သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားသမဂ္ဂ နှိပ်ကွပ်မှုနဲ့ အဓမ္မခိုင်းစေမှု ရပ်ဆိုင်းဖို့ စစ်ကောင်စီကို ILO တောင်းဆို


ILO Commission of Inquiry finds the Myanmar military has committed grave violations against unionists and perpetrated forced labour (Photo: ILO web screenshot)
ILO Commission of Inquiry finds the Myanmar military has committed grave violations against unionists and perpetrated forced labour (Photo: ILO web screenshot)

မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပုံစံမျိုးစုံနဲ့ ရှိနေတာ၊ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူတွေ အကြမ်းဖက်တိုက်ခိုက် ခံနေရတာတွေ အားလုံး ချက်ချင်း ရပ်ဆိုင်းဖို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က တောင်းဆိုလိုက်တဲ့အပေါ် နိုင်ငံတကာအလုပ်သမားရေး ဆောင်ရွက်နေတဲ့ ပြင်သစ်အခြေစိုက် Public Services International အဖွဲ့က ကြိုဆိုလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး သမဂ္ဂလှုပ်ရှားမှုတွေကို ဖြိုခွဲတာ၊ ဖမ်းဆီး လက်စ ဖျောက်တာ၊ သတ်ဖြတ်တာ၊ ခြိမ်းခြောက် အနှောက်အယှက်ပြုတာလို ပုံစံမျိုးစုံ ချိုးဖောက်နေတဲ့အကြောင်း စာမျက်နှာ ၂၀၅ မျက်နှာပါတဲ့ ILO စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အလုပ်သမားသမဂ္ဂတွေနဲ့ အရပ်သားပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေကို ဖိနှိပ်ကန့်သတ်ပြီး အဓမ္မ လုပ်အားစေခိုင်းမှုမျိုးစုံ ကျူးလွန်တာ၊ စစ်ရေးစစ်ရာ ကိစ္စတွေအတွက် အဓမ္မ လုပ်အားစေခိုင်းတာ၊ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေ၊ ခေါင်းဆောင်တွေကို တရားမဝင် ဖမ်းဆီး ထောင်ချတာ၊ နှိပ်စက်တာ၊ သတ်ဖြတ်တာ၊ စောင့်ကြည့်တာ၊ ပြည်ပကို ထွက်ပြေးရစေတာ စတာတွေကို စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေ အသေးစိတ် တွေ့ရှိထားကြောင်းနဲ့ ဒါတွေကို ချက်ချင်းရပ်တန့်ဖို့ ILO စုံစမ်းရေး ကော်မရှင်က ဒီလ ၄ ရက်၊ ဗုဒ္ဓဟူးနေ့က အစီရင်ခံစာ ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံတကာ အလုပ်သမား ဥပေဒတွေကို လိုက်နာခြင်း မရှိဘူးဆိုတဲ့ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ကို ILO က ၂၀၂၂ ခုနှစ် မတ်လမှာ ဖွဲ့စည်းတာဝန်ပေး အပ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ စုံစမ်းစစ်ဆေးရေးကော်မရှင် အနေနဲ့ အမြင့်ဆုံးအဆင့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်တာဖြစ်ပြီး ဒီလို စုံစမ်းစစ်ဆေးမှုမျိုးကိုတော့ ILO စတင်တည်ထောင်တဲ့ ၁၉၁၉ ခုနှစ်နောက်ပိုင်း ၁၃ ကြိမ်သာ ရှိခဲ့ဖူးပါတယ်။ အခု အစီရင်ခံစာပါ ဖော်ပြချက်တွေကို လက်ခံ−မခံ မြန်မာစစ်ကောင်စီဘက်က ပြန်လည်ချေပဖို့ ၃ လ အချိန်ပေးထားပါတယ်။ လက်ခံပြီး ကျူးလွန်နေတာတွေ ရပ်တန်ဖို့၊ ပြုပြင်ပြောင်းလဲဖို့ လုပ်နိုင်သလို၊ လက်မခံရင်တော့ ICJ နိုင်ငံတကာခုံရုံးမှာ တက်ရောက် ဖြေရှင်းနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG