သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ပူးတွဲထုတ်ပြန်ချက် နှောင့်နှေး


Menlu RI Retno Marsudi (tengah) bersama para Menlu negara anggota ASEAN lainnya dan Perwakilan China, Wang Yi. (Courtesy of Kemlu RI)
Menlu RI Retno Marsudi (tengah) bersama para Menlu negara anggota ASEAN lainnya dan Perwakilan China, Wang Yi. (Courtesy of Kemlu RI)

အင်ဒိုနီးရှားနိုင်မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်မိတ်ဖက်နိုင်ငံများရဲ့ ထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာ့အကျပ်အတည်းကို ရည်ညွှန်းတဲ့ ကြေညာချက်တစောင်ကို ကြာသပတေးနေ့မှာ အားလုံးသဘောတူ ထုတ်ပြန်နိုင်ဖို့ မျှော်လင့်ခဲ့ကြပေမယ့် ကြာသပတေးနေ့ နှောင်းပိုင်းအထိ ထုတ်ပြန်ချက် ထွက်လာနိုင်ခြင်း မရှိသေးပါဘူး။

ထုတ်ပြန်ချက် နှောင့်နှေးရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရ‌သေးပေမယ့် ကြေညာချက်ကို အပြီးသတ်ပြီး မကြာခင် ထုတ်ပြန်မယ်လို့ အာဆီယံ အရာရှိတဦးကပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ နိုင်ငံခြားရေး၀န်ကြီးကတော့ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အာဆီယံနိုင်ငံတွေအနေနဲ့ စည်းလုံးညီညွတ်ကြဖို့ ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းခဲ့သလို ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ဖို့လည်း မြန်မာစစ်ခေါင်းဆောင်ကို တောင်းဆိုခဲ့ပါတယ်။

မြန်မာစစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဝေဖန်နေတဲ့ မလေးရှားနိုင်ငံကတော့ အကြမ်းဖက်မှုတွေ အပါအဝင် မြန်မာ စစ်တပ်ရဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ အာဆီယံကို တိုက်တွန်းခဲ့ပါတယ်။

“အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးရဲ့ ပူးတွဲကြေညာချက်မှာ ဒီပြဿနာနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကြေညာချက်ထုတ်ဖို့ တိုက်တွန်းခဲ့တယ်”လို့ မလေး နိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir က ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံတွေကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိနေပြီး လက်ရှိမှာ စစ်ကောင်စီ ထိပ်တန်း အရာရှိတွေကို အာဆီယံက အဆင့်မြင့်အစည်းအဝေးတွေကို တက်ခွင့် ပိတ်ပင်ထားတာပါ။ ဒါပေမဲ့ ထိုင်းနိုင်ငံကတော့ မြန်မာစစ်အစိုးရနဲ့ ပြန်လည်ဆက်ဆံဖို့ရည်ရွယ်တဲ့ အစည်းအဝေးတခုကို အရင်လက လက်ခံကျင်းပခဲ့ပြီး စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခဲ့ပါတယ်။ အဲဒီ အစည်းအဝေးပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုက မတက်ရောက်ခဲ့ကြလို့ မြန်မာ့အရေးအပေါ် အမြင် မတူတာတွေက ပို သိသာထင်ရှား လာခဲ့တာပါ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ကတော့ မြန်မာ့အကျပ်အတည်းကြောင့် သူ့နိုင်ငံအနေနဲ့ နယ်စပ်၊ ကုန်သွယ်ရေးနဲ့ ဒုက္ခသည်ပြဿနာတွေ ကြုံတွေ့နေရလို့ ကြားဝင်စေ့စပ်ဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။ သူဟာ အင်ဒိုနီးရှားအစည်းအဝေးပွဲ မတိုင်မီ မြန်မာနိုင်ငံကိုလည်း သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြောင်း ထုတ်ပြောထားပါတယ်။

ဒီ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ထိပ်သီး အစည်းအဝေးပွဲတွေမှာ အမေရိကန်၊ ရုရှား၊ သြစ‌တြေးလျ၊ ဂျပန်နဲ့ အိန္ဒိယ အစရှိတဲ့ ကမ္ဘာ့နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ၊ အဆင့်မြင့် သံတမန်တွေလည်း တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG