သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက စစ်ရေးအခြေနေ


ဧပြီ ၆ ရက် မြိုင် ပကဖ စခန်း စီးနင်းခံရပြီးနောက်မြင်ကွင်း (Photo: မြိုင်ပကဖ)
ဧပြီ ၆ ရက် မြိုင် ပကဖ စခန်း စီးနင်းခံရပြီးနောက်မြင်ကွင်း (Photo: မြိုင်ပကဖ)

=== [[ ZAWGYI ]] ===

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက စစ်ရေးအခြေနေ

ပုလဲမြို့ တနယ်ကျေးရွာ အနောက်ဖက်မှာရှိတဲ့ ဒေသခံကာကွယ်ရေး တပ်စခန်းကို စစ်တပ်က ဝင်စီးတာမှာ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က သေဆုံးတာတွေ ရှိခဲ့ပါတယ်။ မကွေးတိုင်း မြိုင်မြို့နယ်ထဲမှာလည်း ဒေသခံကာကွယ်ရေး စခန်းငယ်တခု စီးနင်း ခံခဲ့ရပါသေးတယ်။ စစ်ကိုင်းနဲ့မကွေးက ဒေသခံကာကွယ်ရေးတပ်ဖွဲ့ စခန်းတွေ စီးနင်းခံရတဲ့ အခြေအနေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုရဲမွန်က ပြောပြပါမယ်။


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အစပ်မှာရှိတဲ့ တနယ်ကျေးရွာ အနောက်ဖက် ဒေသခံကာကွယ်ရေး တပ်စခန်းတခုကို ဧပြီ ၅ ရက် မနက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းချီတက် ပစ်ခတ်တာတွေလုပ်ပြီး ဝင်ရောက်စီးနင်း ခဲ့တာပါ။

ဧပြီ ၆ ရက်နေ့က စစ်ကောင်စီတပ်တွေ ထွက်ခွာချိန်မှာတော့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ဝင်ရောက် နယ်မြေရှင်းလင်းရင်း သေဆုံးနေတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦးကို တွေ့ရှိခဲ့ရပါတယ်။

တနယ်ရွာဟာ ပုလဲမြို့နယ်နဲ့ မြိုင်မြို့နယ် အစပ်မှာရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး အခုလို စခန်းကို ဝင်ရောက်စီးနင်းတာဟာ သတင်းပေး ဒလံကြောင့်လို့ ယူဆမိကြောင်း ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“ အဲ့ဒီ သိမ်းတဲ့စခန်းကို တပ်စွဲထားပြီးတော့ ဒီဘက်ကို လာလာလုံးတာ၊ လာလာလုံးပေမယ့် မရဘူး။ ဒီဘက်ကလည်း ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြန်လည် ခုခံကာကွယ်တာရော လုံးဝကပ်လို့ မရတဲ့အခါမှာ ဒီကောင်တွေ ပြန်လည် ဆုတ်ခွါသွားရတယ်ခင်ဗျ။ သူတို့ဆုတ်သွားတဲ့အချိန်မှာ အဲ့စခန်းကို ရှင်းလင်းရေး ဝင်လိုက်တာ ရဲဘော်တွေက၊ ဝင်လိုက်တဲ့အခါမှာ ရဲဘော်တွေရဲ့ အလောင်း ၇ လောင်းလောက် တွေ့တယ်လို့ ပြောတယ်ခင်ဗျ။ ဒီစခန်းက သိတယ်၊ သေချာပေါက်ကြီး လာထိုးတာဆိုတော့ ဒလံကောင်းလို့ပဲလို့ ကျွန်တော်ကတော့ မြင်တယ်။ ဒလံကောင်းကောင်းလေးက ဒီနေရာ၊ ဒီနေရာဆိုပြီး Location အတိအကျ ပြောပြထားလို့သာ သိနိုင်တာကိုး။ ကျန်တဲ့အတိုင်းအတာတော့ မသိနိုင်ဘူးခင်ဗျ။ ”

စစ်တပ်က အခုလို လေကြောင်းက တိုက်ခိုက်ပြီး ဝင်ရောက်စီးနင်းတာအပြင် တဖက်မှာလည်း ပုလဲနယ်ထဲက ကျေးရွာတွေမှာ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲတွေက ရှိနေပါသေးတယ်။

ဧပြီ ၆ ရက် မနက်ပိုင်းမှာလည်း ပုလဲမြို့နယ်ထဲမှာ နယ်မြေရှင်းလင်းနေတဲ့ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ချောင်းနားကျေးရွာနဲ့ ကန့်ဒေါင့်ကျေးရွာကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့သလို စစ်တပ်ဖက်ကလည်း ၁၀ ဦးသန့် သေဆုံးတယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဧပြီ ၆ ရက်မှာ ပုလဲမြို့ တနယ်ကျေးရွာက ကာကွယ်ရေးစခန်းကို ဝင်ရောက်စီးနင်းပြီး ထွက်ခွာသွားတဲ့ စစ်တပ်ဟာ အဲဒီနေ့မှာပဲ မကွေးတိုင်း မြိုင်မြို့နယ်၊ ညောင်ရွာကျေးရွာ အနီးမှာရှိတဲ့ ကာကွယ်ရေး တပ်စခန်းတခုကိုလည်း ဝင်ရောက်စီးနင်း ခဲ့ပါသေးတယ်။

ကားနဲ့ဆိုင်ကယ်တွေ မီးရှို့ခံခဲ့ရပြီး လူသေဆုံးတာ မရှိဘူးလို့ မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ခံ ဗိုလ်လကျ်ာက ပြောပါတယ်။

“ကျွန်တော်တို့ ပကဖ စခန်းတော့ ဟုတ်ပါတယ်။ အခွဲပေါ့ ကျေးရွာ ပကဖပေါ့။ ကလေးတွေတော့ ဆုံးရှုံးမှု မရှိဘူး။ ဒါပေမယ့် ကား ၂ စီးရယ် ဆိုင်ကယ် ၅ စီးရယ် စခန်းငယ်လေးရယ် မီးရှို့သွားတာပေါ့။”

စခန်းကို ဝင်ရောက် မစီးနင်းမှီ ရက်ပိုင်းအလိုကတည်းက စစ်တပ်က လေယာဉ်တွေ ဒရုန်းတွေနဲ့ ကင်းထောက်တာတွေ ပြုလုပ်ခဲ့တယ်လို့လည်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒါ့အပြင် မြေပြင်မှာလည်း စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်တာတွေ ပြုလုပ်တာတွေရှိနေပြီး စစ်ရေး တင်းမာနေပါတယ်။

ဒီရက်ပိုင်းထဲမှာ စစ်ကိုင်းနဲ့ မကွေးတိုင်းက ဒေသခံကာကွယ်ရေး တပ်ဖွဲ့စခန်းတွေကို စစ်တပ်က ပစ်မှတ်ထား စီးနင်းတာတွေ လုပ်နေတာပါ။ မတ်လ ၃၀ ရက်ကလည်း စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်စခန်းတခုကို စစ်တပ်က ဝင်ရောက်စီးနင်းတာတွေ လုပ်ခဲ့လို့ အပြန်အလှန် ပစ်ခတ်တာဖြစ်ခဲ့ပြီး မြောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၁ က ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းနဲ့ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပါသေးတယ်။

=== {{ UNICODE }} ===
















တိုက်ရိုက် လင့်ခ်

XS
SM
MD
LG