သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ လူသားစာနာမှုအကျပ်အတည်းကပ်ဆိုက်နေပြီလို့ ကုလအတွင်းရေးမှူးချုပ် သတိပေး


ဂါဇာတောင်ပိုင်း Khan Yunis ကနေ အသက်ဘေးလွတ်ရာထွက်ပြေးလာကြတဲ့ ပါလက်စတိုင်းလူမျိုးတွေ အီဂျစ်နယ်စပ်နားက ရာဖာမြို့စွန်မှာ ယာယီရွက်ဖျင်တဲတွေနဲ့ ခိုလှုံနေကြပုံ။ (ဒီဇင်ဘာ ၇၊ ၂၀၂၃)
ဂါဇာတောင်ပိုင်း Khan Yunis ကနေ အသက်ဘေးလွတ်ရာထွက်ပြေးလာကြတဲ့ ပါလက်စတိုင်းလူမျိုးတွေ အီဂျစ်နယ်စပ်နားက ရာဖာမြို့စွန်မှာ ယာယီရွက်ဖျင်တဲတွေနဲ့ ခိုလှုံနေကြပုံ။ (ဒီဇင်ဘာ ၇၊ ၂၀၂၃)

ဂါဇာကမ်းမြောင်က အကြီးဆုံးမြို့ကြီးတွေမှာရှိတဲ့ ဟားမတ်စ်စစ်သွေးကြွတွေကို အစ္စရေးက ကြာသာပတေးနေ့ စစ်ဆင်တိုက်ခိုက်မှုမှာ လူ ၃၅၀ သေဆုံးပြီး ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းအရပ်သားတွေဟာ စစ်ပွဲလွတ်ရာနေရာတွေကို ရှာဖွေနေကြရပါတယ်။ အီဂျစ်နဲ့နယ်ချင်းစပ်နေတဲ့ တောင်ပိုင်း Rafah ကို ဂါဇာဒေသခံအတော်များများ စုံပြုံရောက်ရှိလာကြပါတယ်။ ဟားမတ်စ်တို့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ ညလုံးပေါက် အစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၃၇ ဦးထက်မနည်း သေဆုံးတယ်လို့ပဲ သတင်းထုတ်ပြန်ထားပါတယ်။

ဂါဇာမှာ ဘေးကင်းလုံခြုံတဲ့နေရာမရှိဘူးလို့ ကုလသမဂ္ဂအရာရှိတွေက ပြောပါတယ်။ လူဦးရေ နှစ်သန်းကျော်ရှိတဲ့ ဂါဇာဒေသ ၈၅ ရာခိုင်နှုန်းကျော်မှာ ဒေသခံတွေဟာ အိုးအိမ်တွေ ခိုလှုံရာနေရာတွေကို စွန့်ခွာနေကြရပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကတော့ သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကို ရှားရှားပါးပါးထုတ်သုံးပြီး ဂါဇာဒေသမှာ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းကြီး ဆိုက်ရောက်နေပြီဆိုပြီး ကုလ လုံခြုံရေးကောင်စီကို သတိပေးလိုက်ပါတယ်။ အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုကြဖို့ကိုလည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို သူက တိုက်တွန်းပါတယ်။

အစ္စရေးကို အဓိကထောက်ခံနေတဲ့ အမေရိကန်ပြည်ထောင်စုကလည်း အစ္စရေးအနေနဲ့ အရပ်သားထိခိုက်သေဆုံးမှုတွေ နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ဖို့ အကြိမ်ကြိမ်တိုက်တွန်းနေပါတယ်။ အခုလက်ရှိဆိုရင် ဂါဇာမြို့နဲ့မြောက်ပိုင်းဒေသတွေမှာ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ပါလက်စတိုင်းအများအပြား သေဆုံးခဲ့ရပြီလို့ အမေရိကန်က ပြောပါတယ်။ ဒါပေမယ့်လည်း ခြွင်းချက်မဲ့အပစ်အခတ်ရပ်စဲမှုဟာ ဟားမတ်စ်တို့ကိုပဲ အကျိုးဖြစ်စေမယ်လို့ ဆိုပြီး တိုက်ခိုက်မှုတွေရပ်ဖို့ ကုလ ကြိုးပမ်းမှုမှန်သမျှကိုလည်း အမေရိကန်ဘက်က ဟန့်တားမယ့်ပုံရှိနေပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့က အဆုံးသတ်သွားတဲ့ တပတ်ကြာ အပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာတော့ ဟားမတ်စ်ကဖမ်းထားတဲ့ ဓါးစားခံ ၁၀၀ နီးပါး ပြန်လွတ်လာပါတယ်။ ဒါပေမယ့် ဖမ်းခံထားရတဲ့ နောက်ထပ် ဓါးစားခံ ၁၄၀ ကျော် လွတ်ဖို့ ကျန်ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG