သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆ လပြည့် အစ္စရေး- ဟားမတ်စ်စစ်ပွဲ ချက်ချင်းအပစ်ရပ်ဖို့ ကုလတောင်းဆို


အောက်တိုဘာ ၇ ရက်က ဟားမတ်စ် တိုက်ခိုက်မှုအတွင်း ပြန်ပေးဆွဲခံရတဲ့ အစ္စရေး ဓားစာခံတွေ လွတ်မြောက်ရေး တောင်းဆိုပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အစိုးရကို ဆန့်ကျင်ကန့်ကွက်နေတဲ့ တဲလ်အဗစ် (Tel Aviv) မြို့က ဆန္ဒပြပွဲ မြင်ကွင်း။
အောက်တိုဘာ ၇ ရက်က ဟားမတ်စ် တိုက်ခိုက်မှုအတွင်း ပြန်ပေးဆွဲခံရတဲ့ အစ္စရေး ဓားစာခံတွေ လွတ်မြောက်ရေး တောင်းဆိုပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အစိုးရကို ဆန့်ကျင်ကန့်ကွက်နေတဲ့ တဲလ်အဗစ် (Tel Aviv) မြို့က ဆန္ဒပြပွဲ မြင်ကွင်း။

အစ္စရေး - ဟားမတ်စ် စစ်ပွဲဟာ ဧပြီလ ၇ ရက် စနေနေ့မှာ ၆ လပြည့်ပြီဖြစ်ပါတယ်။ ဒီစစ်ပွဲဟာ ၂၁ ရာစုမှာ အသေအပျောက် အများဆုံး၊ ပျက်စီးမှုအများဆုံးနဲ့ မရပ်မနား တိုက်ခိုက်တဲ့စစ်ပွဲ တခုလို့ သတ်မှတ်ကြပါတယ်။

ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ် ကူညီရေးတာဝန်ခံဖြစ်တဲ့ လူသားချင်းစာနာကူညီမှု ဆိုင်ရာ လက်ထောက်အတွင်းရေးမှုးချုပ် Martin Griffiths ကတော့ ဂါဇာက ၆ လကြာလာပြီ ဖြစ်တဲ့ စစ်ပွဲဟာ လူသားစာနာမှုအတွက် သစ္စာဖောက်တဲ့ လုပ်ရပ်တခု ဖြစ်ကြောင်း ပြောပါတယ်။ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁,၂၀၀ သေဆုံးပြီး ၂၄၀ ဓါးစာခံ အဖြစ်အဖမ်းခံခဲ့ရပြီး နောက်မှာ အစ္စရေးရဲ့ တုံ့ပြန်ထိုးစစ် စတင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်စလို့ ပါလက်စတိုင်းတွေရော အစ္စရေးတွေပါ နှစ်ဘက်စလုံး ထိခိုက်ခံစားခဲ့ရတယ်လို့ Mr. Griffiths ရဲ့ စနေနေ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။ ဒါ့အပြင် ဂါဇာဒေသခံတွေ အတွက်ကတော့ စစ်ပွဲဖြစ်ပွါးနေတဲ့ ၆ လ အတွင်း သေကြေပျက်စီးမှုတွေ အပြင် အခုဆို လူတွေကြောင့် ဖြစ်လာတဲ့ အငတ်ဘေးဆိုက်လာပြီဖြစ်တဲ့ အတွက် ဒီစစ်ပွဲကို ချက်ချင်းရပ်ဖို့ပါ ပန်ကြားခဲ့ပါတယ်။

ဒီစစ်ပွဲကြောင့် ဂါဇာမှာ အခုချိန်ထိ သေဆုံးရသူပေါင်း ၃ သောင်း ၃ ထောင်ကျော်ရှိနေပြီး ဒီအထဲမှာ ကလေးငယ်ပေါင်းက တသောင်း ၃ ထောင်လောက် ပါတယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနကရော၊ ကုလသမဂ္ဂ UNOCHA ရုံးကပါပြောပါတယ်။ ဂါဇာမှာ နေထိုင်တဲ့ ပါလက်စတိုင်းသားတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး အဲဒီထဲက ထက်ဝက်လောက်က ဂါဇာတောင်ဘက် အစွန်က ရာဖာမြို့မှာ ခိုလှုံနေရတာ ဖြစ်ပါတယ်။

ဟားမတ်စ်တွေက ဖမ်းထားတဲ့ အစ္စရေး ဓါးစာခံ ၁၀၀ လောက်ကို ခုထိပြန်လွှတ်မပေးသေးပါဘူး။ သောကြာနေ့ကတော့ ဂါဇာမှာ အပစ်ရပ်ရေးနဲ့ ဓားစာခံတွေ ပြန်လွတ်မြောက်ရေး ကြားဝင်ညှိနှိုင်းပေးနေတဲ့ အီဂျစ်နဲ့ ကာတာ ကို ဟားမတ်စ်တွေဘက်က သဘောတူလာအောင် ဒီစနေ တနင်္ဂနွေ ကိုင်ရိုမှာ ပြုလုပ်မယ့် ညှိနှိုင်းဆွေးနွေးပွဲမှာ ဖိအားပေးကြဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တိုက်တွန်းခဲ့ပါတယ်။ သမ္မတဘိုင်ဒန်က အစ္စရေးကို ဖိအားပေးခဲ့တာကြောင့် အစ္စရေးက သောကြာနေ့မှာ လူသားစာနာမှု အကူညီပေးရေး လမ်းကြောင်း ၂ ခုကို ပြန်ဖွင့်ပေးခဲ့ပါတယ်။

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG