သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရန္ အစၥလမၼစ္ ေတာ္လွန္ေရး အေစာင့္တပ္ IRGC ကို အၾကမ္းဖက္အဖဲြ႕ သတ္မွတ္ဖို႔ EU ေတာင္းဆို


Members of special IRGC forces attend a rally marking the annual Quds Day, or Jerusalem Day, on the last Friday of the holy month of Ramadan in Tehran, Iran April 29, 2022.

ဥေရာပ သမဂၢ EU အေနနဲ႔ အီရန္ႏိုင္ငံက အစၥလမၼစ္ ေတာ္လွန္ေရး အေစာင့္တပ္ဖြဲ႔  IRGC ကို ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ထပ္မံၿပီးခ်မွတ္ဖို႔ ေမွ်ာ္လင့္ေနတဲ့အေၾကာင္း ဥေရာပ ေကာင္စီ EC အရာရွိေတြက ေသာၾကာေန႔က ေျပာပါတယ္။

အီရန္ အစၥလမၼစ္ ေတာ္လွန္ေရး အေစာင့္တပ္ IRGC ကို အၾကမ္းဖက္အဖဲြ႕ သတ္မွတ္ဖို႔ EU ေတာင္းဆို

{{Zawgyi/Unicode}}
ဥေရာပ သမဂၢ EU အေနနဲ႔ အီရန္ႏိုင္ငံက အစၥလမၼစ္ ေတာ္လွန္ေရး အေစာင့္တပ္ဖြဲ႔ IRGC ကို ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ထပ္မံၿပီးခ်မွတ္ဖို႔ ေမွ်ာ္လင့္ေနတဲ့အေၾကာင္း ဥေရာပ ေကာင္စီ EC အရာရွိေတြက ေသာၾကာေန႔က ေျပာပါတယ္။ ဥေရာပ ပါလီမန္ EP က ဥေရာပ သမဂၢ EU သတ္မွတ္ထားတဲ့ အၾကမ္းဖက္အုပ္စု စာရင္းထဲမွာ အဲဒီ အီရန္ အစၥလမၼစ္ ေတာ္လွန္ေရး အေစာင့္တပ္ဖြဲ႔ IRGC ကိုလည္း ထဲ့သြင္းဖို႔ တိုက္တြန္းခဲ့ၿပီး ေနာက္တေန႔မွာပဲ ေျပာဆိုလိုက္တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က အားလုံးလုိက္နာမႈမရွိလည္း ရတဲ့ဆုံျဖတ္ခ်က္တခုကို ဥေရာပ ပါလီမန္ EP အေနနဲ႔ အမ်ားစု တခဲနက္ မဲေပး ဆုံးျဖတ္ၿပီး အီရန္ GRGC အဖြဲ႔ နဲ႔ လက္ေအာက္ခံအဖြဲ႔ေတြကို အၾကမ္းဖက္အုပ္စု စာရင္းမွာ ထဲ့သြင္းလိုက္ပါတယ္။ ဒါအျပင္ ဥေရာပ ပါလီမန္ EU ကိုလည္း ပိတ္ဆို႔ ဒဏ္ခတ္တဲ့ စာရင္းထဲမွာ အီရန္ႏိုင္ငံ က လူပုဂၢိဳလ္ေတြ၊ အဖြဲ႔အစည္းေတြ အျပင္ လူအခြင့္အေရး ခ်ဳိးေဖာက္မႈ ပါဝင္ၾကတဲ့ သူတို႔ရဲ႕မိသားစုဝင္ေတြကိုပါ တိုးခ်ဲ႔ ထဲ့သြင္းေပးဖို႔ တိုက္တြန္းလိုက္ပါတယ္။

အီရန္အစိုးရက သူတို႔ကို ၿငိမ္းခ်မ္းစြာ ဆန္႔က်င္ဆႏၵျပေနၾကတဲ့ ျပည္သူေတြကို အၾကမ္းဖက္ ဖိႏိုပ္ျဖဳိးခြင္းေနတာ နဲ႔ မၾကာခဏ ေသဒဏ္ေပးကြပ္ျမက္ေနတာေတြကို ဥေရာပႏိုင္ငံေတြက တုံျပန္အေရးယူၾကတာျဖစ္ပါတယ္။

လက္ရွိ ဥေရာပ ေကာင္စီ EC ရဲ႕ အလွည့္က် သဘာပတိျဖစ္တဲ့ ဂ်ာမနီႏိုင္ငံရဲ႕ ႏိုင္ငံျခားေရးဌာန ေျပာေရးဆိုခြင့္ရွိသူက သူတို႔အေနနဲ႔ ေနာက္ထပ္ အီရန္ IRGC တပ္ဖြဲ႔ဝင္ေတြကို ပစ္မွတ္ထားၿပီး ေနာက္ထပ္ အေရးယူ ပိတ္ဆို႔မႈေတြ လုပ္ေဆာင္ဖို႔အတြက္ အတည္ျပဳႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာဆိုပါတယ္။

အဲဒီလို ဆုံးျဖတ္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး အီရန္ သမၼတ Ebrahim Raisi ကေတာ့ ဒါေတြဟာ ႏိုင္ငံတကာ ဥပေဒေတြ နဲ႔ ကုလသမဂၢ ပဋိညာဥ္နဲ႔ ဆန္႔က်င္တယ္လို႔ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ေျပာဆိုခဲ့ေၾကာင္း အီရန္ႏိုင္ငံပိုင္ သတင္းဌာန IRNAမွာ ေဖာ္ျပလိုက္ပါတယ္။ ဒါအျပင္ အီရန္ ပါလီမန္ ထိပ္တန္းအဖြဲ႔ဝင္တဦးကလည္း ဥေရာပ ပါလီမန္ EP ရဲ႕လုပ္ေဆာင္ခ်က္ကို အလားတူတုံျပန္သြားမယ္လို႔ ေသာၾကာေန႔က ေျပာေၾကာင္း အဲဒီသတင္းဌာနမွာပဲ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

အီရန် အစ္စလမ္မစ် တော်လှန်ရေး အစောင့်တပ် IRGC ကို အကြမ်းဖက်အဖွဲ့ သတ်မှတ်ဖို့ EU တောင်းဆို

{{Zawgyi/Unicode}}
ဥရောပ သမဂ္ဂ EU အနေနဲ့ အီရန်နိုင်ငံက အစ္စလမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ IRGC ကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ထပ်မံပြီးချမှတ်ဖို့ မျှော်လင့်နေတဲ့အကြောင်း ဥရောပ ကောင်စီ EC အရာရှိတွေက သောကြာနေ့က ပြောပါတယ်။ ဥရောပ ပါလီမန် EP က ဥရောပ သမဂ္ဂ EU သတ်မှတ်ထားတဲ့ အကြမ်းဖက်အုပ်စု စာရင်းထဲမှာ အဲဒီ အီရန် အစ္စလမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ IRGC ကိုလည်း ထဲ့သွင်းဖို့ တိုက်တွန်းခဲ့ပြီး နောက်တနေ့မှာပဲ ပြောဆိုလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က အားလုံးလိုက်နာမှုမရှိလည်း ရတဲ့ဆုံဖြတ်ချက်တခုကို ဥရောပ ပါလီမန် EP အနေနဲ့ အများစု တခဲနက် မဲပေး ဆုံးဖြတ်ပြီး အီရန် GRGC အဖွဲ့ နဲ့ လက်အောက်ခံအဖွဲ့တွေကို အကြမ်းဖက်အုပ်စု စာရင်းမှာ ထဲ့သွင်းလိုက်ပါတယ်။ ဒါအပြင် ဥရောပ ပါလီမန် EU ကိုလည်း ပိတ်ဆို့ ဒဏ်ခတ်တဲ့ စာရင်းထဲမှာ အီရန်နိုင်ငံ က လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အပြင် လူအခွင့်အရေး ချိုးဖောက်မှု ပါဝင်ကြတဲ့ သူတို့ရဲ့မိသားစုဝင်တွေကိုပါ တိုးချဲ့ ထဲ့သွင်းပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

အီရန်အစိုးရက သူတို့ကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြနေကြတဲ့ ပြည်သူတွေကို အကြမ်းဖက် ဖိနိုပ်ဖြိုးခွင်းနေတာ နဲ့ မကြာခဏ သေဒဏ်ပေးကွပ်မြက်နေတာတွေကို ဥရောပနိုင်ငံတွေက တုံပြန်အရေးယူကြတာဖြစ်ပါတယ်။

လက်ရှိ ဥရောပ ကောင်စီ EC ရဲ့ အလှည့်ကျ သဘာပတိဖြစ်တဲ့ ဂျာမနီနိုင်ငံရဲ့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက သူတို့အနေနဲ့ နောက်ထပ် အီရန် IRGC တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး နောက်ထပ် အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့အတွက် အတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။

အဲဒီလို ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး အီရန် သမ္မတ Ebrahim Raisi ကတော့ ဒါတွေဟာ နိုင်ငံတကာ ဥပဒေတွေ နဲ့ ကုလသမဂ္ဂ ပဋိညာဉ်နဲ့ ဆန့်ကျင်တယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြောဆိုခဲ့ကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာန IRNAမှာ ဖော်ပြလိုက်ပါတယ်။ ဒါအပြင် အီရန် ပါလီမန် ထိပ်တန်းအဖွဲ့ဝင်တဦးကလည်း ဥရောပ ပါလီမန် EP ရဲ့လုပ်ဆောင်ချက်ကို အလားတူတုံပြန်သွားမယ်လို့ သောကြာနေ့က ပြောကြောင်း အဲဒီသတင်းဌာနမှာပဲ ဖော်ပြထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG