=== [[ ZAWGYI ]] ===
အီရန္ေရနံနဲ႔ ေရနံထြက္ပစၥည္းေတြကို အေမရိကန္ ပိတ္ဆို႔ဒဏ္ခတ္
အီရန္ရဲ႕ ေရနံနဲ႔ ေရနံဓါတုဆိုင္ရာ ထုတ္ကုန္ေတြကို အေမရိကန္ျပည္ေထာင္စုက ၾကာသပေတးေန႔မွာ ပစ္မွတ္ထား အေရးယူလိုက္ပါတယ္။ အေမရိကန္က ပစ္ဒဏ္ခတ္ အေရးယူထားတဲ့ အီရန္ရဲ႕ ေရနံနဲ႔ေရနံဓါတုပစၥည္းေတြ တင္ပို႔ေရာင္းခ်မႈမွာ ပါဝင္တဲ့ ကုမၸဏီ ၁၁ ခုနဲ႔ သူတို႔နဲ႔ လက္တြဲေဆာင္႐ြက္ေနတဲ့ သေဘာၤ အစင္း ၂၀ ကို အေရးယူတာျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။ အခု အေရးယူတဲ့အထဲမွာ တ႐ုတ္အေျခစိုက္ ကုမၸဏီ ၂ ခုလည္း ပါဝင္ပါတယ္။
အီရန္နဲ႔ အေနာက္ႏိုင္ငံေတြၾကား တင္းမာမႈေတြ တိုးလာေနတဲ့ အတြက္ အီရန္ရဲ ၂၀၁၅ န်ဴကလီယားသေဘာတူညီခ်က္ ျပန္အေကာင္ထည္ေဖၚေရး ႀကိဳးပမ္းမႈ ေရွ႕မတိုးေနာက္မဆုတ္ျဖစ္ေနခ်ိန္မွာပဲ အေမရိကန္က အီရန္ရဲ႕ ေရနံခိုးထုတ္မႈေတြ တားဆီးမႈ အစိတ္အပိုင္းတခု အျဖစ္အခုလို ဒဏ္ခတ္အေရးယူလိုက္တာျဖစ္ပါတယ္။
နယူးေရာက္ ကုလသမဂၢဌာနခ်ဳပ္က အီရန္ကိုယ္စားလွယ္အဖြဲ႕ကေတာ့ လက္ရွိဘိုင္ဒန္အစိုးရအဖြဲ႕ဟာ သမၼတေဟာင္း ေဒၚနယ္ထရမ့္ အစိုးရလက္ထက္က ထပ္တလဲလဲက်င့္သုံးခဲ့တဲ့ မေအာင္ျမင္တဲ့ ဖိအားအႀကီးမားဆုံးေပးတဲ့ မူဝါဒကိုပဲ ဆက္ က်င့္သုံးေနတယ္လို႔ ေဝဘန္ပါတယ္။ ဒီလိုဒဏ္ခတ္အေရးယူမႈေတြဟာ အီရန္အတြက္ ႐ိုးေနၿပီျဖစ္ၿပီး တကယ္လို႔ အီရန္ကို ဒီန်ဴကလီယား သေဘာတူစာခ်ဳပ္ အတိုင္း ျပန္လိုက္နာက်င့္သုံးေစခ်င္တယ္ ဆိုရင္ အေမရိကန္ရဲ႕ အေရးယူမႈေတြအားလုံးကို ျပန္႐ုတ္သိမ္းေပးဖို႔လုပ္ရမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။
အခုအေရးယူလိုက္တဲ့ ကုမၸဏီေတြကေတာ့ တ႐ုတ္အေျခစိုက္ ကုမၸဏီ ၂ ခုနဲ႔ ဗီယက္နမ္နဲ႔ အာရပ္ေစာ္ဘြားမ်ား UAE ႏိုင္ငံတို႔ျဖစ္ေၾကာင္း အေမရိကန္ဘ႑ာေရးဌာနက ေျပာပါတယ္။
အီရန္ရဲ႕ ေရနံလုပ္ငန္း၊ ဘဏ္လုပ္ငန္းနဲ႔ ကူးသန္းသြားလာေရး က႑ေတြ အတြက္ အေရးယူဒဏ္ခတ္မွႈေတြ ျပန္လည္ခ်မွတ္ဖို႔ ၂၀၁၈ မွာ အ အဲဒီအခ်ိန္က အေမရိကန္ သမၼတ ထရမ့္က အမိန႔္ထုတ္ခဲ့တာ ျဖစ္ပါတယ္။
=== {{ UNICODE }} ===
အီရန်ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေကို အမေရိကန် ပိတ်ဆို့ဒဏ်ခတ်
အီရန်ရဲ့ ရေနံနဲ့ ရေနံဓါတုဆိုင်ရာ ထုတ်ကုန်တွေကို အမေရိကန်ပြည်ထောင်စုက ကြာသပတေးနေ့မှာ ပစ်မှတ်ထား အရေးယူလိုက်ပါတယ်။ အမေရိကန်က ပစ်ဒဏ်ခတ် အရေးယူထားတဲ့ အီရန်ရဲ့ ရေနံနဲ့ရေနံဓါတုပစ္စည်းတွေ တင်ပို့ရောင်းချမှုမှာ ပါဝင်တဲ့ ကုမ္ပဏီ ၁၁ ခုနဲ့ သူတို့နဲ့ လက်တွဲဆောင်ရွက်နေတဲ့ သဘောၤ အစင်း ၂၀ ကို အရေးယူတာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ အခု အရေးယူတဲ့အထဲမှာ တရုတ်အခြေစိုက် ကုမ္ပဏီ ၂ ခုလည်း ပါဝင်ပါတယ်။
အီရန်နဲ့ အနောက်နိုင်ငံတွေကြား တင်းမာမှုတွေ တိုးလာနေတဲ့ အတွက် အီရန်ရဲ ၂၀၁၅ နျူကလီယားသဘောတူညီချက် ပြန်အကောင်ထည်ဖေါ်ရေး ကြိုးပမ်းမှု ရှေ့မတိုးနောက်မဆုတ်ဖြစ်နေချိန်မှာပဲ အမေရိကန်က အီရန်ရဲ့ ရေနံခိုးထုတ်မှုတွေ တားဆီးမှု အစိတ်အပိုင်းတခု အဖြစ်အခုလို ဒဏ်ခတ်အရေးယူလိုက်တာဖြစ်ပါတယ်။
နယူးရောက် ကုလသမဂ္ဂဌာနချုပ်က အီရန်ကိုယ်စားလှယ်အဖွဲ့ကတော့ လက်ရှိဘိုင်ဒန်အစိုးရအဖွဲ့ဟာ သမ္မတဟောင်း ဒေါ်နယ်ထရမ့် အစိုးရလက်ထက်က ထပ်တလဲလဲကျင့်သုံးခဲ့တဲ့ မအောင်မြင်တဲ့ ဖိအားအကြီးမားဆုံးပေးတဲ့ မူဝါဒကိုပဲ ဆက် ကျင့်သုံးနေတယ်လို့ ဝေဘန်ပါတယ်။ ဒီလိုဒဏ်ခတ်အရေးယူမှုတွေဟာ အီရန်အတွက် ရိုးနေပြီဖြစ်ပြီး တကယ်လို့ အီရန်ကို ဒီနျူကလီယား သဘောတူစာချုပ် အတိုင်း ပြန်လိုက်နာကျင့်သုံးစေချင်တယ် ဆိုရင် အမေရိကန်ရဲ့ အရေးယူမှုတွေအားလုံးကို ပြန်ရုတ်သိမ်းပေးဖို့လုပ်ရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
အခုအရေးယူလိုက်တဲ့ ကုမ္ပဏီတွေကတော့ တရုတ်အခြေစိုက် ကုမ္ပဏီ ၂ ခုနဲ့ ဗီယက်နမ်နဲ့ အာရပ်စော်ဘွားများ UAE နိုင်ငံတို့ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက ပြောပါတယ်။
အီရန်ရဲ့ ရေနံလုပ်ငန်း၊ ဘဏ်လုပ်ငန်းနဲ့ ကူးသန်းသွားလာရေး ကဏ္ဍတွေ အတွက် အရေးယူဒဏ်ခတ်မှှုတွေ ပြန်လည်ချမှတ်ဖို့ ၂၀၁၈ မှာ အ အဲဒီအချိန်က အမေရိကန် သမ္မတ ထရမ့်က အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။