သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်ရက်စေ့မြန်မာအကျဉ်းသား ၁၀၀ ကျော် ကော့သောင်းမြို့ပြန်ပို့


လွတ်ရက်စေ့မြန်မာအကျဉ်းသား ၁၀၀ ကျော် ကော့သောင်းမြို့ပြန်ပို့ (Photo Courtesy: Thai Immigration)
လွတ်ရက်စေ့မြန်မာအကျဉ်းသား ၁၀၀ ကျော် ကော့သောင်းမြို့ပြန်ပို့ (Photo Courtesy: Thai Immigration)

ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင်အသီးသီးမှာ ပြစ်ဒဏ်ကျခံပြီးတဲ့နောက် အကျဉ်းထောင်အသီးသီးကနေ လွတ်ရက်စေ့တဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ရ‌နောင်း ကော့သောင်းလမ်းကနေ ထိုင်းအာဏာပိုင်တွေက စက်တင်ဘာလ ၁၃ ရက်နေ့မှာပဲ မြန်မာနိုင်ငံ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက ပေးပို့ထားပါတယ်။


ထိုင်းနိုင်ငံထဲမှာ အကြောင်းအမျိုးမျိုးနဲ့ ခရိုင်အသီးသီးမှာ ပြစ်ဒဏ်ကျခံခဲ့ရပြီးတဲ့နောက် ရနောင်း လူဝင်မှုကြီးကြပ်ရေး အချုပ်မှာ နေရပ်ပြန်ဖို့ စောင့်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁ဝ၀ ကျော်ကို စက်တင်ဘာလ ၁၃ ရက်နေ့က ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ကြောင်း ကော့သောင်းမြို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ရွှေ့ပြောင်းအလုပ်သမား အရင်းမြစ်စင်တာ (MWRC)တာဝန်ခံ ဦးမိုးဝေက အခုလို ပြောပါတယ်။

" ၁၃ ရက်နေ့က ပြန်ပို့တယ် ၊ ယောက်ကျားလေးက ၈၁ နဲ့ မိန်းကလေးက၂၉ အယောက်၁၀၀ ပြန်ပို့တယ်။ ဘန်ကောက်က အလုပ်သမားသံအရာရှိက ဒီဘက်က ကေ့ာသောင်းကအာဏာပိုင်တွေကို ဆက်သွယ်ပြီး ပြန်ပို့တာဖြစ်ပါတယ်။ ဒီမှာ တာဝန်ရှိသူတွေက ကိုဗစ် စစ်ဆေးတယ်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ပေးတယ် ပြီးတော့ နိုင်ငံသားဖြစ်မှုကို စစ်ဆေးတယ်၊ ပြီးတာနဲ့ သူတို့ရဲ့နေရပ်တွေကို ပြန်ပို့ပေးလိုက်တာဖြစ်ပါတယ်။ "

အခု နေရပ်ပြန်ပို့ခံရ သူတွေဟာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ခိုးဝင်မှုအပါအဝင် အခြားသောရာဇဝတ်ပြစ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံ ခဲ့ရသူတွေဖြစ်ပါတယ်။ သူတို့တွေဟာ ထိုင်းတောင်ပိုင်း ခရိုင်အသီးသီးက အကျဉ်းထောင်မှာ အကျဉ်းကျပြီးတဲ့နောက် လွတ်ရက်စေ့လာသူတွေ ဖြစ်တယ်လို့လည်း ဦးမိုးဝေက ပြောပါတယ်။

" ကျနော်တို့ ၁၄ ခရိုင်မှာရှိတဲ့ စူရတ်ဌာနီ ရနောင်း ဖူးခက် သရတ် ချုံဖော် စတဲ့ နေရာတွေကနေ ရောက်လာကြတာ ဖြစ်ပါတယ်။ "

သူတို့တွေဟာ ထိုင်းနိုင်ငံတွင်းက အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံပြီးတာတောင် ချက်ချင်း နေရပ်ပြန်ပို့တာ မခံရသေးပဲ ရနောင်းလူဝင်မှုကြီးကြပ်ရေး အချုပ်မှာ လနဲ့ချီ ထိန်းသိမ်းခံခဲ့ရပါတယ်။ မကြာသေးခင်တုန်းကတော့ ထောင်နဲ့ချီရှိတဲ့ မြန်မာအကျဉ်းသားတွေက သူတို့ကို အမြန်ဆုံးနေရပ်ပြန်ပို့ပေးဖို့ လဝက အချုပ်မှာ ဆန္ဒပြတောင်းဆိုတာတွေ လုပ်ခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG