သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံ ဗဟိုထားဖြေရှင်းဖို့ ကနေဒါထောက်ခံ

FILE - Canada Foreign Affairs Minister Melanie Joly speaks during her official visit to Nairobi, Kenya, May 2, 2023.
FILE - Canada Foreign Affairs Minister Melanie Joly speaks during her official visit to Nairobi, Kenya, May 2, 2023.

လက်ရှိ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံဗဟိုထား ဖြေရှင်းရေးကို ထောက်ခံကြောင်း ဂျာကာတာမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးမှာ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly က ထပ်မံ ပြောကြားလိုက်ပါတယ်။

အကြမ်းဖက်နေတာတွေကို ရပ်ဆိုင်းပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတရပ်ကို စဖို့ စစ်ကောင်စီက ငြင်းဆိုနေတဲ့အတွက် အာဆီယံအတွင်းမှာလည်း စိတ်မရှည်နိုင် ဖြစ်နေတာပါ။

တကယ်တော့ အာဆီယံ ဘုံသဘောတူမျှချက် ၅ ရပ် ကို ၂၀၂၁ ဧပြီလ အစည်းအဝေးမှာ စစ်ကောင်စီက သဘောတူခဲ့ပြီးသား ဖြစ်ပါတယ်။ ဒီ ဘုံသဘောတူမျှချက် ၅ ရပ်ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းလာဖို့ တခုတည်းသော သံတမန် လမ်းကြောင်းလည်း ဖြစ်ပါတယ်။

ဒီ သဘောတူမျှချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီက ပျက်ကွက်တဲ့အတွက် အာဆီယံ ထိပ်သီးအစည်းအဝေးတွေကို စစ်ကောင်စီရဲ့ နိုင်ငံရေးအဆင့် ပုဂ္ဂိုလ်တွေ မဖိတ်ကြားဖို့ အာဆီယံက ဆုံးဖြတ်ထားခဲ့တာပါ။ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွါးနေတဲ့ စစ်ကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရတဲ့ ပြည်သူ ၁.၅ သန်း ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်း ထားပါတယ်။

မြန်မာ့အရေး အာဆီယံ ဗဟိုထားဖြေရှင်းဖို့ ကနေဒါထောက်ခံ
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG