သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအတွက် အစားအသောက်အကူအညီ ကန်လေထီးနဲ့ချပေး


ဂါဇာဒေသခံတွေအတွက် စာနာမှုအကူအညီတွေကို လေယာဥ်နဲ့ သွားချပေးဖို့ တင်ဆောင်နေတဲ့ အမေရိကန်စစ်လေယာဥ် ( ဓါတ်ပုံ−အမေရိကန်လေတပ် သတင်းထုတ်ပြန်ချက် / REUTERS)
ဂါဇာဒေသခံတွေအတွက် စာနာမှုအကူအညီတွေကို လေယာဥ်နဲ့ သွားချပေးဖို့ တင်ဆောင်နေတဲ့ အမေရိကန်စစ်လေယာဥ် ( ဓါတ်ပုံ−အမေရိကန်လေတပ် သတင်းထုတ်ပြန်ချက် / REUTERS)

စစ်ဒဏ် ခံနေရတဲ့ ဂါဇာဒေသက ပြည်သူတွေအတွက် အစားအသောက်နဲ့ အထောက်အပံ့ပစ္စည်းတွေကို သမ္မတ ဂျိုးဘိုင်ဒန် အမိန့်နဲ့ ၊ အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် − အမေရိကန်လေတပ်က လေထီးတွေနဲ့ ချပေးခဲ့ပါတယ်။

အမေရိကန် စစ်သုံး ကုန်တင်လေယာဉ် C-130 ပေါ်ကနေ လိုက်ချပေးနေတဲ့ ဒီ လူသားချင်းစာနာမှု အကူညီထဲမှာ လူ ၃ သောင်းခွဲကျော် စားသုံးနိုင်မယ့် အသင့်စား အစားအသောက်တွေ ပါဝင်ပြီး ဒါဟာ ပထမအသုတ် အနေနဲ့ ပေးပို့တာ ဖြစ်ပါတယ်။ ဒီ ကူညီထောက်ပံ့ရေး ပစ္စည်းတွေကို အငတ်ဘေးကြုံလုနီး ဖြစ်နေတယ်လို့ ကုလသမဂ္ဂက အကြံပြုထားတဲ့ဂါဇာဒေသက ရပ်ကွက်ကြီးမှာ ချပေးခဲ့တာပါ။


ခုလို လေကြောင်းကနေ လိုက်ချပေးတာကို အစ္စရေးကလည်း ထောက်ခံကူညီသလို ဒါဟာ ရေရှည်သက်ရောက်မှု ရှိလိမ့်မယ်လို့ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

ဒုက္ခရင်ဆိုင်နေရတဲ့ ဂါဇာဒေသခံအတွက် အမေရိကန်သာမက ဂျော်ဒန်နဲ့ အစ္စရေးစစ်တပ်တွေကလည်း လေကြောင်းကနေ လူသားချင်းစာနာမှု အကူညီတွေ ချပေးနေတာပါ။

စာနာမှု အကူအညီတွေပါတဲ့ ယာဉ်တန်းက ပစ္စည်းတွေရဖို့ တိုးဝှေ့သွားရောက်တဲ့ ပါလက်စတိုင်းသား ၁၁၅ ထက်မနည်း သေဆုံးခဲ့ရပြီးနောက် ခုလို လေကြောင်းကတဆင့် အကူအညီတွေ ချပေးဖို့ သမ္မတ ဂျိုးဘိုင်ဒန်က ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ အငြင်းပွားဖွယ် အဲဒီသေဆုံးမှုနဲ့ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG