သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ် ကုသရေး အလေးပေးရင် ၂၀၃၀ မှာ AIDS ရောဂါ အဆုံးသတ်နိုင်ကြောင်း ကုလပြော


Street children play with red ribbon left on display by activists on the banks of the Hooghly River ahead of World AIDS Day in Kolkata, India, Nov. 30, 2022.
Street children play with red ribbon left on display by activists on the banks of the Hooghly River ahead of World AIDS Day in Kolkata, India, Nov. 30, 2022.

ကာကွယ်ရေးနဲ့ ကုသရေးတွေမှာ ရင်းနှီးမြှုပ်နှံပြီး ခွဲခြားဆက်ဆံမှုမရှိတဲ့ ဥပဒေတွေကို ချမှတ်နိုင်ခဲ့ရင် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ၂၀၃၀ ခုနှစ်ကျရင် ခုခံအားကျဆင်းမှု AIDS ရောဂါကို အဆုံးသတ်နိုင်မယ်လို့ ကုလသမဂ္ဂက ကြာသပတေးနေ့မှာ ပြောပါတယ်။

၂၀၂၂ ခုနှစ်ထဲ ကမ္ဘာတဝန်းမှာ လူပေါင်း ၃၉ သန်းလောက်ဟာ AIDS ရောဂါဖြစ်စေတဲ့ HIV ရောဂါပိုး ရှိနေကြောင်း ကုလသမဂ္ဂ အေအိုင်ဒီအက်စ်အစီအစဥ် UNAIDS က ပြောပါတယ်။ ဒီ HIV ပိုး ရှိသူတွေဟာ မကုသဘဲနေရင် AIDS ရောဂါသည် ဖြစ်သွားနိုင်တာပါ။

မနှစ်က လူပေါင်း ၁.၃ သန်း ဟာ HIV ပိုးအသစ် ကူးစက်ခံရပြီး ၆၃၀,၀၀၀ ဟာ AIDS နဲ့ ဆက်စပ်တဲ့ ရောဂါတွေနဲ့ သေဆုံးခဲ့ကြောင်း UNAIDS က ပြောပါတယ်။

“လူတွေကို ပထမဦးစားပေးပြီး အထောက်အထားအခြေပြု HIV ကာကွယ် ကုသရေးအစီအစဉ်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ခိုင်မာတဲ့ နိုင်ငံရေး ကတိကဝတ်တွေအတွက် နိုင်ငံတွေရဲ့ ခေါင်းဆောင်မှုကို လိုက်နာရင် ဒီ ရောဂါအတွက် အဖြေရှိပါတယ်” လို့ UNAIDS က ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“၂၀၁၀ ခုနှစ်ကတည်းက HIV ကူးစက်မှုအသစ် ၅၇ ရာခိုင်နှုန်း လျော့ကျသွားတဲ့ အာဖရိက အရှေ့ပိုင်းနဲ့ တောင်ပိုင်းလိုမျိုး ငွေကြေးရင်းနှီးမြုပ်နှံမှု အများဆုံးရှိတဲ့ နိုင်ငံတွေနဲ့ ဒေသတွေမှာ တိုးတက်မှု အားကောင်းလာတာ တွေ့့ရတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။

တဖက်မှာလည်း အရှေ့ဥရောပနဲ့ အာရှအလယ်ပိုင်းအပြင် အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက နိုင်ငံတွေမှာတော့ ကူးစက်မှုအသစ်တွေ သိသိသာသာ တိုးလာကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီလို ဖြစ်လာတာရဲ့ အဓိက အကြောင်းက HIV ကာကွယ်ရေးဝန်ဆောင်မှုတွေ နည်းပါးခြင်းနဲ့ ပြစ်ဒဏ်ခတ်တဲ့ ဥပဒေတွေ ၊ လူမှုရေးခွဲခြားဆက်ဆံမှုတွေကြောင့်” လို့ ဆိုပါတယ်။

နိုင်ငံအများအပြားမှာ HIV ဒါမှမဟုတ် AIDS ဝေဒနာရှင်တွေဟာ လူမှုရေးအရ ပြစ်တင်၊ ခွဲခြား ဆက်ဆံခံရသလို အကြမ်းဖက်ခံရမှုတွေလည်း ရင်ဆိုင်နေရပါတယ်။ ရောဂါကို ထိထိရောက်ရောက် ကာကွယ်ကုသနိုင်ဖို့က ခွဲခြားဆက်ဆံမှု မရှိတဲ့ ဥပဒေတွေကို ချမှတ်ပြီး ရပ်ရွာအခြေပြုကွန်ရက်တွေကို အားကောင်းစေဖို့ လိုတယ်လို့ ကုလ အစီရင်ခံစာက ထောက်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG