သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် ဘုရားသုံးဆူ ဒေသခံတွေ ထိုင်းဘက်ထွက်ပြေး


ဘုရားသုံးဆူ နယ်စပ်ဂိတ်မြို့ (Photo: CJ)
ဘုရားသုံးဆူ နယ်စပ်ဂိတ်မြို့ (Photo: CJ)

ထိုင်းမြန်မာနယ်စပ် ထိုင်းနိုင်ငံ စံခလာဘူရီမြို့အနီး မြန်မာနိုင်ငံ ဘုရားသုံးသူမှာ သောကြာနေ့ နေ့လည်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အတွက် ရာဂဏန်းရှိတဲ့ စစ်ပြေးဒုက္ခသည်တွေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးလာခဲ့ကြတယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းမှာ ရေးသားထားပါတယ်။

ဘုရားသုံးဆူအနီး တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေ၊ ဗုံးသံတွေ ကြားခဲ့ရသလို၊ မီးခိုးလုံးတွေလည်း ထွက် ပေါ်လာခဲ့တယ်လို့ ထိုင်းဘက်က မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒါပေမဲ့ ဘယ်တပ်ဖွဲ့တွေအကြား တိုက်ပွဲ ဖြစ်ပွားတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ဒေသခံတွေရဲ့ပြောဆိုချက်အရကတော့ ဘုရားသုံးဆူမှာရှိတဲ့ စကစ တပ်ရင်း ၂၈၄ နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲ ဖြစ်တာလို့ပြောပါတယ်။ ဒီဒေသမှာ KNU ၊ PDF နဲ့ မွန်တော်လှန်ရေးတပ်ဖွဲ့တွေလည်း ရှိပါတယ်။ ဘယ်အဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ရက်ကတော့ ထိုင်းနယ်စပ် မြဝတီမြို့မှာ အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ KNU PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဘုရားသုံးဆူဟာ မြဝတီကနေ တောင်ဘက် မိုင် ၉၀ ကျော်လောက်မှာရှိပြီး KNU တပ်မဟာ ၆ နဲ့ ထိစပ်နေတဲ့ နေရာဖြစ်ပါတယ်။

ဘုရားသုံးဆူ ဒေသခံ ၁၀၀ ကျော်လောက် ထိုင်းနိုင်ငံအတွင်း ပြေးဝင်လာခဲ့ပြီး၊ ထိုင်းဘက်က အမှတ် ၁၃၄ နယ်ခြားစောင့်တပ် အပါအဝင်၊ ရဲ တပ်ဖွဲ့တွေက နယ်စပ်ကို စောင့်ကြပ်ထားခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG