သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျေလို တေးသရုပ်ဖော် သီချင်းဗွီဒီယိုသစ်


ရွှေကမ္ဘာလုံးဆုအနုပညာဆုပေးပွဲမှာ တွေ့ရတဲ့ ဂျန်နဖာလိုးပတ်စ် (ဇန်နဝါရီ ၇၊ ၂၀၂၄)
ရွှေကမ္ဘာလုံးဆုအနုပညာဆုပေးပွဲမှာ တွေ့ရတဲ့ ဂျန်နဖာလိုးပတ်စ် (ဇန်နဝါရီ ၇၊ ၂၀၂၄)

အမေရိကန်နာမည်ကျော် ရုပ်ရှင်မင်းသမီးလည်းဖြစ်၊ အဆိုတော်လည်းဖြစ်တဲ့ ဂျန်နဖာလိုးပတ်စ်ရဲ့ အားလုံးမျှော်နေကြတဲ့ သီချင်းသစ်နဲ့ ဂီတဗွီဒီယို ထွက်လာပါတယ်။ သီချင်းနာမည်က "Can't Get Enough" ဖြစ်ပြီး သူ့ရဲ့ တေးဓာတ်ပြားသစ် "This Is Me…Now" ("အခု ကျွန်မ") ဆိုတဲ့ တေးဓာတ်ပြား မှာပါမယ့် သီချင်းပါ။ သူသီချင်းတွေမထွက်တာ ၁၀ နှစ်လောက်ကြာခဲ့ပြီးမှ အခု ပထမဆုံးအကြိမ် သီချင်းသစ်ထွက်တာ ဖြစ်ပါတယ်။ အခုထွက်တဲ့ သီချင်းက ၂၀၀၂ ခုနှစ်က ထွက်တဲ့ "This Is Me... Then" ("အဲတုန်းက ကျွန်မ") ဆိုတဲ့ တေးဓာတ်ပြားရဲ့ နောက်ဆက်တွဲ ဖြစ်ပါတယ်။

သူက တေးသရုပ်ဖော် ရုပ်ရှင်ကားတိုလေးကိုလည်း ဒီသီချင်းဗွီဒီယိုအဖြစ် ထုတ်လိုက်ပါတယ်။ "This Is Me…Now: A Love Story," အခုကျွန်မ .. အချစ်ဇာတ်လမ်း လို့ နာမည်ပေးထားတဲ့ ဒီဂီတဗွီဒီယိုကို ဒါရိုက်တာ ဒေ့ဗ်မေယာ ရိုက်ကူးတာ ဖြစ်ပါတယ်။ ဒရိတ်၊ တေလာဆွိဖ်၊ ဟယ်ရီစတိုင်စ်၊ ကိုးဒ်ပလေးတို့နဲ့အလုပ်တွဲလုပ်ဖူးတဲ့ ဒါရိုက်တာပါ။ ဒီဂီတဗွီဒီယိုက သူ့တေးဓာတ်ပြားသစ်အတွက် တွဲဘက် ဗွီဒီယို ဖြစ်ပြီး တေးဓာတ်ပြားထွက်တဲ့ တနေ့တည်းမှာပဲ Prime Video လိုင်းမှာ ထုတ်ဝေမှာပါ။

သူ့အရင်က ချစ်သူ ဘန်အက်ဖ်ဖလက်နဲ့ ပြန်ပေါင်းစည်း၊ နောက် လက်ထပ်လိုက်တာတွေကို ခံစားပြီး ဒီတေးဓာတ်ပြား ထုတ်မိတယ်လို့ ပြောပါတယ်။ ဒါရိုက်တာ၊ ရုပ်ရှင်မင်းသား ဘန်အက်ဖ်ဖလက်နဲ့ ဂျေလို ၂ ဦး တွဲပြီး ဇာတ်ညွှန်းရေးတာ ဖြစ်ပါတယ်။ အသက် ၅၄ နှစ် ရှိပြီဖြစ်တဲ့ ဂျန်နဖာလိုးပတ်စ်ဟာ တေးဓာတ်ပြားပေါင်း သန်း ၈၀ ရောင်းချခဲ့ရပြီး ဘေးဘုတ် ဟော့အဖြစ်ဆုံး တေး ၁၀၀ စာရင်းမှာ နံပတ်တစ်ချိတ်တဲ့ သီချင်း ၄ ပုဒ် ပါပါတယ်။ သူနောက်ဆုံးထွက်တဲ့ "A.K.A" ဆိုတဲ့ တေးဓာတ်ပြားက လွန်ခဲ့တဲ့ ၉ နှစ်က ထုတ်ခဲ့တာပါ။ သူက Merry Me ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားအတွက် ရုပ်ရှင်သီချင်းလည်း သီဆိုခဲ့ပါတယ်။

XS
SM
MD
LG