သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် အမှုထမ်းတွေ ကာကွယ်ရေး ခိုင်ခိုင်မာမာ လုပ်ဆောင်မည် (သမ္မတ ဘိုင်ဒန်)


In this frame grab from video, an American military convoy is seen in the village of Khirbet Ammu, east of Qamishli city, Syria, Wednesday, Feb. 12, 2020. Syrian media and activists say a Syrian was killed and another wounded in a rare clash between…
In this frame grab from video, an American military convoy is seen in the village of Khirbet Ammu, east of Qamishli city, Syria, Wednesday, Feb. 12, 2020. Syrian media and activists say a Syrian was killed and another wounded in a rare clash between…

=== [[ ZAWGYI ]] ===

ကန်အမှုထမ်းတွေ ကာကွယ်ရေး ခိုင်ခိုင်မာမာ လုပ်ဆောင်မည် (သမ္မတ ဘိုင်ဒန်)

ဆီးရီးယား နိုင်ငံတွင်း တိုက်ခိုက်ခံရမှုမှာ အမေရိကန် တဦး သေဆုံးခဲ့ရပြီးနောက်မှာတော့ အမေရိကန် အမှုထမ်းတွေကို ကာကွယ်ရေး အတွက် ခိုင်ခိုင်မာမာ တုံ့ပြန်မယ်လို့ သမ္မတ Joe Biden က သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။

" အမေရိကန်က အီရန်နဲ့ ပဋိပက္ခ ဖြစ်အောင်လုပ်နေတာ မဟုတ်ကြောင်း၊ ဒါပေမဲ့ အမေရိကန် ပြည်သူတွေကို ကာကွယ်ရေး ခိုင်ခိုင်မာမာ ဆောင်ရွက်ဖို့ ပြင်ဆင်ထားတယ်" လို့ သမ္မတ Biden က ကနေဒါ နိုင်ငံ Ottawa မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သမ္မတ Biden က ကနေဒါ နိုင်ငံကို နိုင်ငံတော် ခရီးစဉ် အဖြစ် ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဆီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ကြာသပတေးနေ့က အီရန်လုပ် အဝေးထိန်း ဒရုန်းလို့ သံသယ ရှိတဲ့ ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ခံရမှု အတွင်း အမေရိကန် ကန်ရိုက်တာတဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲတာအတွက်၊ အမေရိကန်တပ်တွေက အီရန် တော်လှန်ရေး အစောင့်တပ်နဲ့ ဆက်နွယ်နေတဲ့အဖွဲ့တွေ အသုံးပြုတဲ့ နေရာတွေကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့ပြီးနောက် သမ္မတက အခုလို ပြောဆိုတာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူက အနည်းဆုံး ၄ ဦး ရှိတယ်လို့လည်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ အမေရိကန် ကန်ထရိုက်တာ သေဆုံးခဲ့ရတဲ့ ကြာသပတေးနေ့ဒရုန်းယာဉ်နဲ့ အတိုက်ခိုက်ခံရတာကို တုံ့ပြန်တဲ့ အနေနဲ့ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းက ပစ်မှတ်တွေကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့လည်း အမေရိကန် စစ်တပ်ကအတည်ပြုပါတယ်။

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက ညွှန့်ပေါင်း အခြေစိုက်စခန်းမှာ ကန်ရိုက်တာ ၁ ဦး သေဆုံးခဲ့ရတဲ့ တိုက်ခိုက်ခံရမှုမှာ သုံးတဲ့ယာဉ်ဟာ အီရန်လုပ်ဒရုန်းယာဉ် ဖြစ်ကြောင်း ထောက်လှမ်းရေးက သုံးသပ်ထားတာပါ။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===







XS
SM
MD
LG