သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားပြည်သူတွေအတွက် ဒေါ်လာ ၁၀.၃ ဘီလီယံကူညီဖို့ နိုင်ငံတကာ ကတိပြု


Belgium - Syria Donors Conference
Belgium - Syria Donors Conference

ဆီးရီးယားပြည်သူတွေအတွက် ဒေါ်လာ ၁၀.၃ ဘီလီယံကူညီဖို့ နိုင်ငံတကာ ကတိပြု

စစ်ပွဲ၊ ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်မှုဒဏ် ခံနေရတဲ့ ဆီးရီးယားနိုင်ငံသား သန်းပေါင်းများစွာအတွက် အကူအညီ ဒေါ်လာ ၁၀.၃ ဘီလီယံ ပေးအပ်ဖို့ နိုင်ငံတကာအလှူရှင်တွေက ကြာသပတေးနေ့က ကတိပြုလိုက်ပါတယ်။

၂၀၂၃ ခုနှစ်အတွက် ထောက်ပံ့ငွေ ယူရို ငွေ ၅.၆ ဘီလီယံ၊ ၂၀၂၄ ခုနှစ်အတွက် ယူရိုငွေ ၄.၆ ဘီလီယံနဲ့ အဲဒီနောက်ပိုင်းအတွက် ယူရို ၁ ဘီလီယံ ကူညီဖို့ ကတိကဝတ်တွေ ရထားကြောင်း လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ အကျပ်အတည်း စီမံခန့်ခွဲမှုဆိုင်ရာ ဥရောပကော်မရှင်နာ Janez Lenarčič က ပြောပါတယ်။

ဥရောပသမဂ္ဂက အိမ်ရှင်အဖြစ်ကျင်းပတဲ့ ဘရပ်ဆဲလ်မြို့တော်က ဆီးရီးယားအရေး ညီလာခံမှာ နိုင်ငံပေါင်း ၅၇ နိုင်ငံနဲ့ နိုင်ငံတကာအဖွဲ့အစည်း ၃၀ တို့က အဲဒီလို ကတိကဝတ်ပြုခဲ့တာပါ။ ဒါပေမယ့် ဒါဟာ ကုလသမဂ္ဂက ဆီးရီးယားအတွက် တောင်းခံထားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်ချက်ထက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ လောက် လျော့နည်း နေပါသေးတယ်။

ရန်ပုံငွေ အကျပ်အတည်းကြောင့် ဆီးရီးယားနိုင်ငံထဲက လူ ၅ သန်းခွဲ လောက်အတွက် စားနပ်ရိက္ခာအကူအညီကို ဖြတ်တောက်ဖို့လိုအပ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သတိပေးပါတယ်။

အခု ညီလာခံမှာ ကတိပြုထားတဲ့ ရန်ပုံငွေတွေကိုတော့ ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယား နိုင်ငံထဲက ဒုက္ခသည်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် တူရကီ၊ လက်ဘနွန်နဲ့ ဂျော်ဒန် နိုင်ငံတွေမှာ ထွက်ပြေးရောက်ရှိနေတဲ့ ဆီးရီးယားဒုက္ခသည် ၅ ဒသမ ၇ သန်း ဝန်းကျင်ကို ကူညီရာမှာ အသုံးပြုမှာ ဖြစ်ပါတယ်။

လူထုအုံကြွမှုကနေ နောက်ပိုင်း လက်နက်ကိုင် စစ်ပွဲအထိ ဖြစ်နေတဲ့ ဆီးရီးယား ပဋိပက္ခ (၁၃) နှစ်တာအတွင်းမှာ လူ တသန်းခွဲနီးပါး သေဆုံးခဲ့ရပြီး စစ်မဖြစ်မီက လူဦးရေ ၂၃ သန်းရဲ့ ထက်ဝက်ဟာလည်း အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

ဆီးရီးယားပြည်သူတွေအတွက် ဒေါ်လာ ၁၀.၃ ဘီလီယံကူညီဖို့ နိုင်ငံတကာ ကတိပြု
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG