သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားက အီရန်ပစ်မှတ်တွေ အမေရိကန်တိုက်ခိုက် 

ယခင်မှတ်တမ်းရုပ်ပုံ | ဘယ်လ်ဂျီယံနိုင်ငံ ဘရာဆဲလ်မြို့တော် နေတိုးဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တွေ့ရတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးချုပ် Lloyd Austin (အောက်တိုဘာ ၁၁၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | ဘယ်လ်ဂျီယံနိုင်ငံ ဘရာဆဲလ်မြို့တော် နေတိုးဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တွေ့ရတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးချုပ် Lloyd Austin (အောက်တိုဘာ ၁၁၊ ၂၀၂၃)

ဆီးရီးယားနိုင်ငံထဲက အီရန်အထူးတပ်တွေရဲ့ စစ်စခန်း ၂ ခုကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ဆီရီးယားနိုင်ငံအရှေ့ပိုင်းက အီရန်တော်လှန်ရေးတန်ပြန်အစောင့်တပ်တွေရဲ့ လက်နက်ခဲယမ်းသိုလှောင်တဲ့ နေရာ ၂ ခုကို အမေရိကန်က တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ကြေညာချက်ထုတ်ပြန်ပါတယ်။

အမေရိကန် စစ်စခန်းတွေအပေါ် အီရတ်နဲ့ ဆီရီးယားနိုင်ငံတွေမှာ အခြေစိုက်တဲ့ အီရန်ထောက်ပံ့ထားတဲ့ ပြည်သူစစ်အဖွဲ့တွေတိုက်ခိုက်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး Lloyd Austin က ကြေညာချက် ထုတ်ပြန်ပါတယ်။ ပစ်မှတ်အတိအကျကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ ကြေညာချက်မှာ ပြောထားပါတယ်။ အမေရိကန်စစ်စခန်းတွေအပေါ် မအောင်မြင်တဲ့တိုက်ခိုက်မှုတွေကို အောက်တိုဘာ ၁၇ ရက်က စတင်ပြီး လုပ်နေတယ်လို့ပြောပါတယ်။ ဂါဇာဒေသမှာ အစ္စရေးနဲ့ ဟာမတ်စ်စစ်သွေးကြွအဖွဲ့ကြား တိုက်ခိုက်နေကြချိန်မှာ ဒေသတွင်းက အမေရိကန်ပစ်မှတ်တွေအပေါ် အီရန်ပံ့ပိုးတဲ့ အဖွဲ့တွေဘက်က တိုက်ခိုက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ အမေရိကန် တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးဟာ ထိပ်တန်းဦးစားပေးဖြစ်ပြီး ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမှ လက်ခံမှာ မဟုတ်ဘူးလို့လည်း ကာကွယ်ရေးဝန်ကြီး Lloyd Austin ကပြောပါတယ်။

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Abu Kamal နားမှာရှိတဲ့ စစ်သွေးကြွတွေရဲ့ လက်နက်နဲ့ စစ်သုံးပစ္စည်းသိုလှောင်ရုံကို အမေရိကန် F-16 တိုက်လေယာဉ်တွေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်မှတ်ကို တိတိကျကျ ချိန်ရွယ်ပစ်ခတ်နိုင်ခဲ့တယ်လို့ အမေရိကန်ထိပ်တန်းအရာရှိတဦးက သတင်းထောက်တွေကို ပြောကြားခဲ့ပါသေးတယ်။

ဆီးရီးယားက အီရန်ပစ်မှတ်တွေ အမေရိကန်တိုက်ခိုက်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG