သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေငြ ေလွ်ာ့သုံးေရး အစီအစဥ္အေပၚ သုံးသပ္သူေတြရဲ႕ အျမင္တခ်ိဳ႕


၂၀၂၃-၂၄ ဘ႑ႏွစ္ ရသုံးခန႔္မွန္းေျခ ညႇိႏႈိင္းအစည္းအေဝးမွာ ျမင္ရသည့္ စစ္ေကာင္စီ ဒုဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း။ Photo: Myawaddy News

=== [[ ZAWGYI ]] ===

စစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေငြ ေလွ်ာ့သုံးေရး အစီအစဥ္အေပၚ သုံးသပ္သူေတြရဲ႕ အျမင္တခ်ိဳ႕

စစ္ေကာင္စီက ႏိုင္ငံျခားေငြ ေလ်ာ့သုံးႏိုင္ဖို႔ ေခြၽတာေရးဆိုင္ရာ အစီအစဥ္တခ်ိဳ႕ကို ၾကာသာပေတးေန႔က ျပဳလုပ္တဲ့ ၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္ ဘတ္ဂ်က္ ေဆြးေႏြးပြဲမွာ ခ်ျပခဲ့ပါတယ္။ အဓိကက စက္သုံးဆီကို တတ္ႏိုင္သမွ် ေလ်ာ့သုံးဖို႔ ဘ႑ာေရးေကာ္မရွင္ ဒုဥကၠဌ ဒုဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက တင္ျပခဲ့တာပါ။

လာမယ့္ ဘ႑ာေရးႏွစ္အတြက္ စစ္ေကာင္စီရဲ႕ ဘတ္ဂ်က္ဆိုင္ရာ ေဆြးေႏြးမႈနဲ႔ပတ္သက္ၿပီး ဘ႑ာစီးပြားဆိုင္ရာ ကြၽမ္းက်င္သူေတြရဲ႕ အျမင္ကို ကိုဝင္းမင္းက ေမးျမန္းတင္ျပေပးမွာပါ။

---------------------

တကမာၻလုံးမွာ စက္သုံးဆီေတြ ေဈးတက္ေနခ်ိန္ ႏိုင္ငံျခားက တင္သြင္းရတာမို႔ ႏိုင္ငံျခားေငြ သုံးစြဲမႈ ေလ်ာ့ခ်ေရး စက္သုံးဆီကို ႏိုင္သေလာက္ ေလ်ာ့သုံး ေခြၽတာဖို႔ ဒုဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ဘတ္ဂ်က္ညႇိႏႈိင္း ေဆြးေႏြးပြဲအတြင္း ရွင္းျပခဲ့ပါတယ္။

ဒီအစည္းအေဝးရဲ႕ ထူးျခားမႈနဲ႔ ပတ္သက္လို႔ အေမရိကန္ေရာက္ စီးပြားေရးပညာရွင္ ဦးစိန္ေဌးက -

" အဲဒီမွာ ဘယ္လိုဟာေတြကို ေခြၽတာပါဆိုတာကို အၾကမ္းဖ်င္းေတာ ေျပာတယ္။ ဥပမာ ႐ုံးအသစ္ေတြ မေဆာက္နဲ႔ ဇိမ္ခံပစၥည္းေတြ မဝယ္နဲ႔ဆိုတာမ်ိဳး၊ ေနာက္ၿပီးေတာ့ ရေငြ ေပၚမွာမူတည္ၿပီးေတာ့ ရေငြကို သုံးမယ္လို႔လည္း ေျပာတယ္။ ရေငြကလည္း နည္းေနၿပီဆိုေတာ့ ဒီႏွစ္ထဲမွာ ဦးမင္းေအာင္လႈိင္ကိုယ္တိုင္ ေျပာထားတာကေတာ့ ႏိုင္ငံေတာ္မွာ သူတို႔ ဥပေဒစိုးမိုးတဲ့ သူတို႔ အုပ္ခ်ဳပ္ႏိုင္တဲ့ ေဒသ ၅၀% ေလာက္ပဲ ရွိတယ္ ေျပာတယ္။ ၿမိဳ႕နယ္ေပါင္း(၃၀၀)ေက်ာ္မွာ (၁၀၀)ေက်ာ္ပဲ ရွိေတာ့တယ္ဆိုေတာ့ စဥ္းစားၾကည့္ .. ရေငြကလည္း နည္းၿပီ ၊ ရေငြ နည္းရင္ အသုံးစားရိတ္လည္း နည္းေတာ့မွာပဲေလ။ ဘယ္ပုံစံနဲ႔ လုပ္မလဲဆိုတာကေတာ့ သူတို႔ဆီက အေသးစိတ္ ထြက္လာမွပဲ ျပန္သုံးသပ္ရင္ ပိုေကာင္းမယ္။ ေလာေလာဆယ္ေတာ့ ထင္သေလာက္ မလြယ္ဘူး။"

အဲဒီေတာ့ ဘာ့ေၾကာင့္ အခုလို ေခြၽတာေရးအစီအစဥ္ ျဖစ္လာႏိုင္သလဲ ဆိုတာကို အမည္မေဖၚလိုသူ ျမန္မာစီးပြားေရး လုပ္ငန္းရွင္က -

" သူတို႔ ေျပာပုံအရ ဆိုရင္ေတာ့ ဒီ ဘ႑ာေရးႏွစ္မွာ လိုေငြ ရွိေနတယ္ဆိုတဲ့ သေဘာမ်ိဳး ေတြ႕ရတယ္။ အဲဒီ လိုေငြေတြကို နည္းႏိုင္သမွ် နည္းေအာင္ ေခြၽတာေရးလုပ္ဖို႔ ေျပာတာေပါ့ဗ်ာ။ ပို႔ကုန္နဲ႔ပတ္သက္ၿပီး ေဒၚလာ ဝင္ေငြ မရွိဘူး၊ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဝင္မလာဘူး ဆိုတဲ့အတြက္ေၾကာင့္ နံပတ္(၁) ေခြၽတာခိုင္းမယ္၊ နံပတ္(၂)က လူတိုင္းသိေနတဲ့ ဒီ စစ္လက္နက္ ဝယ္ယူေရးေပါ့ေလ၊ ဒါေတြကို ကာမိဖို႔အတြက္ ေခြၽတာေရး စတာေပါ့။ အဓိကေတာ့ စက္သုံးဆီေပ့ါ ဒီဇယ္ ဓါတ္ဆီေတြ သုံးတာေခြၽတာဖို႔ ေျပာလာတဲ့အခါက်ေတာ့ .. ဘတ္ဂ်က္ လိုေငြျပေနၿပီဆိုရင္ ေလာင္စာဆီ ဝယ္တဲ့ဟာက ႏိုင္ငံျခားေငြ အမ်ားဆုံး ထြက္တဲ့ နည္းလမ္းတခု ျဖစ္ေနေတာကိုး အဲဒါကို သူတို႔ ေခြၽတာခ်င္တာလည္း ျဖစ္ႏိုင္ပါတယ္။ "

အခုလိုမ်ိဳး စက္သုံးဆီ ေခြၽတာေရး အစီအစဥ္ေအာက္ အုပ္ခ်ဳပ္ေရးပိုင္းမွာ ဆက္ျဖစ္လာႏိုင္ေျခကိုလည္း ဦးစိန္ေဌး သုံးသပ္တာက -

" ႏိုင္ငံျခားေငြ ရွားပါးလာေတာ့ အဲဒီေငြ ေခြၽတာဖို႔အတြက္ ဌာနဆိုင္ရာေတြမွာ သူတို႔အရင္က ဘုန္းေပါလေအာ ေလာင္စာဆီ သုံးတဲ့ေနရာေတြမွာ ေလ်ာ့ခိုင္းတာ။ တိုင္းျပည္တျပည္မွာ သက္ဆိုင္ရာ ေကာ္ပိုေရးရွင္းေတြ ဝန္ႀကီးဌာနေတြက စိစစ္တင္ျပလိုက္တာကို ဘ႑ာေရးဝန္ႀကီးဌာနက ပထမဆင့္ သုံးသပ္ၿပီးေတာ့ အဲဒါကို ညႇိႏႈိင္း အတည္ျပဳဖို႔ လုပ္တဲ့အစည္းအေဝး ခုစည္းေဝးက။ တကယ္ေတာ့က ဒီမိုကေရစီႏိုင္ငံေတြမွာဆိုရင္ ဝန္ႀကီးဌာနက အသုံးစားရိတ္ကို လႊတ္ေတာ္ကိုတင္ျပရတယ္၊ လႊတ္ေတာ္က စိစစ္ၿပီးေတာ့မွ အတည္ျပဳေပးရတာ။ ျမန္မာႏိုင္ငံမွာ လႊတ္ေတာ္က မရွိေတာ့ဘူး။ အခုဟာက သူတို႔က အဲဒီပုံစံမ်ိဳး လုပ္ေနတာ။ ဒါေၾကာင့္ မလွိမ့္တပတ္ လုပ္တာပဲ။ "

ဒီေနရာမွာ ပုဂၢလိက လုပ္ငန္းေတြဖက္ သက္ေရာက္မႈ ရွိလာႏိုင္ေျခကိုလည္း အမည္မေဖၚလိုသူ ျမန္မာစီးပြားေရး လုပ္ငန္းရွင္ သုံးသပ္တာက -

" ဆီဝယ္ၿပီးဆိုရင္ နံပတ္(၁)က ေငြလႊဲတာေပါ့ဗ်ာ။ ေငြလႊဲခြင့္ကို ကန႔္သတ္လိုက္တာမ်ိဳးေပါ့။ ဒါက အ႐ိုးရွင္းဆုံးနဲ႔ အသံ မထြက္ဆုံးပဲေပါ့။ အဲလိုမ်ိဳး ေငြေၾကး အထြက္ကို ကန႔္သတ္တယ္ ဆိုရင္လည္း ေလာင္စာဆီ ဝယ္လို႔ မရေတာ့ဘူးေပါ့ေလ။ အဲခါက်ေတာ့ ယိုးဒယားတို႔ တ႐ုတ္ျပည္တို႔ ဘက္ကေန ေမွာင္ခိုသြင္းတာမ်ိဳး ျဖစ္ေကာင္းျဖစ္လာႏိုင္တာေပါ့။ ဒါေပမဲ့ နယ္စပ္ကေန ဝင္လာတာကို တရားဝင္ ေပးဝင္တယ္ပဲ ထားဦး သယ္ယူပို႔ေဆာင္မႈ စားရိတ္ေတြ မ်ားမွာျဖစ္တဲ့အတြက္ေၾကာင့္ ဆီေဈးကေတာ့ တက္သြားမွာပဲ။

" ႐ုရွားကေန ဆီဝယ္ဖို႔ဆိုတဲ့ဟာ ၊ စက္သုံးဆီ ေခြၽတာေရးကေတာ့ က်ေနာ္ထင္တယ္ အလွမ္း ေဝးေနဦးမယ္။ ျမန္မာျပည္သူေတြအကုန္လုံးက ေနႏိုင္ေအာင္ ေနတတ္ေအာင္ ႀကိဳးစားၿပီး ေနေနၾကေတာ့ အဲဒါကလည္း ေခြၽတာေရးနဲ႔ အတူတူပါပဲ။ ဒီထက္ပိုၿပီး ေခြၽတာဖို႔ မရႏိုင္ေကာင္းေတာ့ဘူး လို႔ေတာ့ က်ေနာ္ထင္ပါတယ္။ "

ဒီလို အေနအထားကေန ဆက္ျဖစ္လာႏိုင္ေျခကိုလည္း စီးပြားေရးပညာရွင္ ဦးစိန္ေဌးက -

" တိုင္းျပည္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ သုံးမယ့္ အသုံးစရိတ္ေတြ ေလ်ာ့ခ်ၿပီးေတာ့ သူတို႔အာဏာ တည္ၿမဲေရးအတြက္ .. စစ္တပ္အတြက္ စစ္လက္နက္ပစၥည္း ဝယ္မယ့္ဟာေတြ ၊ စစ္သုံး ေလေၾကာင္း ေလာင္စာဆီေတြ ဝယ္ဖို႔ေလာက္ကိုပဲ သူတို႔ ဦးစားေပးလိမ့္မယ္ က်န္တာေတြကေတာ့ မျဖစ္မေန ဟာေလာက္ပဲ သာမန္ေလာက္ပဲ သုံးမယ္လို႔ က်ေနာ္ ထင္ပါတယ္။ "

တကယ္ေတာ့ အျခားႏိုင္ငံေတြမွာလည္း စီးပြားက်တာ၊ ေငြေၾကး ေဖါင္းပြတာ ရင္ဆိုင္ေနရသလို ျမန္မာမွာေတာ့ ျပည္တြင္းစစ္ေၾကာင့္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈ လာေရာက္တာ အလွမ္းေဝးလာၿပီး ေနာက္ဆုံးေတာ့ ျပည္သူေတြပဲ ဒဏ္ပိႏိုင္တယ္လို႔ သုံးသပ္သူေတြက ျမင္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ လျှော့သုံးရေး အစီအစဉ်အပေါ် သုံးသပ်သူတွေရဲ့ အမြင်တချို့

စစ်ကောင်စီက နိုင်ငံခြားငွေ လျော့သုံးနိုင်ဖို့ ချွေတာရေးဆိုင်ရာ အစီအစဉ်တချို့ကို ကြာသာပတေးနေ့က ပြုလုပ်တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဘတ်ဂျက် ဆွေးနွေးပွဲမှာ ချပြခဲ့ပါတယ်။ အဓိကက စက်သုံးဆီကို တတ်နိုင်သမျှ လျော့သုံးဖို့ ဘဏ္ဍာရေးကော်မရှင် ဒုဥက္ကဌ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တင်ပြခဲ့တာပါ။

လာမယ့် ဘဏ္ဍာရေးနှစ်အတွက် စစ်ကောင်စီရဲ့ ဘတ်ဂျက်ဆိုင်ရာ ဆွေးနွေးမှုနဲ့ပတ်သက်ပြီး ဘဏ္ဍာစီးပွားဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အမြင်ကို ကိုဝင်းမင်းက မေးမြန်းတင်ပြပေးမှာပါ။

---------------------

တကမ္ဘာလုံးမှာ စက်သုံးဆီတွေ ဈေးတက်နေချိန် နိုင်ငံခြားက တင်သွင်းရတာမို့ နိုင်ငံခြားငွေ သုံးစွဲမှု လျော့ချရေး စက်သုံးဆီကို နိုင်သလောက် လျော့သုံး ချွေတာဖို့ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဘတ်ဂျက်ညှိနှိုင်း ဆွေးနွေးပွဲအတွင်း ရှင်းပြခဲ့ပါတယ်။

ဒီအစည်းအဝေးရဲ့ ထူးခြားမှုနဲ့ ပတ်သက်လို့ အမေရိကန်ရောက် စီးပွားရေးပညာရှင် ဦးစိန်ဌေးက -

" အဲဒီမှာ ဘယ်လိုဟာတွေကို ချွေတာပါဆိုတာကို အကြမ်းဖျင်းတော ပြောတယ်။ ဥပမာ ရုံးအသစ်တွေ မဆောက်နဲ့ ဇိမ်ခံပစ္စည်းတွေ မဝယ်နဲ့ဆိုတာမျိုး၊ နောက်ပြီးတော့ ရငွေ ပေါ်မှာမူတည်ပြီးတော့ ရငွေကို သုံးမယ်လို့လည်း ပြောတယ်။ ရငွေကလည်း နည်းနေပြီဆိုတော့ ဒီနှစ်ထဲမှာ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ပြောထားတာကတော့ နိုင်ငံတော်မှာ သူတို့ ဥပဒေစိုးမိုးတဲ့ သူတို့ အုပ်ချုပ်နိုင်တဲ့ ဒေသ ၅၀% လောက်ပဲ ရှိတယ် ပြောတယ်။ မြို့နယ်ပေါင်း(၃၀၀)ကျော်မှာ (၁၀၀)ကျော်ပဲ ရှိတော့တယ်ဆိုတော့ စဉ်းစားကြည့် .. ရငွေကလည်း နည်းပြီ ၊ ရငွေ နည်းရင် အသုံးစားရိတ်လည်း နည်းတော့မှာပဲလေ။ ဘယ်ပုံစံနဲ့ လုပ်မလဲဆိုတာကတော့ သူတို့ဆီက အသေးစိတ် ထွက်လာမှပဲ ပြန်သုံးသပ်ရင် ပိုကောင်းမယ်။ လောလောဆယ်တော့ ထင်သလောက် မလွယ်ဘူး။"

အဲဒီတော့ ဘာ့ကြောင့် အခုလို ချွေတာရေးအစီအစဉ် ဖြစ်လာနိုင်သလဲ ဆိုတာကို အမည်မဖေါ်လိုသူ မြန်မာစီးပွားရေး လုပ်ငန်းရှင်က -

" သူတို့ ပြောပုံအရ ဆိုရင်တော့ ဒီ ဘဏ္ဍာရေးနှစ်မှာ လိုငွေ ရှိနေတယ်ဆိုတဲ့ သဘောမျိုး တွေ့ရတယ်။ အဲဒီ လိုငွေတွေကို နည်းနိုင်သမျှ နည်းအောင် ချွေတာရေးလုပ်ဖို့ ပြောတာပေါ့ဗျာ။ ပို့ကုန်နဲ့ပတ်သက်ပြီး ဒေါ်လာ ဝင်ငွေ မရှိဘူး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာဘူး ဆိုတဲ့အတွက်ကြောင့် နံပတ်(၁) ချွေတာခိုင်းမယ်၊ နံပတ်(၂)က လူတိုင်းသိနေတဲ့ ဒီ စစ်လက်နက် ဝယ်ယူရေးပေါ့လေ၊ ဒါတွေကို ကာမိဖို့အတွက် ချွေတာရေး စတာပေါ့။ အဓိကတော့ စက်သုံးဆီပေ့ါ ဒီဇယ် ဓါတ်ဆီတွေ သုံးတာချွေတာဖို့ ပြောလာတဲ့အခါကျတော့ .. ဘတ်ဂျက် လိုငွေပြနေပြီဆိုရင် လောင်စာဆီ ဝယ်တဲ့ဟာက နိုင်ငံခြားငွေ အများဆုံး ထွက်တဲ့ နည်းလမ်းတခု ဖြစ်နေတောကိုး အဲဒါကို သူတို့ ချွေတာချင်တာလည်း ဖြစ်နိုင်ပါတယ်။ "

အခုလိုမျိုး စက်သုံးဆီ ချွေတာရေး အစီအစဉ်အောက် အုပ်ချုပ်ရေးပိုင်းမှာ ဆက်ဖြစ်လာနိုင်ခြေကိုလည်း ဦးစိန်ဌေး သုံးသပ်တာက -

" နိုင်ငံခြားငွေ ရှားပါးလာတော့ အဲဒီငွေ ချွေတာဖို့အတွက် ဌာနဆိုင်ရာတွေမှာ သူတို့အရင်က ဘုန်းပေါလအော လောင်စာဆီ သုံးတဲ့နေရာတွေမှာ လျော့ခိုင်းတာ။ တိုင်းပြည်တပြည်မှာ သက်ဆိုင်ရာ ကော်ပိုရေးရှင်းတွေ ဝန်ကြီးဌာနတွေက စိစစ်တင်ပြလိုက်တာကို ဘဏ္ဍာရေးဝန်ကြီးဌာနက ပထမဆင့် သုံးသပ်ပြီးတော့ အဲဒါကို ညှိနှိုင်း အတည်ပြုဖို့ လုပ်တဲ့အစည်းအဝေး ခုစည်းဝေးက။ တကယ်တော့က ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် ဝန်ကြီးဌာနက အသုံးစားရိတ်ကို လွှတ်တော်ကိုတင်ပြရတယ်၊ လွှတ်တော်က စိစစ်ပြီးတော့မှ အတည်ပြုပေးရတာ။ မြန်မာနိုင်ငံမှာ လွှတ်တော်က မရှိတော့ဘူး။ အခုဟာက သူတို့က အဲဒီပုံစံမျိုး လုပ်နေတာ။ ဒါကြောင့် မလှိမ့်တပတ် လုပ်တာပဲ။ "

ဒီနေရာမှာ ပုဂ္ဂလိက လုပ်ငန်းတွေဖက် သက်ရောက်မှု ရှိလာနိုင်ခြေကိုလည်း အမည်မဖေါ်လိုသူ မြန်မာစီးပွားရေး လုပ်ငန်းရှင် သုံးသပ်တာက -

" ဆီဝယ်ပြီးဆိုရင် နံပတ်(၁)က ငွေလွှဲတာပေါ့ဗျာ။ ငွေလွှဲခွင့်ကို ကန့်သတ်လိုက်တာမျိုးပေါ့။ ဒါက အရိုးရှင်းဆုံးနဲ့ အသံ မထွက်ဆုံးပဲပေါ့။ အဲလိုမျိုး ငွေကြေး အထွက်ကို ကန့်သတ်တယ် ဆိုရင်လည်း လောင်စာဆီ ဝယ်လို့ မရတော့ဘူးပေါ့လေ။ အဲခါကျတော့ ယိုးဒယားတို့ တရုတ်ပြည်တို့ ဘက်ကနေ မှောင်ခိုသွင်းတာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်တာပေါ့။ ဒါပေမဲ့ နယ်စပ်ကနေ ဝင်လာတာကို တရားဝင် ပေးဝင်တယ်ပဲ ထားဦး သယ်ယူပို့ဆောင်မှု စားရိတ်တွေ များမှာဖြစ်တဲ့အတွက်ကြောင့် ဆီဈေးကတော့ တက်သွားမှာပဲ။

" ရုရှားကနေ ဆီဝယ်ဖို့ဆိုတဲ့ဟာ ၊ စက်သုံးဆီ ချွေတာရေးကတော့ ကျနော်ထင်တယ် အလှမ်း ဝေးနေဦးမယ်။ မြန်မာပြည်သူတွေအကုန်လုံးက နေနိုင်အောင် နေတတ်အောင် ကြိုးစားပြီး နေနေကြတော့ အဲဒါကလည်း ချွေတာရေးနဲ့ အတူတူပါပဲ။ ဒီထက်ပိုပြီး ချွေတာဖို့ မရနိုင်ကောင်းတော့ဘူး လို့တော့ ကျနော်ထင်ပါတယ်။ "

ဒီလို အနေအထားကနေ ဆက်ဖြစ်လာနိုင်ခြေကိုလည်း စီးပွားရေးပညာရှင် ဦးစိန်ဌေးက -

" တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးမယ့် အသုံးစရိတ်တွေ လျော့ချပြီးတော့ သူတို့အာဏာ တည်မြဲရေးအတွက် .. စစ်တပ်အတွက် စစ်လက်နက်ပစ္စည်း ဝယ်မယ့်ဟာတွေ ၊ စစ်သုံး လေကြောင်း လောင်စာဆီတွေ ဝယ်ဖို့လောက်ကိုပဲ သူတို့ ဦးစားပေးလိမ့်မယ် ကျန်တာတွေကတော့ မဖြစ်မနေ ဟာလောက်ပဲ သာမန်လောက်ပဲ သုံးမယ်လို့ ကျနော် ထင်ပါတယ်။ "

တကယ်တော့ အခြားနိုင်ငံတွေမှာလည်း စီးပွားကျတာ၊ ငွေကြေး ဖေါင်းပွတာ ရင်ဆိုင်နေရသလို မြန်မာမှာတော့ ပြည်တွင်းစစ်ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လာရောက်တာ အလှမ်းဝေးလာပြီး နောက်ဆုံးတော့ ပြည်သူတွေပဲ ဒဏ်ပိနိုင်တယ်လို့ သုံးသပ်သူတွေက မြင်နေကြပါတယ်။

XS
SM
MD
LG