သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါဝန်ကြီးချုပ် ယူကရိန်းကို သွားရောက်


Canadian Prime Minister Trudeau and Ukraine's President Zelenskiy show signed joint declaration during press conference in Kyiv

ကနေဒါဝန်ကြီးချုပ် ယူကရိန်းကို သွားရောက်

ယူကရိန်းနိုင်ငံတောင်ပိုင်းမှာ ယူကရိန်းတပ်တွေက ရုရှားတပ်တွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေချိန်မှာပဲ မြောက်ပိုင်းမှာရှိတဲ့ Kyiv မြို့တော်ကို ကနေဒါဝန်ကြီးချုပ် Justin Trudeau ဟာ ကြိုတင် ကြေညာမထားပဲ လာရောက်ခဲ့ပြီးယူကရိန်းသမ္မတ Volodymyr Zelensky နဲ့ တွေ့ဆုံခဲ့ပါတယ်။

"ကနေဒါဝန်ကြီးချုပ်နဲ့အဖွဲ့ ယူကရိန်းကို လာရောက်တာအတွက် တကယ့်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ကနေဒါဟာ ယူကရိန်းနိုင်ငံနဲ့ ပြည်သူတွေ လွတ်လပ်ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရချိန်မျိုးမှာ အခြေခံကျကျ ပံ့ပိုး ကူညီပေးတဲ့ နိုင်ငံဖြစ်ပါတယ်" - လို့ ယူကရိန်းသမ္မတ Zelensky က ပြောသွားတာပါ။

ကနေဒါဝန်ကြီးချုပ်က ယူကရိန်းနိုင်ငံ ခါဆန်ဒေသက ရေအားလျှပ်စစ်ဖြန့်ဖြူးရာ ကာခေါဗ်ကာ ရေကာတာ ပျက်စီးမှုကြောင့် ရေကြီးရေလျှံပြီး ဒုက္ခရောက်နေသူတွေအတွက် လူသားစာနာမှု အကူအညီ ဒေါ်လာ ၃၇ သန်းခွဲအပြင် နောက်ထပ်အကူအညီ ဒေါ်လာ ၁၀ သန်း ချထားပေးမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ယူကရိန်းက သောကြာနဲ့ စနေနေ့တွေမှာ စစ်ဆင်ရေးတွေ လုပ်ခဲ့ပြီး တချို့နေရာတွေမှာ လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း ရုရှားတွေ နေရာယူထားတဲ့ ရှေ့တန်းက နေရာတချို့ကို ယူကရိန်းတပ်တွေက ထိုးဖေါက်နိုင်ခဲ့တယ်လို့ ယူကရိန်းစစ်ရေး နေ့စဉ်အခြေနေကို စောင့်ကြည့်နေတဲ့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာတော့ တိုးတက်မှု နှေးကွေးတယ်လို့ ပြောပါတယ်။

ရုရှားကတော့ သူ့ရဲ့မဟာဗျူဟာမြောက် နျူကလီယားလက်နက်တချို့ကို ရှေ့လထဲမှာ ဘယ်လာရုစ်နိုင်ငံမှာ နေရာချထားတော့မှာဖြစ်ကြောင်း ရုရှားသမ္မတ Vladimir Putin က သောကြာနေ့ ဘယ်လာရုစ် သမ္မတ Alexander Lukashenko နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

သောကြာနေ့မှာပဲ အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ်က ယူကရိန်းအတွက် လေကြောင်းကာကွယ်ရေးနဲ့ လက်နက်ခဲယမ်းတွေပါဝင်တဲ့ စစ်ရေးအကူညီ နောက်ထပ် ၂.၁ ဘီလီယံ ချထားပေးမှာ ဖြစ်ကြောင်း ကြေညာခဲ့ တာပါ။

ကနေဒါဝန်ကြီးချုပ် ယူကရိန်းကို သွားရောက်
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG