သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်းရဲတဲ့ အာဖရိကတိုင်းပြည်တွေကို ရုရှားကောက်နှံ တင်ပို့ပေးမည်


A combine harvests wheat at a field near Kivshovata village, Kyiv region on July 18, 2023.
A combine harvests wheat at a field near Kivshovata village, Kyiv region on July 18, 2023.

ယူကရိန်းရဲ့ ပင်လယ်နက်ဒေသကိုဖြတ်ပြီး ကောက်နှံတင်ပို့မှုကို ရုရှားကလက်မခံတဲ့အတွက် ကမ္ဘာတလွှား စားနပ်ရိက္ခာ ပြဿနာပေါ်လာမှာကို ဟန့်တားတဲ့အနေနဲ့ လိုအပ်တဲ့နိုင်ငံတွေကို ရုရှားက ကောက်နှံတွေရောင်းချတာ ဒါမှမဟုတ် အလကားပေးမှာဖြစ်ကြောင်း ရုရှားသမ္မတ Vladimir Putin က St. Petersburg မှာ ၂ ရက်ကြာပြုလုပ်တဲ့ အစည်းဝေးဖွင့်ပွဲမှာ အာဖရိက ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေကို ပြောပါတယ်။

" ရုရှားက အထူးသဖြင့် လူသားစာနာမှု အကူညီတွေပေးပြီး ဒေသတွင်းက အကူအညီလိုအပ်နေတဲ့နိုင်ငံတွေကို ဆက်လက် ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း" ပြောသွားတာပါ။ မျှတတဲ့ စနစ်နဲ့ ကောက်နှံဖြန့်ဝေမှာဖြစ်ပြီး ကမ္ဘာ့စားနပ်ရိက္ခာပြဿနာ မပေါ်အောင် အတတ်နိုင်ဆုံး လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေမှာ ကြုံတွေ့လာရနိုင်တဲ့ စားနပ်ရိက္ခာပြဿနာအတွက် ဖြေရှင်းပေးမယ်ဆိုတဲ့ ရုရှားသမ္မတရဲ့ ပြောကြားချက်ကို အမေရိကန်သမ္မတ အိမ်ဖြူက လက်မခံပါဘူး။

စားသောက်ကုန်ဈေးနှုန်းတွေ မတည်မငြိမ်ဖြစ်လာရတဲ့ အကြောင်းရင်းအပြင် သူတို့နိုင်ငံတွေကို စားသောက်ကုန်နဲ့ ကောက်နှံတွေ မရောက်နိုင်တာနဲ့ ငတ်မွတ်ခေါင်းပါးမှု ပြဿနာတွေ ပိုကြီးလာရတာတွေဟာ သူ့ကြောင့်လို့ ပြောတာ မျိုး ဖြစ်နေတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Kirby က VOA ကို ပြောပါတယ်။ ဒီလို ဖြစ်နေတာဟာ ရုရှားနဲ့ သမ္မတ Putin ကြောင့်ဖြစ်တဲ့အတွက် သူ့အနေနဲ့ ဒီနိုင်ငံတွေက ခေါင်းဆောင်တွေအပေါ် ရိုးသားဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ယူကရိန်းက ကောက်နှံတွေ ပင်လယ်နက်ကိုဖြတ်ပြီး ပို့နေတဲ့ သဘောတူညီချက်ကို ဆက်ပြီး သက်တမ်းတိုးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ရုရှားက ငြင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပင်လယ်နက်ထဲ ဖြတ်သန်းတဲ့ ဘယ်သင်္ဘောကိုမဆို ယူကရိန်းအတွက် လက်နက်တင်ပို့နိုင်တယ်လို့ သတ်မှတ်ပြီး တိုက်ခိုက်မှာဖြစ်ကြောင်း ရုရှားအစိုးရက ကြေညာခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG