သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္၀မ္ကၽြန္းေပၚ ပ်ံသန္းလာတဲ့ တ႐ုတ္စစ္ဘက္ဆိုင္ရာယာဥ္ေတြကို ပစ္ခ်မည္


သတင္းစာရွင္းလင္းပြဲအတြင္းေတြ႔ရတဲ့ ထိုင္ဝမ္ေထာက္လွမ္းေရးဌာန အႀကီးအကဲ ထိပ္တန္းစစ္တပ္အရာရွိ ဗိုလ္ခ်ဳပ္ Huang Wen-chi (ေဖေဖာ္ဝါရီ ၁၄၊ ၂၀၂၃)

ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးရ ထိုင္ဝမ္ကြၽန္းေပၚကို ပ်ံသန္းလာမယ့္ တ႐ုတ္ႏိုင္ငံဘက္က စစ္ေရးဆိုင္ရာ ဘယ္လို အရာဝထၳဳမ်ိဳးကိုမဆို ပစ္ခ်မွာ ျဖစ္တဲ့အေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။

အခုအထိေတာ့ အေမရိကန္ ေလေၾကာင္းနယ္နမိတ္ကို က်ဳးေက်ာ္လာခဲ့တဲ့ ေထာက္လွမ္းေရး မိုးပ်ံပူေပါင္းလိုမ်ိဳးေတြ မေတြ႕ရေသးဘူးလို႔ ထိုင္ဝမ္ ေထာက္လွမ္းေရးဌာန အႀကီးအကဲ ထိပ္တန္းစစ္တပ္အရာရွိ ဗိုလ္ခ်ဳပ္ Huang Wen-chi က သတင္းေထာက္ေတြကို ေျပာပါတယ္။ ထိုင္ဝမ္ေကာင္းကင္မွာ ေတြ႕ရေလ့ရွိတဲ့ မိုးပ်ံပူေပါင္းေတြဟာ မိုးေလဝသ စူးစမ္းေလ့လာေရး ေဘာလုံးေတြသာျဖစ္တဲ့အေၾကာင္းနဲ႔ ေသးငယ္ၿပီး အေလးခ်ိန္မရွိသလို ပင္လယ္ေရမ်က္ႏွာျပင္ အထက္ ျမင့္သြားတဲ့အခ်ိန္ ေပါက္ကြဲသြားေလ့ရွိတဲ့ ပူေပါင္းမ်ိဳးေတြသာ ျဖစ္တယ္လို႔လည္း ေျပာဆိုပါတယ္။

တ႐ုတ္ႏိုင္ငံကေတာ့ ထိုင္ဝမ္ဟာ သူ႔ပိုင္နက္ျဖစ္တယ္လို႔ေျပာဆိုၿပီး တိုက္ခိုက္ေရး ဂ်က္ေလယာဥ္ေတြ၊ ကုန္းေၾကာင္း ေရေၾကာင္းကေန ေလယာဥ္နဲ႔ စစ္သေဘၤာေတြ ပုံမွန္ ေစလႊတ္ေလ့ရွိပါတယ္။ သံသယျဖစ္ဖြယ္ ေထာက္လွမ္းေရး မိုးပ်ံပူေပါင္းကို အေမရိကန္ဘက္က ပစ္ခ်ခဲ့တာဟာ မလိုအပ္ဘဲ အလြန္အကြၽံတုံ႔ျပန္တာလို႔လည္း တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာဆိုထားပါတယ္။

ဒီအေတာအတြင္း ဂ်ပန္ႏိုင္ငံကလည္း ဂ်ပန္ႏိုင္ငံပိုင္ ေလေၾကာင္းနယ္နမိတ္ေပၚမွာ ၿပီးခဲ့တဲ့ႏွစ္ပိုင္းေတြအတြင္း အမ်ိဳးအမည္မသိ အရာဝထၳဳတခ်ိဳ႕ ပ်ံသန္းေနခဲ့ၿပီး ဒါေတြဟာ တ႐ုတ္ႏိုင္ငံဘက္က ေထာက္လွမ္းေရး မိုးပ်ံပူေပါင္းေတြ ျဖစ္ႏိုင္တယ္လို႔ ဂ်ပန္ ကာကြယ္ေရး ဝန္ႀကီးဌာနကလည္း ေျပာပါတယ္။

၂၀၁၉ ႏိုဝင္ဘာ၊ ၂၀၂၀ ဇြန္နဲ႔ ၂၀၂၁ စက္တင္ဘာလေတြအတြင္း မိုးပ်ံပူေပါင္း သ႑ာန္ အရာဝထၳဳေတြ ဂ်ပန္ႏိုင္ငံပိုင္နက္ ေကာင္းကင္မွာ ေတြ႕ခဲ့ရတဲ့အေၾကာင္းနဲ႔ တ႐ုတ္ႏိုင္ငံဘက္က ဒါေတြနဲ႔ပတ္သက္လို႔ ျပန္လည္ေျဖရွင္းဖို႔ ဂ်ပန္ ကာကြယ္ေရးဝန္ႀကီးဌာနက ေတာင္းဆိုထားပါတယ္။ ေထာက္လွမ္းေရး မိုးပ်ံပူေပါင္းေတြ ပစ္လႊတ္ၿပီး ႏိုင္ငံပိုင္ နယ္နမိတ္ခ်ိဳးေဖါက္တာမ်ိဳးကို ဂ်ပန္ႏိုင္ငံအေနနဲ႔ လက္မခံႏိုင္တဲ့အေၾကာင္း ဂ်ပန္ကာကြယ္ေရး ဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ထိုင်ဝမ်ကျွန်းပေါ် ပျံသန်းလာတဲ့ တရုတ်စစ်ဘက်ဆိုင်ရာယာဉ်တွေကို ပစ်ချမည်

ကိုယ်ပိုင်အုပ်ချုပ်ရေးရ ထိုင်ဝမ်ကျွန်းပေါ်ကို ပျံသန်းလာမယ့် တရုတ်နိုင်ငံဘက်က စစ်ရေးဆိုင်ရာ ဘယ်လို အရာဝထ္ထုမျိုးကိုမဆို ပစ်ချမှာ ဖြစ်တဲ့အကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အခုအထိတော့ အမေရိကန် လေကြောင်းနယ်နမိတ်ကို ကျုးကျော်လာခဲ့တဲ့ ထောက်လှမ်းရေး မိုးပျံပူပေါင်းလိုမျိုးတွေ မတွေ့ရသေးဘူးလို့ ထိုင်ဝမ် ထောက်လှမ်းရေးဌာန အကြီးအကဲ ထိပ်တန်းစစ်တပ်အရာရှိ ဗိုလ်ချုပ် Huang Wen-chi က သတင်းထောက်တွေကို ပြောပါတယ်။ ထိုင်ဝမ်ကောင်းကင်မှာ တွေ့ရလေ့ရှိတဲ့ မိုးပျံပူပေါင်းတွေဟာ မိုးလေဝသ စူးစမ်းလေ့လာရေး ဘောလုံးတွေသာဖြစ်တဲ့အကြောင်းနဲ့ သေးငယ်ပြီး အလေးချိန်မရှိသလို ပင်လယ်ရေမျက်နှာပြင် အထက် မြင့်သွားတဲ့အချိန် ပေါက်ကွဲသွားလေ့ရှိတဲ့ ပူပေါင်းမျိုးတွေသာ ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။

တရုတ်နိုင်ငံကတော့ ထိုင်ဝမ်ဟာ သူ့ပိုင်နက်ဖြစ်တယ်လို့ပြောဆိုပြီး တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေ၊ ကုန်းကြောင်း ရေကြောင်းကနေ လေယာဉ်နဲ့ စစ်သင်္ဘောတွေ ပုံမှန် စေလွှတ်လေ့ရှိပါတယ်။ သံသယဖြစ်ဖွယ် ထောက်လှမ်းရေး မိုးပျံပူပေါင်းကို အမေရိကန်ဘက်က ပစ်ချခဲ့တာဟာ မလိုအပ်ဘဲ အလွန်အကျွံတုံ့ပြန်တာလို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

ဒီအတောအတွင်း ဂျပန်နိုင်ငံကလည်း ဂျပန်နိုင်ငံပိုင် လေကြောင်းနယ်နမိတ်ပေါ်မှာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း အမျိုးအမည်မသိ အရာဝထ္ထုတချို့ ပျံသန်းနေခဲ့ပြီး ဒါတွေဟာ တရုတ်နိုင်ငံဘက်က ထောက်လှမ်းရေး မိုးပျံပူပေါင်းတွေ ဖြစ်နိုင်တယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ပြောပါတယ်။

၂၀၁၉ နိုဝင်ဘာ၊ ၂၀၂၀ ဇွန်နဲ့ ၂၀၂၁ စက်တင်ဘာလတွေအတွင်း မိုးပျံပူပေါင်း သဏ္ဍာန် အရာဝထ္ထုတွေ ဂျပန်နိုင်ငံပိုင်နက် ကောင်းကင်မှာ တွေ့ခဲ့ရတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံဘက်က ဒါတွေနဲ့ပတ်သက်လို့ ပြန်လည်ဖြေရှင်းဖို့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။ ထောက်လှမ်းရေး မိုးပျံပူပေါင်းတွေ ပစ်လွှတ်ပြီး နိုင်ငံပိုင် နယ်နမိတ်ချိုးဖေါက်တာမျိုးကို ဂျပန်နိုင်ငံအနေနဲ့ လက်မခံနိုင်တဲ့အကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG