သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို အိန္ဒိယလက်နက် ရောင်းချမှု UK လွှတ်တော်မေးခွန်းထုတ်


British Prime Minister Rishi Sunak speaks at the House of Commons in London
British Prime Minister Rishi Sunak speaks at the House of Commons in London

အိန္ဒိယနိုင်ငံက မြန်မာစစ်ကောင်စီကို လက်နက်တွေ ရောင်းချနေတယ်ဆိုတဲ့အပေါ် အိန္ဒိယကို ဆွေးနွေးပြောဆိုဖို့ ဗြိတိန်လွှတ်တော်က ဗြိတိန်ဝန်ကြီးချုပ်ကို မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီလအစောပိုင်း G 20 ထိပ်သီး အစည်းအဝေးမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ဆုံစဥ် ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနက်ခ် Rishi Sunak ဟာ မြန်မာစစ်တပ်ကို အိန္ဒိယက လက်နက်တွေ ရောင်းချခဲ့တဲ့ကိစ္စ မပြောဖြစ်ခဲ့ဘူးလို့ လွှတ်တော်မေးခွန်းကို ယူကေအစိုးရက ပြန်လည် ဖြေကြားခဲ့ပါတယ်။

မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာ အဆုံးသတ်အောင် ဆော်ဩစည်းရုံးရေးဟာ ဗြိတိန်ရဲ့ နိုင်ငံခြားရေးမူဝါဒ ဖြစ်ပေမယ့် ဒီကိစ္စအပေါ် နှုတ်ဆိတ်နေခဲ့တာ ဖြစ်တယ်လို့ ဘားမားကမ်ပိန်း ယူကေရဲ့ အင်တာနက် စာမျက်နှာက ဝေဖန်ပြောဆိုပါတယ်။

ပါလီမန်အမတ် အင်မ်ရန် ဟူစိန် Imran Hussain ရဲ့ မေးခွန်း ကို စက်တင်ဘာလ ၂၂ ရက် က နိုင်ငံခြားရေးဝန်ကြီး အန်းမာရီ ထရယ်ဗယ်လျံ Anne-Marie Trevelyan က စာနဲ့ ပြန်ကြားခဲ့တာ ဖြစ်ပါတယ်။ “မြန်မာကို လက်နက်ပေးနေတဲ့ကိစ္စ မဆွေးနွေးခဲ့ပေမယ့်၊ အဲဒီလို မြန်မာစစ်တပ်ကို လက်နက်ပေးနေသူတွေနဲ့ ဆက်လက် ဆွေးနွေးပါမယ်” လို့ နိုင်ငံခြားရေးဝန်ကြီးက စာနဲ့ ဖြေကြားခဲ့ပါတယ်။

ဆူးနက်ခ် အရင် ဝန်ကြီးချုပ်တွေ လက်ထက်တုန်းကတော့ မြန်မာစစ်တပ်ကို လက်နက် မရောင်းချဖို့ ဆားဘီးယား၊ ယူကရိန်းနဲ့ ဂျပန်နိုင်ငံတွေကို ဗြိတိန်နဲ့ မဟာမိတ်တွေက အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ကြတာပါ။ “ဒီမိုကရေစီကို လိုလားပြီး အာဏာရှင် လက်အောက်က လွတ်မြောက်လိုကြတဲ့ မြန်မာပြည်သူတွေကို စတေးပြီး၊ မိုဒီကို အောက်ကနေ ချဥ်းကပ်နေတာဟာ ချွတ်ယင်းချက် အပြည့်နဲ့ ချဥ်းကပ်ပုံ ဖြစ်နေတယ်လို့ ဘားမား ကမ်ပိန်းယူကေရဲ့ ဆော်ဩစည်းရုံးရေးမှူး Karin Valtersson ကရင်း ဗော်လ်တာဆန်က ပြောပါတယ်။

မြန်မာစစ်တပ်ကို နိုင်ငံအနည်းငယ်ကပဲ လက်နက်ရောင်းချခဲ့ရာမှာ ရုရှား၊ တရုတ်၊ စင်္ကာပူတို့နဲ့အတူ အိန္ဒိယကလည်း တစ်နိုင်ငံ အပါအဝင်ပါ။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်တပ်တွေနဲ့ တိုက်ခိုက်ရာမှာ အသုံးပြုရမယ့် လက်နက်တွေကို မြန်မာစစ်တပ်ဟာ ပြည်သူတွေကို တိုက်ခိုက်၊ ကျောင်းတွေနဲ့ ဆေးရုံတွေကို ဗုံးကြဲခဲ့ပြီး၊ လူပေါင်း ၂ သောင်းခွဲနီးနီးကို ဖမ်းဆီးခဲ့တာကြောင့် လူ ၂ သန်းကျော်ဟာ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG