သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာနဲ့ West Bank ပါလက်စတိုင်း အုပ်ချုပ်မှုအောက် ရှိသင့် − သမ္မတ ဘိုင်ဒန်


APTOPIX Biden US Mideast
APTOPIX Biden US Mideast

ဂါဇာနဲ့ West Bank ပါလက်စတိုင်း အုပ်ချုပ်မှုအောက် ရှိသင့် − သမ္မတ ဘိုင်ဒန်

အစ္စရေး ဟားမတ်စ် ပဋိပက္ခပြီးနောက် ဂါဇာနဲ့ အနောက်ဖက်ကမ်းဒေသ Westbank ဒေသကို ပါလက်စတိုင်းတွေကပဲ အုပ်ချုပ်သင့်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က စနေနေ့တုန်းက ပြောဆိုလိုက်ပါတယ်။

အစ္စရေးပါလက်စတိုင်း နှစ်ပြည် ထောင် အတူတကွရှိရေးမူကို ဖေါ်ဆောင်တဲ့အနေနဲ့ ဂါဇာကမ်းမြှောင်ဒေသနဲ့ အနောက်ဖက် ကမ်းဒေသတွေကိုပေါင်းစည်းပြီး အုပ်ချုပ်မှု တခုထဲအောက်မှာပဲ ထားသင့်ပါတယ်။ ပါလက်စတိုင်းအုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်အသက်သွင်းပြီး အဲဒီအုပ်ချုပ်မှုအောက်မှာ ထားသင့်တယ်လို့ သမ္မတဘိုင်ဒင်က ဝါရှင်တန်ပို့စ်သတင်းစာကြီးမှာ သူ့ရဲ့အမြင်ကို ပြောဆိုခဲ့ပါတယ်။

ပါလက်စတိုင်းတွေကို ဂါဇာဒေသကနေ အတင်းအကျပ်ပြောင်းရွှေ့စေတာ၊ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်တာ၊ ကန့်သတ် ပိတ်ပင်ထားတာ၊ နယ်မြေတွေကို လျော့ချပစ်တာတွေ လုံးဝမလုပ်ရဘူးလို့လည်း သမ္မတ ဘိုင်ဒင်ကပြောဆိုပါတယ်။

အနောက်ဖက်ဒေသတွင်း အစွန်းရောက် အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ အစ္စရေးခေါင်းဆောင်တွေကို သူ့အနေနဲ့ အလေးအနက်ပြောကြားလိုတယ်လို့လည်း သမ္မတ ဘိုင်ဒင်က ပြောဆိုထားပါတယ်။

အခုလိုအချိန်မှာဘဲ သမ္မတ ဘိုင်ဒင်အနေနဲ့ ဂါဇာစစ်ပွဲကို ဝင်ရောက် တားဆီးပေးပါလို့ ပါလက်စတိုင်းသမ္မတ မာမွတ်အာဘက်စ် Mahmoud Abbas က စနေနေ့မှာ တောင်းဆို လိုက်ပါတယ်။ အခုလို လူမျိုးတုန်းသတ်ဖြတ်မှုကို ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာလို့ ဘယ်လို သတ်မှတ်နိုင်မလဲလို့လည်း သူကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG