သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတိုက်ပွဲ ပြန်စချိန်ကစလို့ အရပ်သားရာချီ ထပ်မံသေဆုံး


အစ္စရေးဟားမတ်စ် ဂါဇာ မှတ်တမ်းပုံ
အစ္စရေးဟားမတ်စ် ဂါဇာ မှတ်တမ်းပုံ

တိုက်ပွဲတွေပြန်ဖြစ်နေတဲ့ ဂါဇာဒေသမှာ လူတွေထွက်ပြေး စုပြုံရောက်ရှိနေတဲ့ တောင်ပိုင်းကို အစ္စရေးက စနေနေ့က ဗုံးကြဲ တိုက်ခိုက်တဲ့အတွက် ရာနဲ့ချီတဲ့ အရပ်သားတွေ ထပ်မံ သေဆုံးခဲ့ပါတယ်။ အမေရိကန်နဲ့ အခြား နိုင်ငံတွေကတော့ အရပ်သားတွေကို မထိခိုက်အောင် လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။


သောကြာနေ့တိုက်ပွဲတွေ ပြန်လည်စတင်ကတည်းက စုစုပေါင်း လူ ၂၀၀ ကျော်သေဆုံးခဲ့ပြီလို့ ပါလက်စတိုင်း ကျန်းမာရေးဌာနက ပြောပါတယ်။ အောက်တိုဘာလ ၇ ရက်ကနေဒီကနေ့အထိ ပါလက်စတိုင်းသေဆုံးသူဟာ ၁၅၂၀၀ ကျော်သွားပြီလို့လည်းဆိုပါတယ်။

အမေရိကန်အနေနဲ့ ဟားမတ်စ်ကိုတိုက်ဖို့အတွက် ခံကတုပ်ဖျက်ဗုံးတွေအပါအဝင် ထောင်ပေါင်း များစွာသော၊ ဗုံးတွေလက်နှက်ကြီးကျည်တွေ အစ္စရေးကိုထောက်ပံပေးခဲ့တယ်လို့ The Wall Street Journal သတင်းစာကြီးကရေးသားပါတယ်။ အဲဒိအထဲမှာ ဗုံးအလုံးပေါင်း ၁ သောင်း ၅ ထောင်နဲ့၊ လက်နှက်ကြီးကျည် ၅၇၀၀၀ ပါဝင်တယ်လို့ အမည်မဖေါ်လိုတဲ့ အမေရိကန်အရာရှိတွေကိုကိုးကားပြီး သတင်းစာကြီးက ရေးသားပါတယ်။

အခုလိုအချိန်မှာဘဲ အမေရိကန်ဒုသမတကာမလာဟဲရစ်ကတော့ လက်ရှိ အစ္စရေးဟားမတ်စ် ပဋိပက္ခပြီးဆုံးသွားရင် ဂါဇာဒေသနဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဒေသနှစ်ခုလုံးကို ပေါင်းစည်းပြီး အစိုးတရပ်အောက်မှာ အတူ ရှိသင့်တယ်လို့ ဒူဘိုင်းမြို့တော်မှာကျင်းပနေတဲ့ ရာသီဥတု ထိပ်သီးညီလာခံမှာ စနေနေ့ကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG