သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"တကမ္ဘာလုံး ဆူပွက်တဲ့ အပူချိန် ရောက်နေပြီ" ကုလအတွင်းရေးမှူးချုပ်


Foto Achiv: Timoun pran freche nan yon fonten pandan gwo chale ki frape vil Aten nan peyi La Gres, 21 Jiye, 2023.
Foto Achiv: Timoun pran freche nan yon fonten pandan gwo chale ki frape vil Aten nan peyi La Gres, 21 Jiye, 2023.

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ရာသီဥတု အကျပ်အတည်းကို “အဆိုးရွားဆုံး” အခြေအနေကနေ ရပ်တန့်ဖို့ အချိန်မနှောင်းသေးကြောင်း ကြာသပတေးနေ့က ဆိုခဲ့ပြီး “အလျင်အမြန် အရှိန်အဟုန်မြှင့် ချက်ချင်း” လုပ်ဆောင်ဖို့ လိုကြောင်း ပြောပါတယ်။

“ကမ္ဘာကြီး ပူနွေးလာနေတယ်ဆိုတဲ့ ခေတ်က ပြီးဆုံးခဲ့ပြီ ၊ အခုဆိုရင် တကမ္ဘာလုံးက ဆူပွက်နေအောင် အပူချိန်မြင့်မားနေတဲ့ခေတ်ကို ရောက်နေပါပြီ”လို့ နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်မှာ သတင်းထောက်တွေကို ဂူတာရက်စ်က ပြောပါတယ်။

ကမ္ဘာ့မိုးလေဝသအဖွဲ့နဲ့ ဥရောပကော်မရှင်ရဲ့ Copernicus (ကိုပါနီးကပ်စ်) ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အဖွဲ့တွေရဲ့ ထုန်ပြန်ချက်အရ အခု ဇူလိုင်လဟာ မှတ်တမ်းတင်ဖူးသမျှထဲမှာ အပူဆုံးလ ဖြစ်ပါတယ်။

“ဇူလိုင်လဟာ မှတ်တမ်းတင်ဖူးသမျှ အပူဆုံး (၃)ပတ်တာ ကာလကို ဖြတ်ကျော်ခဲ့ပါပြီ။ အဲဒီထဲမှာ စံချိန်တင် အပူဆုံး (၃)ရက် ပါပါတယ်။ သမုဒ္ဒရာ အပူချိန်ဟာလည်း အမြင့်ဆုံးပါပဲ” လို့ ဂူတာရက်စ်က ပြောပါတယ်။

“ဒါဟာ ကမ္ဘာကြီးတခုလုံးအတွက် ဘေးအန္တရာယ်ဖြစ်ကြောင်း” ဂူတာရက်စ်က သတိပေးခဲ့ပါတယ်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ စက်မှုကဏ္ဍတွေမှာ အပြုသဘောဆောင်တဲ့ခြေလှမ်း တိုးတက်မှုတွေ ရှိတာကို အသိအမှတ်ပြုပေမယ့် ရာသီဥတုပြောင်းလဲရေး တားဆီးနိုင်အောင် အရှိန်မြှင့်လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုရဲ့ ၈၀ ရာခိုင်နှုန်းရှိတဲ့ G20 နိုင်ငံတွေကိုလည်း ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး ဂူတာရက်စ်က တိုက်တွန်းခဲ့ပါတယ်။

"တကမ္ဘာလုံး ဆူပွက်တဲ့ အပူချိန် ရောက်နေပြီ" ကုလအတွင်းရေးမှူးချုပ်
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG