သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့လက္နက္ကုိင္ လႈပ္ရွားမႈ ေရွ႕အလားအလာ အကဲခတ္ေတြ ၀ါရွင္တန္မွာေဆြးေႏြး 


ျမန္မာ့လက္နက္ကုိင္ လႈပ္ရွားမႈ ေရွ႕အလားအလာ အကဲခတ္ေတြ ၀ါရွင္တန္မွာေဆြးေႏြး

ျမန္မာ့လက္နက္ကုိင္ လႈပ္ရွားမႈ ေရွ႕အလားအလာ အကဲခတ္ေတြ ၀ါရွင္တန္မွာေဆြးေႏြး

{{Zawgyi/Unicode}}

ျမန္မာႏုိင္ငံမွာ စစ္တပ္အာဏာသိမ္းမႈ ၂ ႏွစ္နီးပါး ရွိလာခ်ိန္မွာ လက္နက္ကိုင္ လႈပ္ရွားမႈေတြ အရွိန္အဟုန္ ပို ေကာင္းလာတာ ေတြ႔ရေပမဲ့ စုစည္း ခိုင္မာအားေကာင္းတဲ့ တပ္ေပါင္းစု အင္အားတရပ္ ပံုစံ ျဖစ္ဖို႔မွာေတာ့ အခက္အခဲေတြ ရွိေနေသးတယ္လို႔ ျမန္မာ့အေရး ေလ့လာသံုးသပ္သူေတြက ေထာက္ျပၾကပါတယ္။ ဒီႏွစ္ ၂၀၂၃ ခုႏွစ္အတြင္း ျမန္မာ လက္နက္ကုိင္လႈပ္ရွားမႈရဲ႕ အလားအလာ ဘယ္လို ျဖစ္လာႏုိင္သလဲ ဆိုတာကို သံုးသပ္တဲ့ အြန္လိုင္း ေဆြးေႏြးပြဲတရပ္ကို အေမရိကန္အေျခစိုက္ Stimson သုေတသနစင္တာက မေန႔ ဇန္န၀ါရီလ ၁၉ ရက္ေန႔က က်င္းပခဲ့တာမွာ လက္ရွိ လက္နက္ကိုင္လႈပ္ရွားမႈေတြရဲ႕ အားနည္းခ်က္၊ အားသာခ်က္ေတြကို ေဆြးေႏြးခဲ့ၾကတာပါ။ ဒီ အြန္လိုင္းေဆြးေႏြးပြဲကို တက္ေရာက္ခဲ့တဲ့ မခင္ျဖဴေထြးက တင္ျပေပးပါမယ္။

အာဏာသိမ္းထားတဲ့ ၂ ႏွစ္တာ ကာလအတြင္း ႏုိင္ငံတ၀န္း စစ္တပ္ရဲ႕ ရက္စက္ၾကမ္းၾကဳတ္တဲ့ လုပ္ရပ္ေတြေၾကာင့္ အမ်ိဳးသား ညီညြတ္ေရးအစိုးရ NUG အပါအ၀င္ ဒီမိုကေရစီ အင္အားစုေတြနဲ႔ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔ေတြၾကားမွာ စစ္ေရး ပူးေပါင္း ေဆာင္ရြက္မႈေတြဟာ ဘယ္တုန္းကမွနဲ႔မတူေအာင္ သိသိသာသာ အားေကာင္းလာခဲ့တယ္လို႔ မေန႔က Stimson သုေတသနစင္တာက က်င္းပတဲ့ အြန္လိုင္း ေဆြးေႏြးပြဲမွာ ပါ၀င္ ေဆြးေႏြးသူေတြက ေျပာဆိုၾကပါတယ္။ ဒါေပမဲ့လည္း စုစည္းညီညြတ္တဲ့ တပ္ေပါင္းစုအင္အား တရပ္ ဖြဲ႔စည္းႏုိ္င္တဲ့ အေျခအေနကို ေရာက္ဖို႔မွာေတာ့ စိန္ေခၚမႈေတြနဲ႔ အားနည္းခ်က္ေတြ ရွိေနတုန္းပဲလို႔လည္း ေထာက္ျပၾကပါတယ္။

လက္ရွိအေျခအေနမွာ စစ္တပ္က နယ္ေျမ ဘယ္ေလာက္အထိ ထိန္းခ်ဳပ္ထား ႏုိင္သလဲ၊ အတိုက္အခံ အင္အားစုေတြ ဘက္မွာေရာ ဘယ္ေလာက္အထိ ေအာင္ျမင္ေနျပီလဲ ဆုိတဲ့အေပၚမွာလည္း ကြဲလြဲမႈေတြ ရွိေနပါတယ္။
ဒါနဲ႔ပတ္သက္လို႔ Stimson သုေတသနစင္တာရဲ႕ အေရွ႕အာရွ အစီအစဥ္ တြဲဖက္ညြန္ၾကားေရးမွဴး Yun Sun က ေျပာပါတယ္။

“အာဏာသိမ္းမႈ ၂ ႏွစ္အၾကာမွာ လက္နက္ကိုင္တိုက္ပြဲေတြနဲ႔ ႏုိင္ငံရ႕ဲ႕အနာဂတ္ဟာ မေသခ်ာမေရရာဘူးလို႔ သံုးသပ္သူ အမ်ားစုက ျမင္လာၾကတာ ရွိပါတယ္။ ျမန္မာစစ္တပ္နဲ႔ လက္နက္ကိုင္အင္အားစုေတြၾကားမွာ ႏုိင္ငံေရး အရပဲျဖစ္ျဖစ္၊ စစ္ေရးအရပဲ ျဖစ္ျဖစ္ တဘက္ဘက္က အသာစီးရေနတာ မေတြ႔ရေသးတာေၾကာင့္ပါ။ ႏိုင္ငံရဲ႕ အဓိကက်တဲ့ အေျခခံ အေဆာက္အအံုေတြကို စစ္တပ္က ထိန္းခ်ဳပ္ထားသလို၊ အဆင့္ျမင့္လက္နက္ေတြဟာလည္း သူတို႔လက္ထဲမွာပဲ ရွိေနတာေၾကာင့္ စစ္တပ္အေနနဲ႔ သူတို႔ရဲ႕ တပ္ဖြဲ႔ေတြနဲ႔ စစ္ေရးလႈပ္ရွားမႈေတြ ဆက္ျပီး ေထာက္ပံ့ထားႏုိင္တဲ့ အရင္းအျမစ္ေတြ ရွိေနတယ္။ ဒါေၾကာင့္ စစ္တပ္ကို ႏုိင္ဖို႔ မလြယ္ဘူးလို႔ တခ်ိဳ႕က ေထာက္ျပလာၾကတာပါ။”

ဒါေပမဲ့ တခ်ိန္တည္းမွာ စစ္တပ္ကို ဆန္႔က်င္တဲ့ အင္အားစုေတြဘက္က နယ္ေျမ ထိန္းခ်ဳပ္ ၾသဇာ သက္ေရာက္မႈေတြ ပို ရလာေနတာကိုလည္း ေထာက္ျပၾကပါတယ္။ ဒီအရွိန္ကိုယူျပီး NUG အပါအ၀င္ ဒီမိုကေရစီအင္အားစုေတြနဲ႔ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔ေတြၾကား စစ္ေရး ပူးေပါင္းေဆာင္ရြက္မႈေတြနဲ႔ ညီညြတ္မႈအား ပိုရလာေအာင္ တည္ေဆာက္သြားႏုိင္တယ္လို႔ အေမရိကန္အေျခစိုက္ မူ၀ါဒေလ့လာေရးအဖြဲ႔ Woodrow Wilson Center က အာရွေရးရာ သုေတသီ ကိုရဲမ်ိဳးဟိန္းက ေျပာပါတယ္။

“အထူးသျဖင့္ စစ္တပ္ရဲ႕ အၾကမ္းဖက္မႈေတြက စစ္တပ္ကိုဆန္႔က်င္တဲ့ အဖြဲ႔ေတြၾကားမွာ စစ္ေရး ပူးေပါင္း ေဆာင္ရြက္မႈေတြ ပုိျပီး ရရွိလာေစပါတယ္။ ဒါေပမဲ့ တခ်ိန္တည္းမွာလည္း ႏိုင္ငံေရး ေဆြးေႏြးမႈေတြနဲ႔ ႏိုင္ငံေရးအရ ဘံုသေဘာတူညီခ်က္တရပ္ ရဖို႔မွာေတာ့ တြန္႔ဆုတ္ေနတဲ့ အဖြဲ႔ေတြ ရွိေနပါတယ္။ ဒါေၾကာင့္ လက္ရွိ လက္နက္ကိုင္ အဖြဲ႔ေတြအၾကား ရထားတဲ့ ပူးေပါင္း ေဆာင္ရြက္မႈေတြကို ယူျပီး လက္ေတြ႔ မဟာဗ်ဴဟာက်တဲ့ စစ္ေရး ပူးေပါင္းေဆာင္ရြက္မႈေတြ ဆက္လုပ္သြားႏုိင္ဖို႔ လိုပါတယ္။ အဲဒီကေနမွ အနာဂတ္ ႏုိင္ငံေရးအစီအစဥ္ တခု ရလာေအာင္ ႏိုင္ငံေရးအရ ေစ့စပ္ညိွႏိႈင္းမႈေတြ တဆင့္ခ်င္း လုပ္သြားရပါလိမ့္မယ္။”

ဒီလို လုပ္ေဆာင္တဲ့ေနရာမွာ အဓိက စိန္ေခၚမႈတခုအျဖစ္ ဗမာေတြနဲ႔ တိုင္းရင္သားအဖြဲ႔ေတြၾကားမွာ လိုအပ္တဲ့ ယံုၾကည္မႈ မတည္ေဆာက္ႏုိင္ေသး တာကိုလည္း ကိုရဲမ်ိဳးဟိန္းက ေထာက္ျပခဲ့ပါတယ္။ အရင္ ျပည္သူ႔အစုိးရ လက္ထက္မွာလည္း တိုင္းရင္းသားေတြရဲ႕ ယံုၾကည္မႈ ရေအာင္ မလုပ္ႏုိင္ခဲ့ဘူးလို႔ George Washington တကၠသုိလ္က ႏုိင္ငံတကာေရးရာ ပါေမာကၡ Christina Fink ကလည္း ေထာက္ျပပါတယ္။

“NLD ေတြ အပါအ၀င္ ဗမာေတြ အေနနဲ႔ တိုင္းရင္းသားေတြ ခံစားရတဲ့ မေက်နပ္ခ်က္ နစ္နာခ်က္ေတြကို စာနာနားလည္ျပီး တိုင္းရင္းသား ေဒသေတြမွာ ေနထုိင္ၾကသူေတြနဲ႔အတူ အုပ္ခ်ဳပ္ေရးအာဏာ ခြဲေ၀လိုတဲ့ ဆႏၵရွိတယ္ဆုိတာကို အျပည့္အ၀ ျပရပါလိမ့္မယ္။ ၂၀၁၀ ခုႏွစ္တုန္းက ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ ရွိခဲ့တာ၊ ဒီလိုကိစၥေတြ ေဆြးေႏြးခဲ့တာ မွန္ေပမဲ့ NLD အုပ္ခ်ဳပ္ခဲ့တဲ့ ကာလအတြင္းမွာ ဒီကိစၥကို ထိထိေရာက္ေရာက္ ကိုင္တြယ္ႏုိင္ခဲ့တာ မရွိပါဘူး။ မတူညီတဲ့ တိုင္းရင္းသားအဖြဲ႔ေတြၾကား ကြဲလြဲမႈေတြ အေပၚမွာ NLD အေနနဲ႔ နားလည္မႈ မရွိခဲ့ပါဘူး။ တိုင္းရင္းသား ေခါင္းေဆာင္ေတြ ကို ဘယ္လို ဆက္ဆံရမလဲ ဆိုတာနဲ႔ သူတို႔ရဲ႕ ခံစားခ်က္ေတြကို နားမလည္ခဲ့ၾကပါဘူး။ ဒါက အဓိက စိန္ေခၚမႈတခု ျဖစ္ေနဆဲဆုိတာ ရွင္းပါတယ္။”


ဆယ္စုႏွစ္ ၇၀ ေက်ာ္ၾကာ ျပည္တြင္းစစ္နဲ႔ ႏွစ္ေပါင္းရွည္ၾကာ သေဘာထား ကြဲလြဲမႈေတြေၾကာင့္ မတူကြဲျပားတဲ့ အင္အားစုေတြၾကားမွာ ျပီးျပည့္စံုတဲ့ ညီညြတ္မႈ ရဖို႔ဆိုတာ မလြယ္ေပမဲ့၊ လက္ရွိ ရရွိထားတဲ့ စစ္ေရး ပူးေပါင္းေဆာင္ရြက္မႈေတြရဲ႕ အရွိန္အဟုန္ကို ယူျပီး ပိုမို စုစည္းညီညြတ္တဲ့ အင္အားစုတရပ္ ျဖစ္လာေအာင္ အျပန္အလွန္ ယံုၾကည္မႈနဲ႔ နားလည္မႈေတြ တိုးျမွင့္ တည္ေဆာက္သြားရမွာ ျဖစ္တယ္လို႔ မေန႔က ေဆြးေႏြးပြဲမွာ ပါ၀င္သူေတြက အဓိက ေထာက္ျပခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

မြန်မာ့လက်နက်ကိုင် လှုပ်ရှားမှု ရှေ့အလားအလာ အကဲခတ်တွေ ဝါရှင်တန်မှာဆွေးနွေး

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ၂ နှစ်နီးပါး ရှိလာချိန်မှာ လက်နက်ကိုင် လှုပ်ရှားမှုတွေ အရှိန်အဟုန် ပို ကောင်းလာတာ တွေ့ရပေမဲ့ စုစည်း ခိုင်မာအားကောင်းတဲ့ တပ်ပေါင်းစု အင်အားတရပ် ပုံစံ ဖြစ်ဖို့မှာတော့ အခက်အခဲတွေ ရှိနေသေးတယ်လို့ မြန်မာ့အရေး လေ့လာသုံးသပ်သူတွေက ထောက်ပြကြပါတယ်။ ဒီနှစ် ၂၀၂၃ ခုနှစ်အတွင်း မြန်မာ လက်နက်ကိုင်လှုပ်ရှားမှုရဲ့ အလားအလာ ဘယ်လို ဖြစ်လာနိုင်သလဲ ဆိုတာကို သုံးသပ်တဲ့ အွန်လိုင်း ဆွေးနွေးပွဲတရပ်ကို အမေရိကန်အခြေစိုက် Stimson သုတေသနစင်တာက မနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့က ကျင်းပခဲ့တာမှာ လက်ရှိ လက်နက်ကိုင်လှုပ်ရှားမှုတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို ဆွေးနွေးခဲ့ကြတာပါ။ ဒီ အွန်လိုင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မခင်ဖြူထွေးက တင်ပြပေးပါမယ်။

အာဏာသိမ်းထားတဲ့ ၂ နှစ်တာ ကာလအတွင်း နိုင်ငံတဝန်း စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကြောင့် အမျိုးသား ညီညွတ်ရေးအစိုးရ NUG အပါအဝင် ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြားမှာ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေဟာ ဘယ်တုန်းကမှနဲ့မတူအောင် သိသိသာသာ အားကောင်းလာခဲ့တယ်လို့ မနေ့က Stimson သုတေသနစင်တာက ကျင်းပတဲ့ အွန်လိုင်း ဆွေးနွေးပွဲမှာ ပါဝင် ဆွေးနွေးသူတွေက ပြောဆိုကြပါတယ်။ ဒါပေမဲ့လည်း စုစည်းညီညွတ်တဲ့ တပ်ပေါင်းစုအင်အား တရပ် ဖွဲ့စည်းနိုင်တဲ့ အခြေအနေကို ရောက်ဖို့မှာတော့ စိန်ခေါ်မှုတွေနဲ့ အားနည်းချက်တွေ ရှိနေတုန်းပဲလို့လည်း ထောက်ပြကြပါတယ်။

လက်ရှိအခြေအနေမှာ စစ်တပ်က နယ်မြေ ဘယ်လောက်အထိ ထိန်းချုပ်ထား နိုင်သလဲ၊ အတိုက်အခံ အင်အားစုတွေ ဘက်မှာရော ဘယ်လောက်အထိ အောင်မြင်နေပြီလဲ ဆိုတဲ့အပေါ်မှာလည်း ကွဲလွဲမှုတွေ ရှိနေပါတယ်။
ဒါနဲ့ပတ်သက်လို့ Stimson သုတေသနစင်တာရဲ့ အရှေ့အာရှ အစီအစဉ် တွဲဖက်ညွန်ကြားရေးမှူး Yun Sun က ပြောပါတယ်။

“အာဏာသိမ်းမှု ၂ နှစ်အကြာမှာ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ နိုင်ငံရဲ့အနာဂတ်ဟာ မသေချာမရေရာဘူးလို့ သုံးသပ်သူ အများစုက မြင်လာကြတာ ရှိပါတယ်။ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အင်အားစုတွေကြားမှာ နိုင်ငံရေး အရပဲဖြစ်ဖြစ်၊ စစ်ရေးအရပဲ ဖြစ်ဖြစ် တဘက်ဘက်က အသာစီးရနေတာ မတွေ့ရသေးတာကြောင့်ပါ။ နိုင်ငံရဲ့ အဓိကကျတဲ့ အခြေခံ အဆောက်အအုံတွေကို စစ်တပ်က ထိန်းချုပ်ထားသလို၊ အဆင့်မြင့်လက်နက်တွေဟာလည်း သူတို့လက်ထဲမှာပဲ ရှိနေတာကြောင့် စစ်တပ်အနေနဲ့ သူတို့ရဲ့ တပ်ဖွဲ့တွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်ပြီး ထောက်ပံ့ထားနိုင်တဲ့ အရင်းအမြစ်တွေ ရှိနေတယ်။ ဒါကြောင့် စစ်တပ်ကို နိုင်ဖို့ မလွယ်ဘူးလို့ တချို့က ထောက်ပြလာကြတာပါ။”

ဒါပေမဲ့ တချိန်တည်းမှာ စစ်တပ်ကို ဆန့်ကျင်တဲ့ အင်အားစုတွေဘက်က နယ်မြေ ထိန်းချုပ် သြဇာ သက်ရောက်မှုတွေ ပို ရလာနေတာကိုလည်း ထောက်ပြကြပါတယ်။ ဒီအရှိန်ကိုယူပြီး NUG အပါအဝင် ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ညီညွတ်မှုအား ပိုရလာအောင် တည်ဆောက်သွားနိုင်တယ်လို့ အမေရိကန်အခြေစိုက် မူဝါဒလေ့လာရေးအဖွဲ့ Woodrow Wilson Center က အာရှရေးရာ သုတေသီ ကိုရဲမျိုးဟိန်းက ပြောပါတယ်။

“အထူးသဖြင့် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေက စစ်တပ်ကိုဆန့်ကျင်တဲ့ အဖွဲ့တွေကြားမှာ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုပြီး ရရှိလာစေပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာလည်း နိုင်ငံရေး ဆွေးနွေးမှုတွေနဲ့ နိုင်ငံရေးအရ ဘုံသဘောတူညီချက်တရပ် ရဖို့မှာတော့ တွန့်ဆုတ်နေတဲ့ အဖွဲ့တွေ ရှိနေပါတယ်။ ဒါကြောင့် လက်ရှိ လက်နက်ကိုင် အဖွဲ့တွေအကြား ရထားတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ယူပြီး လက်တွေ့ မဟာဗျူဟာကျတဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်သွားနိုင်ဖို့ လိုပါတယ်။ အဲဒီကနေမှ အနာဂတ် နိုင်ငံရေးအစီအစဉ် တခု ရလာအောင် နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုတွေ တဆင့်ချင်း လုပ်သွားရပါလိမ့်မယ်။”

ဒီလို လုပ်ဆောင်တဲ့နေရာမှာ အဓိက စိန်ခေါ်မှုတခုအဖြစ် ဗမာတွေနဲ့ တိုင်းရင်သားအဖွဲ့တွေကြားမှာ လိုအပ်တဲ့ ယုံကြည်မှု မတည်ဆောက်နိုင်သေး တာကိုလည်း ကိုရဲမျိုးဟိန်းက ထောက်ပြခဲ့ပါတယ်။ အရင် ပြည်သူ့အစိုးရ လက်ထက်မှာလည်း တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု ရအောင် မလုပ်နိုင်ခဲ့ဘူးလို့ George Washington တက္ကသိုလ်က နိုင်ငံတကာရေးရာ ပါမောက္ခ Christina Fink ကလည်း ထောက်ပြပါတယ်။

“NLD တွေ အပါအဝင် ဗမာတွေ အနေနဲ့ တိုင်းရင်းသားတွေ ခံစားရတဲ့ မကျေနပ်ချက် နစ်နာချက်တွေကို စာနာနားလည်ပြီး တိုင်းရင်းသား ဒေသတွေမှာ နေထိုင်ကြသူတွေနဲ့အတူ အုပ်ချုပ်ရေးအာဏာ ခွဲဝေလိုတဲ့ ဆန္ဒရှိတယ်ဆိုတာကို အပြည့်အ၀ ပြရပါလိမ့်မယ်။ ၂၀၁၀ ခုနှစ်တုန်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှိခဲ့တာ၊ ဒီလိုကိစ္စတွေ ဆွေးနွေးခဲ့တာ မှန်ပေမဲ့ NLD အုပ်ချုပ်ခဲ့တဲ့ ကာလအတွင်းမှာ ဒီကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခဲ့တာ မရှိပါဘူး။ မတူညီတဲ့ တိုင်းရင်းသားအဖွဲ့တွေကြား ကွဲလွဲမှုတွေ အပေါ်မှာ NLD အနေနဲ့ နားလည်မှု မရှိခဲ့ပါဘူး။ တိုင်းရင်းသား ခေါင်းဆောင်တွေ ကို ဘယ်လို ဆက်ဆံရမလဲ ဆိုတာနဲ့ သူတို့ရဲ့ ခံစားချက်တွေကို နားမလည်ခဲ့ကြပါဘူး။ ဒါက အဓိက စိန်ခေါ်မှုတခု ဖြစ်နေဆဲဆိုတာ ရှင်းပါတယ်။”

ဆယ်စုနှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်နဲ့ နှစ်ပေါင်းရှည်ကြာ သဘောထား ကွဲလွဲမှုတွေကြောင့် မတူကွဲပြားတဲ့ အင်အားစုတွေကြားမှာ ပြီးပြည့်စုံတဲ့ ညီညွတ်မှု ရဖို့ဆိုတာ မလွယ်ပေမဲ့၊ လက်ရှိ ရရှိထားတဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အရှိန်အဟုန်ကို ယူပြီး ပိုမို စုစည်းညီညွတ်တဲ့ အင်အားစုတရပ် ဖြစ်လာအောင် အပြန်အလှန် ယုံကြည်မှုနဲ့ နားလည်မှုတွေ တိုးမြှင့် တည်ဆောက်သွားရမှာ ဖြစ်တယ်လို့ မနေ့က ဆွေးနွေးပွဲမှာ ပါဝင်သူတွေက အဓိက ထောက်ပြခဲ့ကြပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG