သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို ယာယီအလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအမတ် တောင်းဆို


ထိုင်း-မြန်မာ နယ်စပ် မြန်မာဒုက္ခသည်များ (ဇန်နဝါရီ ၇၊ ၂၀၂၂)
ထိုင်း-မြန်မာ နယ်စပ် မြန်မာဒုက္ခသည်များ (ဇန်နဝါရီ ၇၊ ၂၀၂၂)

ထိုင်းနိုင်ငံထဲကို ထွက်ပြေးခိုလှုံလာတဲ့ မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားပြီး ယာယီ အလုပ်လုပ်ခွင့် ခွင့်ပြုဖို့ ထိုင်း အစိုးရကို ထိုင်း အတိုက်အခံ FAIR ပါတီ လွှတ်တော်အမတ် Kannavee Suebsang က‌ အကြံပြုပြောဆိုပါတယ်။ နှစ်နိုင်ငံသဘောတူညီချက်အရ ထိုင်းနိုင်ငံကို အလုပ်သမားတွေစေလွှတ်တာ မြန်မာစစ်ကောင်စီက ယာယီ ရပ်ဆိုင်းထားတဲ့ကြောင်းနဲ့ ဒီလို ရပ်ဆိုင်းတာဟာ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ သက်ဆိုင်တယ်၊ မသက်ဆိုင်ဘူး မသိရပေမဲ့ နေရပ်ပြန်ပို့ခံရမယ့် မြန်မာအလုပ်သမားတွေအတွက် အကြီးအကျယ် စိုးရိမ်ရတဲ့အကြောင်း လွှတ်တော်အမတ် Kannavee Suebsang ပြောဆိုတာကို Bangkok Post သတင်းစာမှာ ရေးသားထားပါတယ်။

နှစ်နိုင်ငံ နားလည်မှု သဘောတူ စာချွှန်လွှာအရ အရင်က မြန်မာနိုင်ငံသား နေ့စဉ် ၇၀၀ နဲ့ ၈၀၀ ကြား ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ ရောက်လာခဲ့တာကိုလည်း သူက ပြောဆိုပါတယ်။ စစ်ကောင်စီ ထုတ်ပြန်တဲ့ အရွယ်ရောက်သူတွေ စစ်မှုမထမ်းမနေရ အမိန့်ကြောင့် ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံသားတွေ အများအပြား ဝင်ရောက်ဖို့ ကြိုးစားနေချိန်မှာ ထိုင်း အတိုက်အခံအမတ်ရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။

ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကတော့ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်တဲ့ မြန်မာနိုင်ငံသားတွေကို အရေးယူမယ်လို့ သတိပေး ပြောဆိုထားပါတယ်။ လွှတ်တော်အမတ် Kannavee Suebsang က‌ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတာ မဟုတ်တဲ့အကြောင်းနဲ့ စစ်ပွဲတွေကြား အသက်လုပြေးလာသူတွေ ဖြစ်တဲ့အကြောင်း၊ စစ်မှုမထမ်းမနေရ ဥပဒေကို ရှောင်ရှားဖို့ ရောက်လာတာဖြစ်ပြီး လူသားချင်း စာနာမှုအရ ထည့်သွင်းစဉ်းစားဖို့ ထိုင်းအစိုးရကို တိုက်တွန်းနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG