သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 သွေးလွန်တုတ်ကွေး ဖြစ်ပွါးပျံ့နှံ့မှု WHO သတိပေး


Climate Change Mosquito Diseases
Climate Change Mosquito Diseases

ကမ္ဘာတလွှား ရွှေ့ပြောင်းနေထိုင်သူဦးရေ တိုးလာတာကြောင့် သွေးလွန်တုတ်ကွေး ပျံ့နှံ့ဖြစ်ပွါးမှု တိုးလာနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အပူပိုင်းဒေသဖြစ်ပွါးတတ်တဲ့ ရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲ Raman Velayudhan က သောကြာနေ့ ဂျနီဗာရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

“ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်လောက်မှာ သွေးလွန်တုတ်ကွေး အန္တရာယ်ရှိနေပြီး ဖြစ်ပွါးနိုင်တဲ့ နိုင်ငံပေါင်းက ၁၂၉ နိုင်ငံဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့် နှစ်စဉ် သွေးလွန်တုတ်ကွေး ဖြစ်ပွါးသူက သန်း ၁၀၀ ကနေ ၄၀၀ လောက်ရှိနေတယ်” လို့ ပြောသွားတာပါ။

သွေးလွန်တုတ်ကွေးရောဂါဟာ အေးဒီးစ် ခြင်ကနေ ပျံ့ပွါးတာဖြစ်ပြီး အဓိကအားဖြင့် အပူပိုင်းနဲ့ သမပိုင်းဇုံတွေမှာ ဖြစ်ပွားလေ့ရှိပါတယ်။ အခု ဆယ်စုနှစ်တွေအတွင်း ဒီရောဂါဟာ ကမ္ဘာတလွှား တဟုန်ထိုး အဖြစ်များလာပြီး ၂၀၀၀ ခုနှစ်တုန်းက ဒီရောဂါဖြစ်ပွါးသူ သန်းတဝက် ရှိနေရာကနေ ၂၀၂၂ မှာတော့ ၄.၂ သန်း အထိဖြစ်သွားတာပါ။

မနှစ်ကတော့ လက်တင်အမေရိကဒေသမှာ သွေးလွန်တုတ်ကွေး ဖြစ်ပွါးသူ ၂.၈ သန်းရှိခဲ့ပြီး ဒီရောဂါနဲ့ သေဆုံးရသူက ၁၃၀၀ နီးပါးရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ် ၂၀၂၃ မှာတော့ ပထမ ၇ လမှာတင် ရောဂါဖြစ်ပွါးသူက ၃ သန်းနီးပါးနဲ့ သေဆုံးသူက မနှစ်ကနဲ့ ဆတူ ဖြစ်နေပါပြီ။

Mr. Velayudhan ကတော့ ဒီသွေးလွန်တုတ်ကွေးဟာ ကမ္ဘာတလွှားဖြစ်ပွါးတဲ့ ရောဂါဖြစ်လာနေပြီး အခုဆို ဥရောပက နိုင်ငံပေါင်း ၂၄ နိုင်ငံမှာပါ ဖြစ်နေတာ တွေ့ရတယ်လို့ ပြောပါတယ်။ ဆူဒန်မှာ သွေးလွန်တုတ်ကွေး ဖြစ်ပွားသူ ၂၀၀၀ နဲ့ သေဆုံးရသူ ၄၅ ဦး ရှိနေသလို အီဂျစ်မှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ဒီရောဂါ ဖြစ်ပွါးသူတွေ တွေ့လာရကြောင်းနဲ့ အာဖရိကတိုက်မှာ နှစ်စဉ် ဒီရောဂါ ဖြစ်ပွါးသူ ၂ သိန်းကျော်လေ့ ရှိတာကြောင့် ဒီဒေသဟာ အထူးစိတ်ပူရတဲ့ ဒေသဖြစ်ကြောင်း ပြောပါတယ်။

အာရှတိုက်မှာလည်း အခုဆိုရင် မုတ်သုန်ရာသီ စတင်နေပြီဖြစ်ပြီး သွေးလွန်တုတ်ကွေး ဖြစ်ပွါးမှုရဲ့ ၇၀ % ဟာ ဒီဒေသအတွက် ဒီလိုရာသီမှာ ဖြစ်ပွါးတတ်တာကြောင့် ဒေသအစိုးရတွေအနေနဲ့ လိုအပ်တဲ့ ဒီရောဂါထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ WHO က သတိပေးချက်တွေ ထုတ်ပြန်ထားတာပါ။

သွေးလွန်တုတ်ကွေး ဖြစ်ပွါးပျံ့နှံ့မှု WHO သတိပေး
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG