သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ ပြစ်ဒဏ်ကျခံရသူ မြန်မာ ၁၇၀ ကျော် ပြန်လွတ်မြောက်


ထိုင်းမှာ ပြစ်ဒဏ်ကျခံရသူ မြန်မာ ၁၇၀ ကျော် ပြန်လွတ်မြောက် (Photo: FED)
ထိုင်းမှာ ပြစ်ဒဏ်ကျခံရသူ မြန်မာ ၁၇၀ ကျော် ပြန်လွတ်မြောက် (Photo: FED)

ထိုင်းမှာ ပြစ်ဒဏ်ကျခံရသူ မြန်မာ ၁၇၀ ကျော် ပြန်လွတ်မြောက်

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၇၀ ကျော်ကို ရ‌နောင်း ကော့သောင်းလမ်းကနေ ထိုင်းအာဏာပိုင်တွေက ဇွန်လ ၉ ရက်နေ့မှာပဲ နေရပ်ပြန်ပို့ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။


ထိုင်းနိုင်ငံထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရတဲ့ ပြည်နယ် ၁၄ ခုက မြန်မာရွှေ့ပြောင်းလုပ်သား ၁၇၃ ဦးကို ဒီကနေ့ နေလည်ပိုင်းမှာ ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ကြောင်း ကော့သောင်းမြို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ရွှေ့ပြောင်းအလုပ်သမား အရင်းမြစ်စင်တာ (MWRC)တာဝန်ခံ ဦးမိုးဝေက အခုလို ပြောပါတယ်။

" ဒီနေ့ကတော့ ၉ ရက်နေ့မှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရတဲ့ ထိုင်းတောင်ပိုင်း ပြည်နယ် ၁၄ ခုက အကျဉ်းသားတွေကို ပြန်ပို့ရာမှာ ၁၇၆ ဦးထဲမှာ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၂ ဦးကတော့ ကျန်းမာရေးကြောင့် ကျန်ခဲ့တယ်။ ၁၇၃ ဦးတော့ ပြန်ပို့လာတယ်။ ၁၇၃ ဦးထဲမှာ ၁၁ နာရီခွဲလောက် ပြန်ပို့တယ်၊ ၁၂ နာရီလောက်တော့ ကျနော်တို့က ကြိုဆိုရတယ်။ ကြိုဆိုပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ပေးတယ်။ ကိုဗစ်ကပ်ရောဂါ စစ်ဆေးတယ်။ ပြီးတော့ အခြားအရပ်ဒေသကို ကားနဲ့ ဆောင်ရွက်ပြီး သူတို့နေထိုင်ရာကို ပြန်ပို့ပေးတာဖြစ်တယ်။ "

ဖမ်းဆီးခံရသူတွေ အများစုဟာ တရားမဝင် အထောက်အထားမဲ့ ဖမ်းဆီးခံရသူတွေများပြီး နယ်စပ်ဖြတ်ကျော်တာကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့လည်း ဦးမိုးဝေက ပြောပြပါတယ်။

" အများအားဖြင့် စာရွက်စာတမ်း မတူတာရယ် အလုပ်ရှင် မတူတာရယ်ကြောင့် အဖမ်းခံရတာ များတယ်။ အများအားဖြင့် နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်သူတွေ များတယ်။ "

သူတို့ဟာ ထိုင်းနိုင်ငံတောင်ပိုင်းက အချုပ်တွေမှာ ပြစ်ဒဏ်ကျခံပြီးတာကြောင့် ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။

သူတို့ကိုတော့ ရနောင်းမြို့ကနေ စက်လှေနဲ့ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့တာပါ။ နေရပ်ပြန်ပို့ခံရ သူတွေထဲမှာ မြန်မာနိုင်ငံသား အမျိုးသမီး ၄၉ ဦးနဲ့ အမျိုးသား ၁၂၇ ဦး ပါဝင်ပါတယ်။ အခုဆိုရင် ဒီလပိုင်းအတွင်းမှာ လူ ၆၀၀ နီးပါးလောက် ပြန်ပို့ခဲ့တာဖြစ်ပြီး ဇွန်လထဲမှာတော့ အခုလိုပြန်ပို့တာဟာ ပထမဦးဆုံးအကြိမ်လည်း ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG