သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU တပ်မဟာ(၃)ဒေသတွင်း စစ်ဘေးရှောင်နှစ်သိန်းနီးပါးရှိလာ


ကရင်စစ်ရှောင်များ (Photo: KWO)
ကရင်စစ်ရှောင်များ (Photo: KWO)

KNU တပ်မဟာ(၃)ဒေသတွင်း စစ်ဘေးရှောင်နှစ်သိန်းနီးပါးရှိလာ

ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူခရိုင် KNU တပ်မဟာ ၃ ထိမ်းချုပ်တဲ့ လယ်ဒိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက ရွာတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေနဲ့ အိုးအိမ်ပျက်စီးမှုတွေကြောင့် တပ်မဟာ(၃)ထိမ်းချုပ်နယ်မြေထဲမှာ စစ်ဘေးရှောင်ဒုက္ခသည် နှစ်သိန်းနီးပါး ရှိနေပြီ ဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။


KNU ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူခရိုင် တပ်မဟာ ၃ ထိမ်းချုပ်နယ်မြေ လယ်ဒိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက ရွာတွေကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတဦးက အခုလိုပြောပြပါတယ်။

" မေလ ၉ရက်နေ့ က မနက် ၅နာခွဲလောက် ကျနော်တို့ကေအန်ယူ အုပ်ချုပ်နယ်မြေ တပ်မဟာ(၃) လယ်ဒို မြို့နယ်ထဲမှာ အဲဒီမှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာပြီးတော့ပိုးလိုးနိုဖိုး ကျေးရွာမှာနေအိမ်၂လုံး လယ်ဝိုင်းကျေးရွာမှာ အိမ်ခြေ ၄၂လုံး ရွာလုံးကျွတ် ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်းတစ်ကျောင်း၊ မူကြိုကျောင်းနှင့် ရွာဘုံ ပစ္စည်းထားရာနေရာ အဆောက်အဦးအားလုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ "

ကေအန်ယူ တပ်မဟာ(၃) ထိမ်းချုပ်ရာ နယ်မြေထဲမှာတော့ စစ်ဘေးရှောင်တွေ များလာပြီး အခုဆိုရင် သိန်းနဲ့ချီတဲ့လူထုတွေဟာ စစ်ဘေးရှောင်နေရလို့ နေရပ်ကို မပြန်နိုင်ကြသေးဘူးလို့လည်း ပြောပါတယ်။

" နောက် မေလ ၄ ရက်နေ့မှာ မုန်းမြို့နယ်ထဲက ရန်မျိုးအောင် ကျေးရွာမှာလက်နက်ကြီးပစ်လို့ နေအိမ် ၁၈ လုံးပြာကျတယ်။ ဘာမှ အစအနမကျဘူး မီးလောင်သွားတာပေါ့။ အခုဆိုရင် ပိုးလိုးနိုဖိုးကျေးရွာက တထောင်ကျော် ရန်မျိုးအောင်ကျေးရွာက တထောင်ကျော် ဟိုးအရင် ကေအန်ယူ တပ်မဟာ(၃) အပိုင်ထဲက ပဒဲကောတို့ ဝဲကြီးတို့ သံဆိပ်တို့က လူတွေကလည်း ရွာတွေကို ပြန်မကပ်နိုင်ဘူး။ ထွက်ပြေးနေရတာ အခုဆိုရင် ဒုက္ခသည်က ၂ သိန်းနီးနီးလောက် ကပ်နေပြီ။ "

ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၅ ရက်နေ့ကတည်း စစ်ကောင်စီတပ်တွေဟာ ပိုးလိုးနိုဖို ကျေးရွာကို လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်ကော ဒေသခံတွေကို ဖမ်းဆီးတာကြောင့်ပါ ဒေသခံတွေ ထွက်ပြေးနေရတာဟာြဖင့် တနှစ်နီးပါး ရှိနေပြီဖြစ်ပါတယ်။ အဲဒီ ဒေသဖက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဖြစ်တဲ့အတွက် ဒေသခံတွေဟာ နေအိမ်တွေမှာ ညမအိပ်ရဲတော့ပဲ ထွက်ပြေးတိမ်းရှောင် နေရတာ လနဲ့ချီ ကြာနေပြီ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG