သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နွေရာသီ စံချိန်တင် ပူပြီး ရေရှားချိန် နောက်ဆုံးအကြံပြုချက်


ရန်ကုန်မြို့ နွေအပူအောက် ထီးဆောင်းသွားလာနေကြသူများ (ဧပြီ ၂၊ ၂၀၂၄)
ရန်ကုန်မြို့ နွေအပူအောက် ထီးဆောင်းသွားလာနေကြသူများ (ဧပြီ ၂၊ ၂၀၂၄)

ဒီနွေရာသီထဲ အခုလို ပူလွန်း၊ ရေရှားပါးလွန်းလာချိန် အုပ်ချုပ်သူအသီးသီးအနေနဲ့လည်း ဘာတွေလုပ်ဆောင်ပေးသင့်ပါလဲ၊ ဘာကြောင့်ပါလဲ။

ဒီနှစ်နွေရာသီမှာ အပူချိန်မြင့်လွန်းပြီး ရေရှားပါးလွန်းတာကြောင့် ထိခိုက်မှုများလာချိန်မှာ၊ သက်ဆိုင်ရာ အုပ်ချုပ်နေသူတွေလည်း အရးပေါ်သဘောမျိုး ကူညီပေးဖို့ ကျန်းမာရေးပညာရှင်တွေက တောင်းဆိုလိုက်ပါတယ်။

ပြည်သူ့ကျန်းမာရေးအတွက် ဘယ်အစိုးရ၊ အုပ်ချုပ်သူတက်တက်တာဝန်ရှိတာမို့ အခုလို အခြေအနေမှာ လိုအပ်လာတာတွေကို ဝိုင်းကူ ပံ့ပိုးပေးသင့်ပါတယ်။ လက်ရှိ စစ်ကောင်စီ (နစက - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) ရော၊ NUG အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပါ အခုလို အပူကြီး ရေရှားပါးမှု ပြဿနာအတွက် လိုအပ်တဲ့ သောက်ရေသန့်နဲ့ သုံးရေသန့်အပြင်၊ သန့်ရှင်းမှုအထောက်အကူပစ္စည်းတွေ ပံ့ပိုးပေးဖို့ အလူရှင်အဖွဲ့တွေနဲ့ ပေါင်းစပ်ပြီး၊ အခုလို နွေကာလထဲ အရေးပေါ် ကျန်းမာရေး ဦးစားပေး လိုအပ်ချက်အဖြစ် လုပ်ဆောင်ပေးသင့်ပါတယ်။

အကြောင်းက အခုလို ကျန်းမာရေးပြဿနာဟာ လူသားဖွံဖြိုးရေးနဲ့ လူ့အခွင့်အရေးပြဿနာလည်းဖြစ်နေလို့ပါ။ အသက်ရှင်သန်ခွင့် (Right to Life)၊ ပြည်သူ့ဝန်ဆောင်မှုတွေကို တန်းတူရပိုင်ခွင့် (Right to Equal Access to Public Service)၊ ကျန်းမာစိုပြေရေး လူတန်းစေ့အဆင့်အတန်းရရှိပိုင်ခွင့် (Right to Standard of Living Adequate for Health and Wellbeing) စတာတွေက လူ့အခွင့်အရေးကြေညာစာတမ်းမှာ ပါထားပြီးသားပါ။ ဒီနေရာမှာ ဦးစားပေးသင့်တဲ့ ထိခိုက်လွယ်တဲ့ ကလေး အမျိုးသမီးနဲ့ သက်ကြီးတွေကို အထူး ဂရုစိုက်ကူညီပေးသင့်တာလည်း ထည့်သွင်းထားပါတယ်။

ဒါ့အပြင် ဒီ လူမှုကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေကို ဒေသ လူမျိုးမရွေး အားလုံး တန်းတူညီမျှရရေးကိုလည်း လူ့အခွင့်အရေးမှာ ထည့်ထားတာမို့ ခွဲခြားမှုတွေ မရှိသင့်တော့ပါဘူး။ အခုလို နွေရာသီ ပူပြင်းလွန်း ရေရှားပါးလွန်းချိန်မှာ ရသင့်ရထိုက်တဲ့ ကျန်းမာရေးဝန်ဆောင်မှုနဲ့ အထောက်အကူပစ္စည်း အကူအညီတွေကို စစ်ရှောင်ဒေသက ပြည်သူတွေအပါအဝင် ဘယ်သူ့ကိုမှ ခွဲခြား ကန့်သတ်တာတွေ၊ ဖြတ် ၄ ဖြတ်လုပ်တာမျိုးတွေ မလုပ်သင့်ဘဲ ဖွင့်ထားပေးသင့်ပါတယ်။

လက်ရှိမြန်မာနိုင်ငံသားတွေအနေနဲ့ ၃ နှစ်ကျော်လာတဲ့ နိုင်ငံတွင်း စစ်ပွဲထဲ ဆက်တောင့်ခံနိုင်မှု လျော့ပါးလာချိန်မှာ အကူအညီအရင်းအမြစ်တွေလည်း နည်းလာတာအတွက် ဦးစားပေးမှုပြောင်းလဲပေးပေးသင့်ပါပြီ။ ဒီနေရာမှာ စစ်ရေး ဒုက္ခထဲ ပြည်သူအများ ပိုရောက်စေမဲ့ လုပ်ဆောင်ချက်တွေထက်၊ ပြည်သူအများပိုလိုလာနေတဲ့ လူသားချင်းစာနာထောက်ထားမှုတွေကို ပိုဦးစားပေးပြီး၊ အကူအညီဝန်ဆောင်မှုတွေကို လိုအပ်သူအားလုံးဆီရောက်အောင် သက်ဆိုင်ရာ အုပ်ချုပ်သူတွေအနေနဲ့ ပိုမို အလေးထား ပံ့ပိုးပေးသင့်ပါပြီ။

ဒီအကြောင်း မြန်မာနိုင်ငံထဲ နိုင်ငံတကာဖွံဖြိုးရေးအဖွဲ့တွေနဲ့ ကျန်းမာရေးပညာပေးပါတွဲလုပ်ခဲ့တဲ့ အထွေထွေရောဂါကုဆရာဝန် Dr. အိကလျာမိုးကို ကိုဝင်းမင်းက မေးထားပါတယ်။

Forum

XS
SM
MD
LG