သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး တွေ့ဆုံဆွေးနွေးမှုဖြစ်ဖို့ ကမ္ဘောဒီးယားလိုလား 


ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet အာဆီယံစီးပွါးရေးနဲ့ရင်းနှီးမြှုကပ်နှံမှုဆိုင်ရာညီလာခံမှာ မိန့်ခွန်းပြောစဥ်။ (စက်တင်ဘာ ၄၊ ၂၀၂၃)
ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet အာဆီယံစီးပွါးရေးနဲ့ရင်းနှီးမြှုကပ်နှံမှုဆိုင်ရာညီလာခံမှာ မိန့်ခွန်းပြောစဥ်။ (စက်တင်ဘာ ၄၊ ၂၀၂၃)

မြန်မာနိုင်ငံပဋိပက္ခမှာ အပြုသဘောဆောင်တွေ့ဆုံဆွေးနွေးမှုတွေဖြစ်လာစေဖို့ ကမ္ဘောဒီးယားနိုင်ငံက လိုလားတယ်လို့ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ အင်ဒိုနီးရှာနိုင်ငံရောက်နေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က ပြောပါတယ်။

"ဒေသတွင်းနဲ့ကမ္ဘာ့ကြီးရဲ့ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိစ္စတွေမှာ ကမ္ဘောဒီးယားအနေနဲ့ တက်တက်ကြွကြွ ထိစပ်ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးနဲ့တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်သူတွေကြား အပြု သဘောဆွေးနွေးပွဲဖြစ်လာစေဖို့ ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌယူခဲ့တဲ့ ၂၀၂၂ ထဲမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။"

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်လုပ်တဲ့ စီးပွားရေးဆိုင်ရာအခမ်းအနားတခုမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်သစ်က ပြောသွားတာပါ။ အာဆီယံအသင်းကြီးအနေနဲ့ အချုပ်အခြာပိုင်နိုင်ငံတခုကို အင်အားသုံးတာမျိုး မလုပ်ဖို့လိုမယ်လို့လည်း ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က ပြောပါတယ်။ သူဟာ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဆီကနေ မကြာသေးခင်ကပဲ အာဏာလွှဲပြောင်းယူခဲ့သူပါ။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ကတော့ ဒီမတိုင်ခင်လေးကပဲ အာဆီယံနိုင်ငံရေးဝန်ကြီးတွေဆုံတွေ့ပြီး အလုပ်မဖြစ်သေးတဲ့မြန်မာ့အရေး အာဆီယံငြိမ်းချမ်းရေးအစီအစဉ်ကို သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။ အာဏာသိမ်းပြီး နှစ်နှစ်ကြာတဲ့အထိ စစ်ကောင်စီဘက်က အကြမ်းဖက်တာတွေ မရပ်သေးတဲ့အတွက်လည်း စိတ်ပျက်လက်ပျက်ဖြစ်နေကြပါတယ်။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကိုရပ်တန့်ပြီး သက်ဆိုင်သူတွေကြား ပြဿနာကို တွေ့ဆုံဖြေရှင်းကြဖို့ အချက်ငါးချက်ပါ အဆိုပြုချက်နဲ့ အာဆီယံက ဘုံသဘောထားချမှတ်ထားတာပါ။ ဒါပေမယ့်လည်း မြန်မာစစ်ကောင်စီဘက်ကတော့ ဒီအပေါ်မှာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG