သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ဒု-ဝန်ကြီး စစ်ကောင်စီအကြီးအကဲနဲ့ နယ်စပ်လုံခြုံရေးဆွေးနွေး


တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီး Wang Xiaohong နဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေး (Photo: SAC info)
တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီး Wang Xiaohong နဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေး (Photo: SAC info)

တရုတ် ဒု-ဝန်ကြီး စစ်ကောင်စီအကြီးအကဲနဲ့ နယ်စပ်လုံခြုံရေးဆွေးနွေး

မြန်မာဘက်က ကျရောက်တဲ့ လက်နက်ကြီးကျည်တွေကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက် ဒဏ်ရာရခဲ့တာကို တရုတ်ဘက်က အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး နောက်တနေ့ သောကြာနေ့မှာတော့ တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်ရှိလာပြီး စစ်ကောင်စီအကြီးအကဲနဲ့ နေပြည်တော်မှာ နယ်စပ်လုံခြုံရေး ကိစ္စ ဆွေးနွေးခဲ့ပါတယ်။

စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး စွန်းဝေတုန်တို့ ဇန်နဝါရီလ ၅ ရက်နေ့ သောကြာနေ့မှာ နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ် ဒေသ တည်ငြိမ်ရေးကို ဆွေးနွေးခဲ့ကြသလို စစ်ကောင်စီ ပြည်ထဲရေး ဝန်ကြီးနဲ့ တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးတို့လည်း ဒီအရေးကို ဆွေးနွေးခဲ့ကြတာပါ။

တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကို မြန်မာ စစ်ခေါင်းဆောင် အပြင် စစ်ကောင်စီ တွဲဖက် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမင်းဦး၊ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တရုတ် ပြည်သူ့ လုံခြုံရေး ဝန်ကြီး Wang Xiaohong တို့လည်း အွန်လိုင်းကနေ တွေ့ဆုံကြပြီး နယ်စပ် ဒေသ တည်ငြိမ်ရေး အပါအဝင် လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ပွဲတွေ ဖြစ်နေတဲ့ မြန်မာဘက်က လက်နက်ကြီးကျည်တွေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် Nansan မြို့ထဲကို ကျရောက်ပြီး တရုတ် နိုင်ငံသား အနည်းဆုံး ၅ ဦး ထိခိုက်ဒဏ်ရာရကြောင်း တရုတ်နိုင်ငံပိုင် Global Times သတင်းက ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေး ဌာနကလည်း အပြင်းအထန် ကန့်ကွက်ခဲ့သလို မြန်မာဘက်က ဘက်ပေါင်းစုံ အနေနဲ့ ချက်ချင်း အပစ်အခတ် ရပ်စဲကြဖို့လည်း ပြောဆိုထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG