သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေရပ်ဖို့ အိန္ဒိယပန်ကြား


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသေဆုံးမှုမြင်ကွင်း။ (ဧပြီ ၁၀၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသေဆုံးမှုမြင်ကွင်း။ (ဧပြီ ၁၀၊ ၂၀၂၃)

=== [[ ZAWGYI ]] ===

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေရပ်ဖို့ အိန္ဒိယပန်ကြား

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ စစ်ကောင်စီရဲ့ ဧပြီ ၁၁ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုဟာ ထိတ်လန့်စိုးရိမ်စရာကောင်းကြောင်းနဲ့ ပြဿနာအားလုံးကို ငြိမ်းချမ်းစွာအဖြေရှာကြဖို့ အိန္ဒိယအစိုးရက ကြာသပတေးနေ့မှာ ပန်ကြားလိုက်ပါတယ်။

မြန်မာပြည်သူတွေဟာ အိန္ဒိယရဲ့ အိမ်နီးချင်းမိတ်ဆွေတွေ ဖြစ်တဲ့အတွက် ဘက်အားလုံးက အကြမ်းဘက်မှုတွေကို ရပ်စဲပြီး ပြဿနာအားလုံးကို ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ အိန္ဒိယက ထပ်တလဲလဲ တိုက်တွန်းနေတာ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဌာန ပြောခွင့်ရ Arindam Bagchi က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတည်ငြိမ်မှုနဲ့ ဒီမိုကရေစီ လမ်းပေါ် ပြန်လျှောက်ဖို့ လည်း ထပ်မံတောင်းဆိုကြောင်းလည်းပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သေဆုံးရသူ အရေအတွက် အတိအကျ မသိရသေးပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၁၆၅ ယောက် သေဆုံးပြီး အယောက် ၃၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး မြန်မာစစ်ခေါင်းဆောင်ရဲ့ လုပ်ရပ်ကို အိန္ဒိယက ဝေဘန်တာ သိပ်မရှိခဲ့ပါဘူး။ အိန္ဒိယဟာ လက်နက်ကိုင်အဖွဲ့တွေရှိနေတဲ့ မြန်မာနဲ့နယ်စပ်ချင်းထိနေတဲ့ သူ့မြောက်ပိုင်းပြည်နယ်တွေရဲ့ လုံခြုံရေးကိုစိုးရိမ်နေသလို သူ့ဘက်က ဖိအားတစုံတရာ ပေးတာဟာ မြန်မာစစ်ခေါင်းဆောင်ကို ပြိုင်ဘက် တရုတ်ဆီ တွန်းပို့သလို ဖြစ်နေမှာကိုပါ စိုးရိမ်နေတာ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရဟာ စစ်ကောင်စီနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးဆွေးနွေးဖို့ နည်းလမ်းရှာနေသလို အိန္ဒိယအရှေ့မြောက်ပိုင်းက မီဇိုရမ်လို ပြည်နယ်မျိုးတွေမှာ လာရောက်ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေရဲ့ ပြဿနာကိုပါ ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===







XS
SM
MD
LG