သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဆောင်ရွက်ချက် RI အဖွဲ့ အထူးစိုးရိမ်


MYANMAR-BANGLADESH-WEATHER-CYCLONE
MYANMAR-BANGLADESH-WEATHER-CYCLONE

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဆောင်ရွက်ချက် RI အဖွဲ့ အထူးစိုးရိမ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်နိုင်ရေး ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း အာဖရိက အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတကာ ဒုက္ခသည် ပြန်လည်နေရာချထားရေး Refugees International အဖွဲ့ ညွှန်ကြားရေးမှုး Daniel Sullivan ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည် တစ်ထောင်ကျော် နေရပ်ပြန်နိင်ဖို့ နှစ်နိုင်ငံ အစိုးရတွေကြား ကြိုးပမ်းနေတာဖြစ်ပြီး ပြီးခဲ့တဲ့ မေလတုန်းကတော့ ဘင်္ဂလားဒေ့ရှ်ဖက်က ဒုက္ခသည်စခန်းတာဝန်ရှိသူတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေပါဝင်တဲ့ အဖွဲ့ ရခိုင်ပြည်နယ် စစ်တွေမှာ သွားရောက်လေ့လာခဲ့တာပါ။ ဒါပေမယ့် ဌာနေပြန်ရေးမှာ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေ မပြည့်မီတဲ့အတွက် အဆင်မပြေဖြစ်နေဆဲဖြစ်ပြီး မြန်မာဘက်က ကိုယ်စားလှယ်တွေ ဘင်္ဂလားဒေ့ရှ်ကို နောက်တကြိမ်သွားရောက် ဆွေးနွေးခဲ့ရပါတယ်။

Refugees International အဖွဲ့ကတော့ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို ဒုက္ခသည်တွေ ပြန်ပို့တာနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်းနဲ့ အခုလက်ရှိအချိန်မှာ ရိုဟင်ဂျာ ၁ သိန်း ၃ သောင်း ကျော်ဟာ မြန်မာနိုင်ငံအတွင်းက ဒုက္ခသည်စခန်းတွေမှာ လွပ်လပ်စွာ သွားလာခွင့်မရှိပဲ နေနေကြရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် မကြာသေးခင်က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း မိုခါကြောင့် ရိုဟင်ဂျာ ရာဂဏန်း သေဆုံးခဲ့ရပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ခွင့် ပိတ်ပင်ထားတဲ့ စစ်အာဏာပိုင်တွေရဲ့ လုပ်ရပ်က ရိုဟင်ဂျာတွေရဲ့ အခက်အခဲကို မီးမောင်ထိုးပြလိုက်သလို ဖြစ်ပါတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း တည်ငြိမ်မှုမရှိတာကြောင့် ဒီဒုက္ခသည်တွေကို ပြန်ပို့မယ်ဆိုရင် လုံခြုံမှု မရှိကြောင်းလည်း ဖေါ်ပြထားပါတယ်။

ဒါကြောင့် သူတို့ နေရပ်ပြန်ရေးဟာ လက်ရှိအခြေနေနဲ့ မဖြစ်နိုင်သေးကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကရော မြန်မာဘက်ကပါ သူတို့ကို နေရပ်ပြန်ပို့တာတွေ မလုပ်ကြဖို့ တောင်းဆိုထားပါတယ်။

XS
SM
MD
LG