သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့မိုးလေဝသအဖွဲ့အကြီးအကဲအဖြစ် အမျိုးသမီးပါမောက္ခတဦး ပထမဆုံးရွေးချယ်


Celeste Saulo, de Argentina, después de ser elegida como seretaria general de la Organización Meteorológica Mundial en Ginebra el 1 de junio de 2023.
Celeste Saulo, de Argentina, después de ser elegida como seretaria general de la Organización Meteorológica Mundial en Ginebra el 1 de junio de 2023.

ကမ္ဘာ့မိုးလေဝသအဖွဲ့အကြီးအကဲအဖြစ် အမျိုးသမီးပါမောက္ခတဦး ပထမဆုံးရွေးချယ်

ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ဟာ အာဂျင်တီးနား မိုးလေဝသပညာရှင် Celeste Saulo ကို ပထမဆုံး အမျိုးသမီး အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဂျီနီဗာမှာ ကျင်းပတဲ့ ကမ္ဘာ့မိုးလေဝသဆိုင်ရာ ကွန်ဂရက်မှာ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ ဦးက Saulo ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း WMO ရဲ့ ကြေညာချက်မှာ ဖော်ပြထားပြီး သူဟာ လာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလက စပြီး ကုလသမဂ္ဂရဲ့ မိုးလေဝသဌာန အကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။

ပါမောက္ခ တဦးလည်းဖြစ်တဲ့ Saulo ဟာ အာဂျင်တီးနားနိုင်ငံ အမျိုးသားမိုးလေဝသဌာနရဲ့ ညွှန်ကြားရေးမှူးအဖြစ် ၂၀၁၄ ခုနှစ်ကတည်းက တာဝန်ယူခဲ့ပြီး လက်ရှိ WMO ရဲ့ ဒုတိယ ဥက္ကဋ္ဌ တဦး ဖြစ်ပါတယ်။

“ကျွန်မရဲ့ ရည်မှန်းချက်က အဖွဲ့ဝင်အားလုံးရဲ့ အသံကို ညီတူညီမျှကြားနိုင်တဲ့ အခြေအနေ တခုဆီ ဦးတည်ဖို့ဖြစ်ပြီး အကူအညီလိုအပ်နေတဲ့ ထိခိုက်လွယ်နိုင်ဆုံး လူအုပ်စုတွေကို ဦးစားပေးပြီး သူတို့တဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ သီးခြားအချက်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်သွားမယ်” လို့ ပါမောက္ခ Saulo က WMO ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

“မညီမျှမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေဟာ လက်ရှိ ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုတွေထဲမှာ ပါဝင်ကြောင်း” လည်း သူက ထောက်ပြထားပါတယ်။ လူသားတွေနဲ့ သူတို့ရဲ့ လူမှု စီးပွား ဘဝတွေကို ကာကွယ်နိုင်ဖို့ အတွက် မိုးလေဝသနဲ့ ဇလဗေဒ ဆိုင်ရာ ဝန်ဆောင်မှုတွေ အားကောင်းစေရေး WMO အနေနဲ့ အချိန်နဲ့ တပြေးညီ ထိရောက်တဲ့ ဝန်ဆောင်မှုတွေ၊ ကြိုတင်သတိပေးစနစ်တွေကို ပိုမို လုပ်ဆောင်ပေးရမယ်လို့ ဆိုပါတယ်။

ပါမောက္ခ Saulo ဟာ အခု နှစ်ကုန်မှာ ၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး သက်တမ်းကုန်ဆုံးတော့မယ့် ဖင်လန်နိုင်ငံက ပါမောက္ခ Petteri Taalas ရဲ့ နေရာကို ဆက်ခံရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG