သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနွယ်ဖွားတွေအတွက် ခရီးသွားသတိပေးချက် ကနေဒါထုတ်ပြန်


ရန်ကုန်မြို့မှာတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဖေဖော်ဝါရီ ၁၊ ၂၀၂၄)
ရန်ကုန်မြို့မှာတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဖေဖော်ဝါရီ ၁၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ အရွယ်ရောက်သူတွေ စစ်မှုထမ်းရမဲ့ ဥပဒေ ထုတ်ပြန်လိုက်တာကြောင့် ကနေဒါနိုင်ငံသား နိုင်ငံကူးလက်မှတ်ပတ်စ်ပို့ကိုင်ဆောင်ပြီး ခရီးသွားမဲ့ မြန်မာနွယ်ဖွားတွေ သတိထားဖို့ ကနေဒါနိုင်ငံက သတိပေးလိုက်ပါတယ်။ စစ်မှုထမ်းဥပဒေကို လက်တွေ့ကျင့်သုံးမဲ့ အမိန့်ကြောင့် ကနေဒါပတ်စ်ပို့ ကိုင်ဆောင်ထားပေမဲ့ မြန်မာအာဏာပိုင်တွေက နိုင်ငံသားအဖြစ် သဘောထားပြီး စစ်မှုထမ်းခိုင်းနိုင်ကြောင်း ကနေဒါ ကောင်စစ်ဌာနက လူမှုကွန်ယက်မှာ သတင်းထုတ်ပြန်ခဲ့တာပါ။ စစ်ကောင်စီရဲ့ အမိန့်ကြောင့် ကနေဒါပတ်စ်ပို့နဲ့ ခရီးသွားတဲ့ မြန်မာနွယ်ဖွားတွေကို အကာအကွယ်ပေးနိုင်ဖို့ အာမခံချက်မရှိဘူးလို့လည်း သတိပေးထားပါတယ်။

အသက် ၁၈ နှစ်ပြည့်သူတွေ စစ်မှုထမ်းရမဲ့ ဥပဒေကို လက်တွေ့ကျင့်သုံးမယ့်အကြောင်း စစ်ကောင်စီက ဒီလဆန်းမှာ ကြေညာလိုက်ပြီးနောက် ပြည်ပနိုင်ငံတွေကို ထွက်ခွာဖို့ ကြိုးပမ်းသူ လူငယ်တွေလည်း များလာနေတာပါ။ စစ်ကောင်စီကတော့ ဧပြီလကစ ပထမသုတ်အဖြစ် လူ ၅၀၀၀ စတင် စုဆောင်းမယ်လို့ ပြောပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ရည်ရွယ်ပြီး စစ်မှုထမ်းဥပဒေကို ကျင့်သုံးမှာဖြစ်ကြောင်း စစ်ကောင်စီက ပြောထားပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေမှာ အထိအခိုက်အကျအဆုံးတွေ များလာတာကြောင့် ဖြစ်နိုင်တယ်လို့ အကဲခတ်တွေက ယူဆထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG