေ။ ဒီအုပ်ချုပ်ရေးကောင်စီက ပြောတဲ့သတင်းချည်းပဲ ရယူတာဆိုရင်လည်း ဒါက မီဒီယာ ကျင့်ဝတ်နဲ့မညီပါဘူး။ တဘက်ကဖြစ်နေတဲ့ မြေပြင်သတင်းချည်းပဲ ရယူတယ်ဆိုရင်လည်း မီဒီယာကျင့်ဝတ်နဲ့ မညီပါဘူး။ အဲ့ဒီတော့ လွတ်လပ်ခွင့်ကို အရင်မသွားပါနဲ့ဦး။ မီဒီယာ ကျင့်ဝတ်နဲ့အညီ သတင်းဖော်ပြခွင့် ရအောင် တဘက်ဘက်က ကူညီ ဆောင်ရွက်ပြီးတော့၊ ဒါဟာ သတင်းသမားအနေနဲ့ ဖော်ပြတာပါလား ဆိုတဲ့ အမြင်မျိုးနဲ့တင် သတင်းတွေက ပြောရရင် လွတ်လပ်သော သတင်းဖော်ပြခွင့် လမ်းကြောင်းပေါ်ကို ပြန်တက်နိုင်တဲ့ အခြေအနေပါ။ အဲ့ဒီလိုမှမဟုတ်ဘူး ဆိုရင်တော့ ဒါက ဘယ်လိုမှ မီဒီယာလွတ်လပ်ခွင့် မရှိဘူး ဆိုတဲ့ အနေအထား ကတော့ လုံးဝ ဖြစ်နေဦးမှာပါ။”

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း သတင်းလွတ်လပ်ခွင့် အခြေအနေ သိသိသာသာ ဆုတ်ယုတ်သွားတယ် ဆိုတာကို နိုင်ငံတကာ သတင်းမီဒီယာ လွတ်လပ်ခွင့် အဖွဲ့ကြီးတွေက အချက်အလက်တွေနဲ့ ထောက်ပြထားပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း အဖမ်းခံရတဲ့ သတင်းထောက် ၁၄၀ ကျော်ရှိတာမှာ ၅၀ ကျော်လာက် ဆက်လက် ဖမ်းဆီး ထိန်းသိမ်း ခံနေရဆဲဖြစ်ပြီး သတ်ဖြတ်ခံရတဲ့ သတင်းသမား ၃ ဦး ရှိတယ်လို့ နိုင်ငံတကာ သတင်းသမားများအဖွဲ့ချုပ် IFJ က ပြောပါတယ်။ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ CPJ ကလည်း အလားတူ ထောက်ပြထားပြီး မြန်မာနိုင်ငံမှာ သတင်းသမားတွေကို အကြမ်းဖက်မှုစွဲချက်တွေနဲ့ မဟုတ်မမှန် စွပ်စွဲပြီး အရေးယူ ထောင်ချနေတာတွေ ရပ်ဖို့ တောင်းဆိုပါတယ်။ CPJ အဖွဲ့ရဲ့ လေ့လာစစ်တမ်းအရ မြန်မာနိုင်ငံဟာ သတင်းသမားတွေကို တရားစွဲဆို ထောင်ချမှု ကမ္ဘာ့ အဆိုးဆုံးနိုင်ငံ စာရင်းမှာ တရုတ်နိုင်ငံပြီးရင် ဒုတိယနေရာမှာ ရှိနေတယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

==========================================

[Zawgyi]

ျပန္လြတ္လာတဲ့ အမ်ိဳးသမီးသတင္းသမားေတြ ႀကဳံရတဲ့ အခက္အခဲ (အမ်ိဳးသမီးက႑)

အက်ဥ္းေထာင္က ျပန္လြတ္လာေပမဲ့ အခ်ိန္မေ႐ြး ျပန္အဖမ္းခံရႏိုင္တဲ့ စိုးရိမ္မႈေတြနဲ႔ အလုပ္ လုပ္ဖို႔အတြက္ အခက္အခဲေတြ အမ်ားအျပား ရွိေနတယ္လို႔ အက်ဥ္းေထာင္ကေန ျပန္လည္ လြတ္ေျမာက္လာတဲ့ အမ်ိဳးသမီး သတင္းေထာက္တခ်ိဳ႕က ေျပာပါတယ္။ သတင္းသမားေတြ သတင္းအလုပ္ လုပ္လို႔ ဖမ္းဆီးခံရတာဟာ စစ္တပ္အာဏာသိမ္းမႈ ေနာက္ပိုင္းမွာ သိသိသာသာ ပိုဆိုးလာတယ္လို႔လည္း ေထာက္ျပၾကပါတယ္။ သိပ္မၾကာခင္ လပိုင္းေတြအတြင္း လြတ္ၿငိမ္းသက္သာခြင့္နဲ႔ ျပန္လြတ္လာတဲ့ အမ်ိဳးသမီး သတင္းသမားတခ်ိဳ႕ကို ဆက္သြယ္ေမးျမန္းၿပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာ သိမ္းမႈေနာက္ပိုင္း ဖမ္းဆီးခံရတဲ့ သတင္းသမား ၁၄၀ ေက်ာ္ရွိၿပီး ျပန္လြတ္လာသူတခ်ိဳ႕ ရွိေပမဲ့ အက်ဥ္းေထာင္တြင္း ဆက္လက္ ထိန္းသိမ္းခံေနရသူေတြ၊ အမႈ ရင္ဆိုင္ေနရသူေတြလည္း ရွိေနပါေသးတယ္။ ဒီအထဲမွာ အမ်ိဳးသမီး သတင္းေထာက္ေတြလည္း ပါ ပါတယ္။ ဒီႏွစ္ ႏွစ္ဆန္းပိုင္းက လြတ္ၿငိမ္း သက္သာခြင့္နဲ႔ ျပန္လြတ္လာတဲ့ MPA သတင္းဌာန အလြတ္သတင္းေထာက္ မသူဇာကေတာ့ ျပန္လြတ္လာေပမဲ့ သတင္းေထာက္အလုပ္ ျပန္လုပ္ဖို႔ မလြယ္ကူသလို၊ လုံၿခဳံေရးအတြက္ အခ်ိန္ျပည့္ စိုးရိမ္ေနရတယ္လို႔ ေျပာျပပါတယ္။

“က်မ အခု ျပန္လြတ္လာၿပီ။ က်မ ဘာမွမလုပ္ဘူး။ အိမ္မွာပဲ က်မ မိသားစုေလးနဲ႔ ေနရင္ေတာင္ မလုံၿခဳံဘူးဆိုတဲ့ အျမင္မ်ိဳးေတြ ရွိေနေသးတယ္ရွင့္။ ငါ လြတ္လြတ္လပ္လပ္ ေနထိုင္ခြင့္ရၿပီလား။ ေနလို႔ရၿပီလားဆိုတဲ့ အျမင္မ်ိဳးေတာင္ က်မကိုယ္က်မ မေမးရဲေလာက္ေအာင္ ျဖစ္ေနတယ္။ ငါ ဘာမွမလုပ္ဘဲနဲ႔ေတာင္ ငါ့ကို အခ်ိန္မေ႐ြး ေခၚၿပီးေတာ့ ထပ္ၿပီးေတာ့ စစ္ေဆးမွာလား။ ထပ္ေခၚသြားဦးမွာလား ဆိုတာမ်ိဳး။ ျပန္လြတ္လာတဲ့သူေတာင္ က်မ လုံၿခံဳမႈအတြက္ စိုးရိမ္ေနရေသးတယ္ ဆိုေတာ့ တျခားသူေတြ ဆိုရင္လည္း က်မတို႔ သတင္းေထာက္ေတြက သူတို႔ေျပာထားသလို သူတို႔ရဲ႕ ၂၀၀၈ ဖြဲ႕စည္းပုံလို႔ ေျပာထားတဲ့ အထဲမွာကို ျပည္သူေတြကလည္း လြတ္လပ္စြာ သတင္း သိပိုင္ခြင့္ ရွိသလို၊ သတင္းမီဒီယာသမားေတြကလည္း ျပည္သူေတြ သိပိုင္ခြင့္ရွိတဲ့ သတင္းကို လြတ္လပ္စြာ တင္ျပပိုင္ခြင့္ ရွိတယ္ဆိုၿပီးေတာ့ က်မတို႔ေတြ သိထားတယ္။ ေနာက္ၿပီးေတာ့ မီဒီယာဥပေဒအရ ဆိုရင္လည္း ျပည္သူေတြ သိခြင့္ရွိတဲ့သတင္းေတြကို ဘက္ညီေအာင္ ေရးသားပိုင္ခြင့္၊ ေဖာ္ျပပိုင္ခြင့္ ရွိတယ္လို႔ ေဖာ္ျပထားေပမဲ့လည္း အခုလက္ရွိ က်မတို႔ သတင္းသမားေတြရဲ႕ အႏၲရာယ္ကေတာ့ ျမင္တဲ့အတိုင္းပဲ၊ ႏိုင္ငံတကာက ေစာင့္ၾကည့္ေနတဲ့အတိုင္းပဲ ျပည္တြင္းမွာ ဖမ္းဆီးခံေနရတာေတြ။ အေျခအေနက ဆိုးဆိုး႐ြား႐ြား ျဖစ္ေနတာကေတာ့ ေတာ္ေတာ္ စိတ္မေကာင္းစရာပါ။”

ျပန္လြတ္လာၿပီးေနာက္ပိုင္း လုံၿခဳံေရးအတြက္ စိုးရိမ္ေနရတာ ကေတာ့ မသူဇာတေယာက္တည္း မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ ၂၀၂၂ ႏိုဝင္ဘာလက လြတ္ၿငိမ္းသက္သာခြင့္နဲ႔ ျပန္လြတ္လာတဲ့ သံလြင္ေသြးခ်င္း သတင္းဌာန အယ္ဒီတာ မျမဝန္းရံ ဆိုရင္လည္း ျပန္လြတ္လာေပမဲ့ သတင္းသမားအလုပ္ ျပန္လုပ္လို႔ မရေအာင္ ကန႔္သတ္ ေစာင့္ၾကည့္မႈေတြ ႀကံဳေနရတုန္းပဲလို႔ ေျပာပါတယ္။

“ဘယ္ေလာက္အထိ စိုးရိမ္ရလဲ ဆိုရင္ ခုထိလည္း စိုးရိမ္စရာပဲေပါ့ေနာ္။ အစ္မတို႔ဆိုရင္ အျပစ္ဆိုၿပီး ျပစ္ဒဏ္ခ်လိုက္တယ္။ အစ္မတို႔လိုပဲ လြတ္လာတဲ့ သူေတြလည္း ရွိတယ္။ ဒါေပမဲ့ အခုထိလည္း သူတို႔က ေစာင့္ၾကည့္ေနဆဲ၊ ကန႔္သတ္ေနဆဲပဲ။ သတင္းေတြ လုပ္လို႔မရဘူး။ ဇြတ္လုပ္လို႔ရွိရင္လဲ သိတဲ့အတိုင္းပဲ အစ္မတို႔က ျဖစ္ေနတဲ့အတိုင္း ေျမျပင္သတင္းကို တင္ရမွာျဖစ္တဲ့အတြက္ သူတို႔က ျပန္ဖမ္းမွာပဲ။ သူတို႔ရဲ႕ ေပၚလစီနဲ႔မကိုက္တာ၊ သူတို႔နဲ႔ဆန႔္က်င္တယ္လို႔ ျမင္တဲ့သတင္းဆိုရင္ ဘယ္ေလာက္ပဲမွန္မွန္ အစ္မတို႔ကို အခ်ိန္မေ႐ြး ျပန္ဖမ္းႏိုင္တယ္။ ဒါေၾကာင့္မိုလို႔ SAC တက္လာၿပီး အာဏာသိမ္းၿပီးေနာက္ပိုင္းမွာေတာ့ သတင္းသမားေတြအတြက္ အေျခအေနကေတာ့ လက္ရွိမွာ မေကာင္းပါဘူး။ အစ္မဆိုရင္ လြတ္ၿငိမ္းနဲ႔ ျပန္လြတ္တယ္ေပါ့ေနာ္။ ေရွ႕ကလြတ္တယ္ဆိုရင္ သူတို႔ရဲ႕ ျပစ္ဒဏ္ေစ့လို႔ လြတ္တာရွိတယ္။ မိန္းခေလးေတြထဲကဆိုရင္ ရွမ္းျပည္ဘက္က ကေမာၻဇတိုင္းက ႏွစ္ေယာက္လြတ္တယ္။ ဘယ္သူပဲျဖစ္ျဖစ္ သူတို႔ကေတာ့ အကုန္လုံးကို ေစာင့္ၾကည့္မယ္။ ရဲစခန္းမွာ လက္မွတ္ထိုးရတာကိုး။ ေထာင္ကေန ထြက္ၿပီးေတာ့ ေထာင္မွာလည္း တခါ စကားေျပာရတယ္။ ၿပီးရင္ ရဲစခန္းကို ေခၚသြားတယ္။ ရဲစခန္းမွာလည္း ေျပာရတဲ့အခ်ိန္မွာ ေစာင့္ၾကည့္မယ္ဆိုတဲ့ စကားပဲ။ ျပန္အဖမ္းခံရမယ္ဆိုရင္ ျပစ္ဒဏ္ကို က်န္ခဲ့တဲ့ျပစ္ဒဏ္ေတြ ျပန္ၿပီးေတာ့ ထပ္ၿပီးေတာ့ ပူးေပါင္းက်ခံရမယ္ဆိုၿပီး သတိေပးတယ္။ ေစာင့္ၾကည့္မယ္ဆိုတာ သတိေပးတယ္။”

သတင္းသမားတေယာက္ အေနနဲ႔ ကိုယ့္ရဲ႕ သတင္းေထာက္ အလုပ္ကိုလုပ္ရင္း ဖမ္းဆီးခံရသလို၊ ကိုယ္ မက်ဴးလြန္တဲ့ ပုဒ္မေတြနဲ႔ စြဲဆို ေထာင္ခ် ခံခဲ့ရတာလို႔လည္း ျပန္လြတ္လာတဲ့ သတင္းသမားေတြက ေျပာျပၾကပါတယ္။ လက္ရွိ အက်ဥ္းေထာင္ေတြထဲမွာ ဒီလို ဖမ္းဆီး ေထာင္ခ်ခံရတဲ့ အမ်ိဳးသမီး သတင္းသမားတခ်ိဳ႕ ရွိေနေသးတာမို႔ သူတို႔ကိုလည္း ျပန္လည္ လြတ္ေျမာက္ေစခ်င္တယ္လို႔ မသူဇာက ေျပာပါတယ္။

“အမ်ိဳးသမီး သတင္းေထာက္ေတြ အထဲမွာ က်န္ေနပါေသးတယ္။ က်မ အင္းစိန္ေထာင္ထဲ ေရာက္သြားတဲ့အခ်ိန္မွာ ေထာင္ထဲမွာ ေတြ႕ခဲ့ရတာက အရင္ ဘီဘီစီ မီဒီယာအက္ရွင္မွာ လုပ္ခဲ့ဖူးတဲ့ မထက္ထက္ခိုင္၊ ၿပီးေတာ့ သကၤန္းကြၽန္းပို႔စ္မွာလုပ္တဲ့ မထက္ထက္ေအာင္ ကိုေတြ႕ရတယ္။ ၿပီးေတာ့ ေမဘယ္။ သူက မဇၨ်ိမ ကလို႔ ေျပာတယ္။ မေမဘယ္ကိုလည္း ေတြ႕ရတယ္။ ေနာက္ တျခား အြန္လိုင္းမွာလုပ္တဲ့ အမ်ိဳးသမီး နည္းနည္း အ႐ြယ္ခပ္ႀကီးႀကီး အေဒၚတေယာက္ကိုလည္း ေတြ႕ခဲ့ရတယ္။ ေနာက္ၿပီးေတာ့ MRTV4 ကလား မသိဘူး။ တေယာက္ကိုလည္း ႀကဳံခဲ့ရတယ္။ ေနာက္ၿပီေးတာ့ ေဆး႐ုံမွာ ပန္းပင္ႀကီးလမ္းမွာျဖစ္သြားတဲ့ ကားနဲ႔တိုက္မိၿပီး ေဆး႐ုံေရာက္ေနတဲ့ ညီမေလး မႉးရတနာထက္ထက္ထြန္း လား။ အဲ့ဒီညီမေလးကိုလည္း ေတြ႕ခဲ့ရတယ္ရွင့္။ အခု အဖမ္းခံထားရတဲ့ အမ်ိဳးသမီးေတြ၊ က်မနဲ႔ဆုံခဲ့ရတဲ့ အမ်ိဳးသမီး သတင္းေထာက္ေတြတိုင္းက သတင္းေရးသားမႈကို လုပ္ေဆာင္ေနခဲ့တဲ့ သတင္းေထာက္ေတြပါ။ သူတို႔ဟာ တျခားဟာေတြနဲ႔ ခ်ိတ္ဆက္ၿပီး လုပ္ခဲ့တာမ်ိဳးေတြ မဟုတ္ဘူး။ သူတို႔ဟာ သတင္းကိုပဲ အဓိကထား လုပ္ရင္းနဲ႔ အဖမ္းခံရၿပီး အဲ့ဒါနဲ႔မဆိုင္ေသာ ပုဒ္မေတြနဲ႔ ခ်ိတ္ဆက္ၿပီး အမႈဖြင့္ခံရတယ္ဆိုတာ က်မ သိရတယ္။ က်မ ကိုယ္တိုင္လည္း သတင္းေရးရင္းပဲ က်မကို သူတို႔ေခၚသြားတယ္။ သတင္းေထာက္မွန္း သိတဲ့အခ်ိန္မွာ က်မကို ၅၀၅ တပ္ၿပီးေတာ့ အမႈ ရင္ဆိုင္ခိုင္းတယ္။ က်မလည္း သတင္းေရးေနရင္းနဲ႔ ပါသြားတဲ့သတင္းေထာက္ထဲမွာ ပါ ပါတယ္။”

စစ္အုပ္ခ်ဳပ္မႈေအာက္မွာ သတင္းသမားေတြ လြတ္လြတ္လပ္လပ္ သတင္းတင္ျပခြင့္ မရတာ၊ ဖိႏွိပ္ခံရတာေတြ ပိုဆိုးလာတယ္ဆိုတာကို ျပည္တြင္းျပည္ပ သတင္းမီဒီယာ လြတ္လပ္ခြင့္ လႈပ္ရွားေတာင္းဆိုတဲ့ အဖြဲ႕ေတြက ေထာက္ျပ ေျပာဆိုထားၾကပါတယ္။ ဒီအေျခအေနက တိုင္းျပည္အတြက္ပဲ ဆုံးရႈံးနစ္နာေစတာ ျဖစ္တယ္လို႔ သံလြင္ေသြးခ်င္း သတင္းဌာနက မျမဝန္းရံ က ေျပာပါတယ္။

“နစ္နာတာေပါ့။ ဘာလို႔လဲဆိုေတာ့ local မွာရွိတဲ့သတင္းသမားေတြကို အခုလိုမ်ိဳး ၀ရမ္းေတြထုတ္တယ္။ ဖမ္းတယ္။ သတင္းလုပ္ခြင့္ မေပးတဲ့အတြက္ေၾကာင့္မိုလို႔ ေျပာရလို႔ရွိရင္ အၿမဲတမ္း ပေရာ္ဖက္ရွင္နယ္ အေနနဲ႔လုပ္တဲ့လူေတြက သတင္းမီဒီယာ ဥပေဒေတြကိုလည္း သိၿပီးသား။ က်င့္ဝတ္ေတြကိုလည္း သိၿပီးသား။ အခုကာလမွာ တကယ့္ သတင္းသမားေတြ၊ အေတြ႕အႀကဳံရွိတဲ့ သတင္းသမားေတြ အလုပ္ မလုပ္ရေတာ့ဘူး။ တခ်ိဳ႕ ဆိုရင္လဲ ေၾကာက္လို႔ ရပ္ေနရတယ္။ တခ်ိဳ႕ဆိုရင္လည္း ေရွာင္ေနရ၊ ပုန္းေနရတယ္။ တခ်ိဳ႕ေတြ ဆိုရင္လည္း ေထာင္ထဲမွာ ရွိေနတယ္။ မလုပ္ရေတာ့တဲ့အတြက္ ဘာေတြျဖစ္လာလဲဆိုေတာ့ ဆိုရွယ္မီဒီယာကို လြယ္လြယ္ကူကူ သုံးၿပီးေတာ့ ပို႔စ္တင္တဲ့ဟာက သတင္းဆိုတာမ်ိဳး ျဖစ္လာတယ္။ အဲ့ဒီေတာ့ ေျမျပင္ကသတင္း မွန္လား မမွန္ဘူးလား ဘယ္သူမွ confirm အတည္မျပဳ ႏိုင္ေတာ့ဘူး။ confirm မလုပ္ႏိုင္တဲ့အတြက္ ပိုၿပီးေတာ့ ပဋိပကၡကို ပိုၿပီး ျဖစ္ေစတယ္။ သတင္းမွားေတြကေန လူေတြကို စိုးရိမ္ေၾကာင့္ၾကမႈေတြ ပိုျဖစ္ေစတယ္။ ႏွစ္ဘက္စလုံးေပါ့။ လက္ရွိ SAC ကိုေရာ၊ ဒီဘက္က NUG ၊ CRPH ေရာ၊ ေနာက္ ေတာထဲက ERO ေတြေရာ၊ အကုန္လုံး PDF ေတြေရာ ၾကားထဲမွာ conflict ေတြျဖစ္တယ္။ ဘယ္သတင္းက အမွန္လဲ။ ေနာက္တခါ ျပင္ပမွာ ထြက္ၿပီး လုပ္ေနရတဲ့ သတင္းဌာနေတြလည္း ရွိတယ္။ အဲ့ဒီသတင္းဌာနေတြ အတြက္လည္း အခက္အခဲႀကီးလို႔ ျမင္ပါတယ္။ ဘာလို႔လဲ ဆိုေတာ့ information အမွန္ရဖို႔ ဆိုတာ အင္မတန္ ခက္ခဲတယ္။ ဘယ္သူ႔ဆီက သြားယူမလဲ။ အဲ့ဒီေတာ့ local journalist ေတြ၊ local CJ ေတြကို ပစ္မွတ္ထားၿပီး ဖမ္းတာက တိုင္းျပည္မွာ အရမ္းနစ္နာတယ္။ အေျဖမွန္ မေပၚႏိုင္ဘူး။ ၿပီးေတာ့ သတင္းမွားေတြ fake news ေတြ၊ false news ေတြနဲ႔ ပိုၿပီးေတာ့ တိုင္းျပည္ကို နစ္နာေအာင္ လုပ္ႏိုင္တဲ့ အေျခအေနႀကီး ျဖစ္ေနတယ္။ ဆိုး႐ြားတဲ့ အေျခအေနကို ပိုၿပီးေတာ့ တြန္းပို႔သလို ျဖစ္တယ္လို႔ ျမင္ပါတယ္။”

သတင္းသမားေတြ အေနနဲ႔ သတင္းသမားက်င့္ဝတ္နဲ႔အညီ သတင္း ေရးသား ေဖာ္ျပတာကိုပဲ ပိတ္ပင္ကန႔္သတ္ ခံရၿပီဆိုရင္ေတာ့ ဒါဟာ သတင္းလြတ္လြပ္ခြင့္ ဆိတ္သုဥ္းတာပဲလို႔ မသူဇာကလည္း ေျပာပါတယ္။

“သတင္းသမား မီဒီယာေတြရဲ႕ က်င့္ဝတ္မွာကို ေဖာ္ျပထားၿပီးသားပါ။ ဘက္ညီမွ်ေသာ အသံေတြ ရယူတယ္ဆိုရင္ ဒါဟာ မီဒီယာက်င့္ဝတ္နဲ႔ အညီ သတင္းေဖာ္ျပတာပဲ။ ၿပီးေတာ့ သတင္းက တဘက္က မတရားအသင္းမွ၊ တရားအသင္းမွ မဟုတ္ပါဘူး။ ေျမျပင္မွာ ျဖစ္ေနတဲ့ အေျခအေနကို ႏွစ္ဘက္ရွိလား။ သုံးဘက္ရွိလား။ သုံးဘက္အျမင္လား။ observation ေပါ့။ လူေတြ သုံးသပ္ျမင္ႏိုင္တဲ့ အျမင္မ်ိဳး ရွိသလို တဘက္မွာ ခံရတဲ့သူ၊ တဘက္မွာ ေျပာတဲ့သူ အျမင္ေတြရွိတယ္ဆိုေတာ့ အဘက္က္ကို ညီေအာင္လုပ္ရင္ ဒါဟာ သတင္းမီဒီယာ က်င့္ဝတ္နဲ႔အညီ ေဖာ္ျပတဲ့သတင္းပါ။ အဲ့ဒါကိုမွ တဘက္က မတရားအသင္းနဲ႔ ဆက္သြယ္တယ္ဆိုၿပီး အေၾကာင္းအရာ ေျပာၿပီးေတာ့မွ တဘက္က သူတို႔ေတြ အၾကမ္းဖက္အဖြဲ႕ ဆိုၿပီး သတ္မွတ္ထားတဲ့ အဖြဲ႕အစည္းေတြနဲ႔ ဆက္သြယ္တာနဲ႔ သတင္းသမားက တရားမဝင္ ျဖစ္သြားတယ္။ ဒီဟာကို သတင္းရယူတာကိုက မဟုတ္ဘူး ဆိုရင္ေတာ့ ဒါဟာ ပုံစံမက်ပါဘူး။ အခုလက္ရွိ သူတို႔ေျပာေနတဲ့ အုပ္ခ်ဳပ္ေရး ေကာင္စီဘက္ကေရာ ဘယ္ေလာက္အတိုင္းအတာအထိ မီဒီယာက႑အေပၚကို လြတ္လပ္ခြင့္ ေပးခ်င္သလဲ။ ဘာျဖစ္လို႔လဲ ဆိုရင္ သူ႔အေပၚမွာ မူတည္ေနတာကိုး။ သူတို႔ေျပာတဲ့ ဥပေဒနဲ႔ ညႇိေနၿပီဆိုရင္ ခ်က္ခ်င္း လာဆြဲ လိုက္တာမ်ိဳး။ စကားေလးတခြန္း စကားလုံးေလး တခုေလာက္ေၾကာင့္လည္း ခ်က္ခ်င္း ဖမ္းလိုက္တာမ်ိဳးကေတာ့ ဒါ လြတ္လပ္မႈ လုံးဝ မရွိဘူးလို႔ ေျပာလို႔ရတယ္ေလ။ သတင္းသမားေတြ ဆိုတာက ေျမျပင္မွာျဖစ္ေနတဲ့ အေျခအေနရွိမယ္။ ဒီအုပ္ခ်ဳပ္ေရးေကာင္စီက ေျပာတဲ့အသံရွိမယ္။ တဘက္ကျဖစ္ေနတဲ့ အသံရွိမယ္။ ဒါေတြကို ၿခဳံငုံၿပီးေတာ့ ေျပာျပၿပီးေတာ့မွ သတင္းကျဖစ္မွာေလ။ ဒီအုပ္ခ်ဳပ္ေရးေကာင္စီက ေျပာတဲ့သတင္းခ်ည္းပဲ ရယူတာဆိုရင္လည္း ဒါက မီဒီယာ က်င့္ဝတ္နဲ႔မညီပါဘူး။ တဘက္ကျဖစ္ေနတဲ့ ေျမျပင္သတင္းခ်ည္းပဲ ရယူတယ္ဆိုရင္လည္း မီဒီယာက်င့္ဝတ္နဲ႔ မညီပါဘူး။ အဲ့ဒီေတာ့ လြတ္လပ္ခြင့္ကို အရင္မသြားပါနဲ႔ဦး။ မီဒီယာ က်င့္ဝတ္နဲ႔အညီ သတင္းေဖာ္ျပခြင့္ ရေအာင္ တဘက္ဘက္က ကူညီ ေဆာင္႐ြက္ၿပီးေတာ့၊ ဒါဟာ သတင္းသမားအေနနဲ႔ ေဖာ္ျပတာပါလား ဆိုတဲ့ အျမင္မ်ိဳးနဲ႔တင္ သတင္းေတြက ေျပာရရင္ လြတ္လပ္ေသာ သတင္းေဖာ္ျပခြင့္ လမ္းေၾကာင္းေပၚကို ျပန္တက္ႏိုင္တဲ့ အေျခအေနပါ။ အဲ့ဒီလိုမွမဟုတ္ဘူး ဆိုရင္ေတာ့ ဒါက ဘယ္လိုမွ မီဒီယာလြတ္လပ္ခြင့္ မရွိဘူး ဆိုတဲ့ အေနအထား ကေတာ့ လုံးဝ ျဖစ္ေနဦးမွာပါ။”

ျမန္မာႏိုင္ငံမွာ စစ္တပ္ အာဏာသိမ္းမႈေနာက္ပိုင္း သတင္းလြတ္လပ္ခြင့္ အေျခအေန သိသိသာသာ ဆုတ္ယုတ္သြားတယ္ ဆိုတာကို ႏိုင္ငံတကာ သတင္းမီဒီယာ လြတ္လပ္ခြင့္ အဖြဲ႕ႀကီးေတြက အခ်က္အလက္ေတြနဲ႔ ေထာက္ျပထားပါတယ္။ အာဏာသိမ္းမႈေနာက္ပိုင္း အဖမ္းခံရတဲ့ သတင္းေထာက္ ၁၄၀ ေက်ာ္ရွိတာမွာ ၅၀ ေက်ာ္လာက္ ဆက္လက္ ဖမ္းဆီး ထိန္းသိမ္း ခံေနရဆဲျဖစ္ၿပီး သတ္ျဖတ္ခံရတဲ့ သတင္းသမား ၃ ဦး ရွိတယ္လို႔ ႏိုင္ငံတကာ သတင္းသမားမ်ားအဖြဲ႕ခ်ဳပ္ IFJ က ေျပာပါတယ္။ သတင္းသမားမ်ား ကာကြယ္ေစာင့္ေရွာက္ေရး အဖြဲ႕ CPJ ကလည္း အလားတူ ေထာက္ျပထားၿပီး ျမန္မာႏိုင္ငံမွာ သတင္းသမားေတြကို အၾကမ္းဖက္မႈစြဲခ်က္ေတြနဲ႔ မဟုတ္မမွန္ စြပ္စြဲၿပီး အေရးယူ ေထာင္ခ်ေနတာေတြ ရပ္ဖို႔ ေတာင္းဆိုပါတယ္။ CPJ အဖြဲ႕ရဲ႕ ေလ့လာစစ္တမ္းအရ ျမန္မာႏိုင္ငံဟာ သတင္းသမားေတြကို တရားစြဲဆို ေထာင္ခ်မႈ ကမာၻ႔ အဆိုးဆုံးႏိုင္ငံ စာရင္းမွာ တ႐ုတ္ႏိုင္ငံၿပီးရင္ ဒုတိယေနရာမွာ ရွိေနတယ္ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါ။ က်မ ခင္ျဖဴေထြးပါရွင္။

XS
SM
MD
LG