သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ကျွန်းပေါ် ချန်ကေရှိတ်ရုပ်တုများဆက်ထားရေး အငြင်းပွား


ထိုင်ဝမ် သမ္မတဟောင်း ချန်ကေရှိတ် ။
ထိုင်ဝမ် သမ္မတဟောင်း ချန်ကေရှိတ် ။

ချန်ကေရှိတ် ရုပ်တုတွေကို တိုင်ဝမ်ကျွန်းအနှံ့ ဟိုနားဒီနားမှာ မြင်နေတာပါ။ အာဏာရ DPP ပါတီကတော့ ဒီရုပ်တုအားလုံးကို ဖယ်ရှားပစ်ချင်နေပါတယ်။ အာဏာရအစိုးရအနေနဲ့ ချန်ကေရှိတ်ရုပ်တုတွေကို ဘယ်တော့ ဖယ်ရှားမှာလဲဆိုပြီး DPP ပါတီ လွှတ်တော်အမတ်တွေက မေးခွန်းထုတ်နေကြပါတယ်။

တိုင်ဝမ်မှာ တချိန်တုန်းက အာဏာအရှိခဲ့ဆုံးသူဖြစ်တဲ့ သမ္မတဟောင်း ချန်ကေရှိတ်ရဲ့ ရုပ်တုတွေကို ထိုင်ဝမ်ကျွန်းပေါ်မှာ ဆက်ထားမလား ဖယ်ရှားပစ်မလားဆိုတာ၊ လတ်တလော ထိုင်ဝမ်မှာ အပြင်းအထန် ြငင်းခုန်ဆွေးနွေး လာကြပါတယ်။ ဒီရုပ်တုတွေက အာဏာရှင်ဆန်ခဲ့တဲ့ အတိတ်က အရိပ်မဲကို ထင်ဟပ်စေတယ်လို့ မြင်နေကြတာပါ။ တိုင်ပေမြို့တော်ကနေ William Yang ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။


ထိုင်ဝမ်ကျွန်းကိုလာလည်သူအများစုက တိုင်ပေမြို့မှာရှိတဲ့ ချန်ကေရှိတ်အမှတ်တရ ရုပ်တုကြီးရှိရာ ခမ်းမဆောင်ကို လာလည်လေ့ရှိတာပါ။ သူ့ကို ဂါရဝပြုနိုင်ဖို့ ဒီရုပ်တု တည်ထားသလို ဖြစ်နေတာကြောင့် ဖယ်ရှားသင့်တယ်လို့ မြင်သူတွေရှိပါတယ်။

အသက်ကြီးပိုင်းထဲမှာတော့ ချန်ကေရှိတ်ရဲ့ ကောင်းကွက်တွေကို ခွဲခြားမြင်သူလည်း ရှိပါတယ်။ မစ္စစ် Nadia Yang ဟာ အငြိမ်းစား တဦးပါ။

" 'ချန့်'လက်ထက်မှာ မှားတာတွေရော ၊ ကောင်းတာတွေပါ ရှိပါတယ်။ ထိုင်ဝမ်ရဲ့ရေမီး လမ်းပန်း အခြေခံ အဆောက်အအုံတွေကို သူလုပ်သွားပေးခဲ့တာ ငြင်းလို့မရပါဘူး။ သူ့သား ချန်−ချင်ကူ လက်ထက်မှာလည်း အများကြီး လုပ်ပေးခဲ့ပါတယ်။ "

တချိန်က တရုတ်ပြည်မကြီးမှာ ကွန်မြူနစ်တွေနဲ့ ပြည်တွင်းစစ်ဖြစ်နေချိန် KMT ကူမင်တန်အစိုးရကို ချန်ကေရှိတ်က ဦးဆောင်ခဲ့တာပါ။ ၁၉၄၉ ခုနှစ်မှာ KMT စစ်ရှုံးတော့ တိုင်ပေကို ထွက်ပြေးလာကြပြီး ၁၉၇၅ ထိ ချန်ကေရှိတ်က တိုင်ဝမ်ကို အုပ်ချုပ်သွားခဲ့ပါတယ်။ ထိုင်ဝမ်ရဲ့စီးပွားရေး တိုးတက်လာအောင် သူလုပ်ခဲ့တာလို့ ချီးမွမ်းသူတွေရှိပေမဲ့ နိုင်ငံရေးအတိုက်အခံ အမြောက်အများကို နှိပ်ကွပ်တာ၊ ထောင်နဲ့ချီ သေဆုံးခဲ့ရတာတွေအတွက် သူ့ကို ရှုတ်ချပြစ်တင်သူတွေလည်းရှိပါတယ်။

မဲဆန္ဒရှင်လူငယ်တွေ အလေးထားတဲ့ ထိုင်ဝမ်ရွေးကောက်ပွဲ
please wait

No media source currently available

0:00 0:04:22 0:00

ချန်ကေရှိတ် ရုပ်တုတွေကို တိုင်ဝမ်ကျွန်းအနှံ့ ဟိုနားဒီနားမှာ မြင်နေတာပါ။ အာဏာရ DPP ပါတီကတော့ ဒီရုပ်တုအားလုံးကို ဖယ်ရှားပစ်ချင်နေပါတယ်။ အာဏာရအစိုးရအနေနဲ့ ချန်ကေရှိတ်ရုပ်တုတွေကို ဘယ်တော့ ဖယ်ရှားမှာလဲဆိုပြီး DPP ပါတီ လွှတ်တော်အမတ်တွေက မေးခွန်းထုတ်နေကြပါတယ်။ တိုင်ဝမ်တလွှား ၄၃,၀၀၀ လောက် စိုက်ထူထားတဲ့ 'ချန်' ရဲ့ရုပ်တုတွေထဲက ၂၀၀ ကျော်ကိုတော့ လွန်ခဲ့တဲ့ ၈နှစ်အတွင်း ဖယ်ရှားခဲ့ပါတယ်။

ဘာကြောင့် အဲဒီရုပ်တုတွေကို ဖယ်ရှားသင့်သလဲဆိုတဲ့ ဒီနေ့ခေတ် လူထုရဲ့အမြင်က သီးသန့်ရှိတယ်လို့ အကဲခတ်တချို့ကမြင်ပါတယ်။

Sinica သုတေသနအဖွဲ့က ဥပဒေကျွမ်းကျင်သူ Jimmy Hsu ပြောတာက −

" ဒီမိုကရေစီကို လိုလားတယ်ဆိုရင်တော့ ၊ အာဏာရှင်ဆန်တဲ့ ပြယုဂ်မျိုးကို ဖယ်ရှားပစ်ရမှာပဲလေ။ ခက်တာက တိုင်ဝမ်လူထု ပြောချင်နေတဲ့ အဲဒီ အမြင်က ကွင်းကွင်းကွက်ကွက် မပေါ်လွင်ပဲ ြဖစ်နေတာပါ။ "

Andrew Peng ဟာ ချန်ကေရှိတ် ရုပ်တုရှိရာကို ပူပူနွေးနွေး သွားရောက် လည်ပတ်ထားသူပါ။

" သမိုင်းဝင် အထိမ်းအမှတ် တခုအနေနဲ့ သူ့ရုပ်တုတွေကို ဒီတိုင်း ဆက်ထားသင့်တယ်လို့ မြင်ပါတယ်။"

တိုင်ဝမ်မှာ ၁၉၄၇ ကနေ ၁၉၈၇ အထိ White Terror ခေါ် ကူမင်တန်အစိုးရက မာရှယ်လောထုတ်ပြီး နိုင်ငံရေးသဘောထား ကွဲသူတွေအပေါ် ဖိနှိပ်လွန်းတဲ့ အနှစ် ၄၀ ကာလအတွင်း ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဥ်းသား ၂ သောင်းနီးပါးထဲမှာ Fred Chin လည်း ပါဝင်တာပါ။ အမေရိကန်အစိုးရ အဆောက်အအုံတခုကို ၁၉၇၁ မှာ ဗုံးခွဲတယ်လို့ သူ့ကို အဓမ္မ ဝန်ခံခိုင်းပြီး ထောင် ၁၂ နှစ် ကျခံရသူပါ။ သူပြောတာက 'ချန်'ရုပ်တု ဖယ်ရှားရေးဆိုတာက နိုင်ငံရေး အမြင်သာမက ကိုယ်တွေ့ဖြစ်ရပ်ပေါ်မှာလည်း အခြေခံတယ်လို့ဆိုပါတယ်။

" ချန်ကေရှိတ်−ရုပ်တုတွေကို လူမြင်ကွင်းကနေ ဖယ်ရှားပစ်ဖို့ ထိုင်ဝမ်အစိုးရက ဦးစားပေးလုပ်သင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု−ဖေါ်ဆောင်ရေး ရည်မှန်းချက်ကို အပြည့်အဝ အကောင်ထည် ဖေါ်နိုင်မှာ မဟုတ်ပါဘူး။ "

၁၉၄၅ နဲ့ ၁၉၉၂ ခုနှစ်ကြား ထိုင်ဝမ်ကျွန်းမှာဖြစ်ခဲ့တဲ့ မတရား ကျူးလွန်မှုတွေကို ၂၀၁၈ ခုနှစ်ကစလို့ စုံစမ်းစစ်ဆေး ဖေါ်ထုတ်နေတာပါ။ Chin ရဲ့အမှု အပါအဝင် အများစုဟာ မှားယွင်းစွာ ပြစ်မှု စီရင်ခဲ့တာကို တွေ့ရှိရပါတယ်။ လက်ရှိ အာဏာရ DPP ဟာ သူတို့ပါတီရဲ့အတွေးအခေါ်ကို လူထုကြားသွပ်သွင်းဖို့ ကြိုးပမ်းနေခြင်းသာဖြစ်ပြီး၊ ချန်ကေရှိတ်နဲ့ပတ်သက်လို့ လူထုတရပ်လုံး အဆိုးမြင်နေကြတာ မဟုတ်ဘူးလို့ အတိုက်ခံ KMT ပါတီက စွပ်စွဲလိုက်ပါတယ်။

" သမိုင်းနဲ့ပတ်သက်လို့ မတူကွဲပြားတဲ့ အရာဝတ္ထုတွေ ၊ လူထုကြားမှာ မြင်တွေ့ခွင့်ရနေတာကိုပဲ ကျနော်တို့ လိုလား ပါတယ်။ အတွေးအခေါ် တခုခုပေါ်အခြေခံပြီး တိုင်ဝမ်သမိုင်းမှာ ထင်ရှားတဲ့ လူပုဂ္ဂိုလ်တွေ ၊ အရာဝတ္ထုတွေကို လိုက်ပီး ဖယ်ရှားနေတာမျိုးကိုတော့ သဘောမတူနိုင်ပါဘူး။ "

ချန်ကေရှိတ်ရဲ့ သမိုင်းအမွေအနှစ်ကို အကောင်းဆုံး ဘယ်လိုကိုင်တွယ်သွားကြမလဲဆိုတာ ထိုင်ဝမ်လူထုက ဆက်ပြီး အဖြေရှာနေချိန်မှာပဲ ၊ သူ့ရုပ်တုတွေကိုတော့ ချန်ရဲ့ ဂူဗိမာန်ရှိတဲ့နေရာနားက Taoyuan မြို့ပန်းခြံ ရေကန်စပ်မှာ ထိန်းသိမ်းထားမယ်လို့ ဆိုပါတယ်။

Forum

XS
SM
MD
LG