သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကမ္ဘာမှာ နှစ် ၂၀ အတွင်း ဒီမိုကရေစီကျဆင်း (Freedom House)


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော် ရဲစခန်းတခုရှေ့ သတင်းယူနေတဲ့ သတင်းထောက်များ (အောက်တိုဘာ ၃၊ ၂၀၂၃)
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော် ရဲစခန်းတခုရှေ့ သတင်းယူနေတဲ့ သတင်းထောက်များ (အောက်တိုဘာ ၃၊ ၂၀၂၃)

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ လူ့အခွင့်အရေးကို ကာကွယ်သူတွေနဲ့ သတင်းထောက်တွေ ဖမ်းဆီးထောင်ချခံနေရပြီး ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ဒီမိုကရေစီစနစ် ပိုပြီး ဆုတ်ယုတ်ကျဆင်းလာတဲ့အကြောင်း The Freedom House လူ့အခွင့်အရေး အဖွဲ့ကြီးက ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ဒီနှစ် အစီရင်ခံစာမှာ Nicaragua, Tanzania, Thailand,Tunisia, Turkey နဲ့ Venezuela နိုင်ငံ ခြောက်နိုင်ငံရဲ့ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ဒီမိုကရေစီစနစ် ဆုတ်ယုတ်မှုတွေကို အဓိက ရေးသားထားတာပါ။

ကမ္ဘာတဝန်းမှာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်တဲ့ အာဏာရှင် ခေါင်းဆောင်တွေ ပေါ်လာခဲ့ပြီး ဝေဖန်သူတွေနဲ့ အတိုက်အခံတွေရဲ့ အသံတိတ်သွားအောင် ဖိနှိပ်မှု နည်းလမ်း ပေါင်းစုံကို သုံးလာနေတဲ့အကြောင်း အစီရင်ခံစာပူးတွဲ ရေးသားသူ Amy Slipowitz က VOA ကို ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၇ နှစ်ဆက်တိုက် ကမ္ဘာတဝန်း လူ့အခွင့်အရေးနဲ့ လွတ်လပ်မှု အခြေအနေ ဆုတ်ယုတ်ကျဆင်းလာတာကို အစီရင်ခံစာက မီးမောင်းထိုးပြထားပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က လွတ်လပ်ခွင့် အကင်းမဲ့ဆုံး ၅၇ နိုင်ငံထဲမှာ ပါဝင်တယ်ဆိုတာကို အစီရင်ခံစာက ထည့်သွင်းထားပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအရေးအတိုက်အခံတွေကို ဖမ်းဆီးထောင်ချခဲ့တာ၊ သေဒဏ်စီရင်တဲ့အထိ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးခဲ့တာတွေ အပြင် တိုင်းရင်းသားလူမျိုးစုတွေရဲ့ ရပ်တည်မှုပုံစံကို အတင်း အင်အားသုံးပြောင်းလဲဖို့ ကြိုးစားလာတာတွေကို ထောက်ပြပါတယ်။

တရုတ်နိုင်ငံ Xinjiang, Tibet နဲ့ Mongolia အတွင်းပိုင်းဒေသတွေမှာ တိုင်းရင်းသားတွေရဲ့ နေထိုင်ရပ်တဘ်မှုနဲ့ ရိုးရာအစဉ်အလာတွေကို တရုတ်ကွန်မြူနစ်ပါတီက အတင်းအဓမ္မ ပြောင်းလဲတာမျိုးတွေ ရှိခဲ့ပြီး မြန်မာနိုင်ငံ၊ အီသီယိုးပီးယားနဲ့ ယူကရိန်းနိုင်ငံတွေမှာလည်း အလားတူ ခပ်ဆင်ဆင် အင်အားသုံး ပြောင်းလဲတဲ့ ဖိနှိပ်မှုတွေ ရှိတာကို အစီရင်ခံစာမှာ ရေးသားပါတယ်။

မြန်မာနဲ့ ကမ္ဘာမှာ နှစ် ၂၀ အတွင်း ဒီမိုကရေစီကျဆင်း (Freedom House)
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG