သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုံးမတိုင်မီနဲ့ ဆိုင်ကလုံးတိုက်ခတ်အပြီး | စစ်တွေ

ရခိုင်ပြည်နယ်ကို ဝင်ရောက်ခဲ့တဲ့ မိုခါမုန်တိုင်းမတိုင်မီနဲ့ မုန်တိုင်းကြောင့်ဖြစ်ပျက်ခဲ့တဲ့ စစ်တွေမြို့ထဲက အပျက်အစီးတွေကို ကောင်းကင်ဓာတ်ပုံတွေကနေ ယှဉ်တွဲတွေ့မြင်ရတာပါ။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့က မှတ်တမ်းတင်ထားတဲ့ ကောင်းကင်ဓာတ်ပုံတွေကို မေလ ၁၅ ရက်နေ့မုန်တိုင်းအပြီး မြင်ကွင်းတွေနဲ့ယှဉ်ပြီး Maxar နည်းပညာကုမ္ပဏီကထုတ်ပြန်ခဲ့တာပါ။ ကနဦးသိရှိရတဲ့ မုန်တိုင်းဘေးကြောင့် သေဆုံးသူအရေအတွက် နည်းခဲ့ပေမယ့် မုန်တိုင်းဝင်ပြီးနှစ်ရက်အကြာမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးသူတွေတိုးလာနေပါတယ်။

မုန်တိုင်းဟာ လေတိုက်နှုန်း မိုင် ၁၃၀ နှုန်းနဲ့ စစ်တွေမြို့နယ်အနီး ကုန်တွင်းကို ဝင်ခဲ့တာလို့ မြန်မာ မိုးလေဝသ ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့နယ် ကုန်းမြင့်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီနဲ့ စာသင်ကျောင်းလို အမာခံ အဆောက်အအုံတွေထဲမှာ ခိုလှုံနေတဲ့ လူ ၂၀,၀၀၀ ကျော်အနက် ၇၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံ ရခိုင်လူငယ်ပရဟိတအသင်းက ပြောပါတယ်။


XS
SM
MD
LG